The Dream

16.8K 1.7K 125
                                    

အိပ်​ခန်းထဲ ဟိုဘက်​ဒီဘက်​လျှောက်​သွားရင်းနဲ့ အခုချိန်​ထိကို ဂဏှာမငြိမ်​နိုင်​သူက omega Jimin။အခုလက်​ရှိ သူ​တွေး​နေတာတခုပဲရှိသည်​။

ခါအီက ဘယ်​လိုလုပ်​ပြီး​ရောက်​လာတာလဲ။မဟုတ်​မှလွဲ​ရော သူ့ကိုလာရှာခိုင်းလို့များလား။ဒီပုံအတိုင်းဆို အပြင်​ထွက်​လို့ မ​တော်​တဆမိသွားရင်​ဘယ်​လိုလုပ်​မလဲ။

Jimin စိတ်​လှုပ်​ရှား​နေတာမို့​ခြေဖျား​လေး​ထောက်​ကာ ခုန်ခုန်​ဆွခုန်​ဆွလုပ်​နေမိသည်​။​မိသွားလို့က​တော့​သေချာ​ပေါက်​သူ့ကို အ​မေရိကပြန်​ခေါ်သွားမှာ။​ကျေးဇူးပြုပြီး မြန်​မြန်​ပြန်​ပါ​စေ ဘုရား။

"Jimin?"

အိပ်​ခန်းရှိရာဘက်​ကို ကြည့်​ရင်းလှမ်း​ခေါ်လိုက်​ပေမဲ့ ပြန်​ထူးသံမကြားရ။ပါဆယ်​ထုတ်​လာတဲ့ အစားအစာ​တွေကို ပန်းကန်​တွေထဲ အသီးသီးလှယ်​ထည့်​ထားပြီးတာမို့ ပုခုံးတွန့်​လိုက်​သည်​။

သူမစား​တော့လည်း ကိုယ်​ပဲအပီကြိတ်​ရတာ​ပေါ့။Jungkookတစ်​ယောက်​အစားကိုကုန်းရုန်းစား​နေချိန်​Jiminတစ်​ယောက်​အိပ်​ခန်းထဲကထွက်​လာတာကို မသိလိုက်​။

​ရေခဲ​သေတ္တာထဲက​ရေသန့်​ဗူးတစ်​ဗူးကိုသာဆွဲယူပြီး ဧည့်​ခန်းဘက်​ကိုထွက်​သွားတာမို့ Jungkookလည်း စား​နေရင်းတန်းလန်းက လည်​ပြန်​လိုက်​ငေးမိသည်​။တစ်​နေရာ​ရောက်​တော့ မျက်​လုံး​တွေကမခွာနိုင်​အောင်​ကျောက်​ချမိသွားသည်​။

​တော်​တော်​ကြည့်ေ​ကာင်း​တဲ့ တင်​ပါး​တွေ။

​ငေး​ကောင်း​ကောင်းနဲ့ စားလက်​စ​တောင်​သီးမတတ်​ဖြစ်​သွားသည်​။ကိုယ့်​ကိုကိုယ်​သတိထားဆိုပြီး​တော့သာ အထပ်​ထပ်​ပြော​နေရသည်​။ဒီomegaနဲ့တအိမ်​တည်း​နေရတာဟာ သူ့ရဲ့သမာဓိကို စမ်းသပ်​နေသလိုပဲ။

"မစားဘူးလား"

"ဟင့်​အင်း မစားချင်​ဘူး"

Jungkook မျက်​ခုံးအသာပင့်​မိသွားသည်​။ဒီလိုအစားသရဲက ထူးထူးဆန်းဆန်း ငြင်းတတ်​နေပါလား။​ကောင်းတာ​ပေါ့ တ​စ်ေ​ယာက်​စာ​လျော့တယ်​။

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now