Jungmin misses his mommy

12.3K 1.5K 161
                                    

"ကဲ အားလုံးပဲ နားမလည်တာရှိရင် ဆရာမကိုမေးဖို့မမေ့ပါနဲ့"

အတန်းလိုက်ရှိနေသည့် ကလေးမိဘများကြားထဲတွင် Jungkook လည်းအပါအဝင်ပင်ဖြစ်သည်။ သားကို မည်သို့မည်ပုံ ထိန်းကျောင်းရမည်ဆိုတာကို မသိနားမလည်သည့်အပြင် တလောလေးက သားကတိုက်သမျှနို့တွေအန်ပြီး နေမကောင်းဖြစ်လိုက်သေးတာမို့ ဆေးခန်းကို အမြန်သုတ်ခြေတင်ကာ ပြေးရလေသည်။

စက္ကန့်မလပ်စောင့်ကြည့်နေသည့်ကြားမှ သားကနေမကောင်းဖြစ်သွားတာမို့ သူအတော်လေး စိတ်မကောင်းဖြစ်သွားခဲ့ရသည်။ ထို့ကြောင့်လည်း သားအတွက်ရည်ရွယ်ကာ သင်တန်းလေးတက်ဖို့ သူစုံစမ်းခဲ့သည်။

သားကို ကြည့်ရှုစောင့်ရှောက်ပေးမဲ့သူကလည်း သူ့အပြင်တခြားလူမရှိတာမို့ များသောအားဖြင့် သင်တန်းသို့ သားကိုပါတစ်ပါတည်း ခေါ်ဆောင်ခဲ့ရသည်။  NamJoon ဟျောင်းကိုလည်း အကူအညီတောင်းရင် ငြင်းမှာမဟုတ်မှန်းသိပေမဲ့ အားနာလှပြီမို့ ဒုက္ခမပေးချင်တော့။ ထို့ကြောင့်ပင် သားအတွက် သူတစ်ယောက်တည်းနှင့် မဖြစ်ဖြစ်အောင် ကြိုးစားရတော့သည်။

"Jungkook shi အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့ ဆရာမ အဆင်ပြေပါတယ်"

အရွယ်ငယ်ငယ်ကလေးကို မည်သို့မည်ပုံရေချိုးပေးရမည်ဖြစ်ကြောင်း သင်ပြသွားသည့် သင်တန်းဆရာမ၏ လမ်းညွှန်ချက်အတိုင်း  လက်ထဲကလေးရုပ်လေးကို သားအမှတ်သဘောထားကာ အသေအချာလေ့လာရသည်။ တဖက်တွင်လည်း အိပ်ရာခင်းအသေးလေးပေါ်တွင် အိပ်ပျော်နေသည့်သားကို မကြာခဏဆိုသလို လှမ်းလှမ်းကြည့်ရသေးသည်။

"ဒါနဲ့Jungminလေးရဲ့မေမေရော မပါဘူးလား"

ဆရာမရဲ့အမေးကြောင့် Jungkook ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားရသည်။ သားက ခုချိန်ထိ မက်မွန်လုံးလေးနဲ့ မတွေ့ရသေးပါဘူး ဆရာမရယ်။

"သားမေမေ ပျောက်နေတာ သားကိုမွေးပြီးကတည်းကပဲ"

"အို"

အချိန်ပိုရင်ပိုသလို သားကိုသူ့အစား ထိန်းပေးတတ်သည့် ဆရာမကိုတော့ မလိမ်ညာတမ်း Jungkookအမှန်ဖြေလိုက်မိသည်။ ဆရာမက အားနာသွားသည့်ပုံစံနှင့် သူ့အား စိတ်မကောင်းကြောင်း ဖွဖွဆိုလာသည်။

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now