All For My Baby

14.4K 1.5K 138
                                    

"ဟျောင်း ဘာတွေလုပ်နေတာလဲ"

နောက်ကနေကြားလိုက်တဲ့ ညီဖြစ်သူအသံကြောင့် ရုတ်တရက်လန့်သွားကာ လက်ထဲကသစ်သီးကိုလွှတ်ချလိုက်မိသည်။ နောက်မှ Hueningလေးဖြစ်နေတာမို့ ရင်ဘတ်ကိုအသာဖိကာ သက်ပြင်းချလိုက်မိသည်။

ပြီးသည်နှင့် နောက်ထပ်တခြားသူရှိမရှိ အထူးသဖြင့် ဒယ်ဒီရှိမရှိကြည့်လိုက်ပြီးသည်နှင့် မီးဖိုချောင်ထဲ လက်ဆွဲကာ ခေါ်ခဲ့လိုက်သည်။

"ဒယ်ဒီရော"

"အပေါ်ထပ်မှာရှိမှာပေါ့"

"တော်သေးတာပေါ့"

"ဟျောင်း သစ်သီးတွေထည့်နေတာလား ဒီဟာတွေကရောဘာလဲ"

Hueningက ခြင်းလေးထဲထည့်ထားသည့် စားစရာဗူးလေးတွေကို ထုတ်ကြည့်ကာ စပ်စုလေသည်။

"ဒီနေ့ သားနဲ့ပျော်ပွဲစားထွက်မလို့လေ"

"ဟမ်! တကယ်ကြီးလား!"

"အင်း ရှူး တိုးတိုး"

ထိုအခါမှ သူ့ပါးစပ်သူလက်ကလေးနဲ့ပြန်အုပ်ကာ Jiminကို မျက်လုံးပြူးပြလေသည်။ ဟျောင်းက ဘယ်တုန်းက ဒီလောက်ရဲတင်းသွား မဟုတ်သေးဘူး သတ္တိရှိသွားရတာလဲ။

"ဒယ်ဒီရှိနေတာကို"

လူရိပ်လူခြေကြည့်ကာ စကားပြောနေရတာမို့ Jiminမျက်လုံးက အပေါ်ထပ်ဆီကလှေကားဆီ မကြာခဏဆိုသလို ဝေ့ဝဲနေမိသည်။

"သိတယ် မင်းကိုပဲအကူအညီတောင်းရမှာပဲ"

"ဗျာ ကျွန်တော်က ဘယ်လိုလုပ်"

"ဒီလိုလေ.."

Jiminပြောသမျှစကားတွေကို ခေါင်းငြိမ့်ကာနားထောင်လိုက်ရင်း Hueningတစ်ယောက် မျက်လုံးလေးကလယ်ကလယ်နှင့် ဘာမှတ်ချက်မှမပေးနိုင်။

"ဖြစ်တယ်မလား"

"ဟျောင်းတကယ် ကျွန်တော်လိုချင်တာဝယ်ပေးမှာနော်"

"ဒါပေါ့ ဟျောင်းမှာဒီညီလေးတစ်ယောက်ပဲရှိတာကို"

"ပြီးရော ဒါဆို ဒယ်ဒီ့ကိုသွားပြောလိုက်တော့မယ်"

"အိုကေ"

လက်ညှိုးနဲ့လက်မလေးကွေးပြလိုက်ပြီး လှေကားပေါ်တက်သွားသည့် ညီငယ်ဖြစ်သူကိုကြည့်ရင်း ရင်တထိတ်ထိတ်နှင့်သာ။

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now