Daddy Jeon's Baby Jeon

13.7K 1.7K 163
                                    

"ဝါး ဝါး"

"ဟင်"

မှေးကနဲအိပ်ပျော်သွားတဲ့ခဏ ကလေးငိုသံကြောင့် Jungkook ကပြာကယာပင် ကုန်းရုန်းထလိုက်သည်။ သားက လသားအရွယ်ကလေးရှိသေးသည့်အပြင် ကလေးနှင့်ပတ်သတ်ပြီး အတွေ့အကြုံမရှိသည့်သူလိုလူအတွက် သားလေးကိုကြည့်ရှုရတာ ခက်ခဲသည်ထက်ပင် ပိုခက်ခဲလှသည်။

"ရှူးပေါက်ချထားတာပဲ"

အိပ်လိုက်နိုးလိုက် နို့ဆာလိုက်နိုးလိုက် ရှူးစိုလိုက်နိုးလိုက်အရွယ်ကလေးဖြစ်တဲ့ သားသားကိုသန့်ရှင်းပေးလိုက်ပြီး အိပ်ရာခင်းတွေကို ချက်ချင်းလဲပေးလိုက်တော့ သားသားက ငြိမ်ကျသွားသည်။

အိပ်ရာခင်းတွေ အဝတ်တွေအလျင်မှီစေဖို့အတွက် လျှော်ဖွပ်ရဦးမည်။ သို့သော် သားကပြန်မအိပ်သေး။ နာရီကိုကြည့်လိုက်တော့ ညနှစ်နာရီခွဲ။

"ဘာလို့လဲ Daddyဆီလိုက်ချင်တာလား"

မျက်ရည်မခြောက်သေးတဲ့ မျက်လုံးဝိုင်းလေးတွေနဲ့သားက တအဲ့အဲ့အသံပြုနေတာမို့  Jungkook သားကို ပုခက်ထဲမှ အသာအယာပွေ့ထုတ်လိုက်သည်။

"အဲ့"

"အေးပါကွာ နောက်ခါDaddyမအိပ်တော့ဘူးနော် ငါ့သားလေးဝမ်းနည်းသွားပြီ ဟုတ်ပါ့"

ငိုချတော့မည့်သားသားရဲ့ မျက်နှာမဲ့မဲ့ကလေးကြောင့် Jungkook တတ်သလောက်မှတ်သလောက် ချော့မြူနေမိသည်။ သုံးနာရီလည်း ထိုးတော့မှာမို့ သားဗိုက်ဆာနေတော့မည်ကို ရိပ်မိလိုက်သည်။

"လိမ္မာတဲ့Jungminလေးကို နို့တိုက်ပါမယ်ဗျား"

အဆင့်သင့်ပိုးသတ်ကာ ပြင်ဆင်ထားပြီးဖြစ်တဲ့ဗူးထဲ နို့မှုန့်ကို သားအရွယ်နှင့် လိုက်ဖက်သည့်ပမာဏထည့်လိုက်ပြီး လှုပ်ခါပေးလိုက်သည်။ သုံးနာရီခြားတစ်ခါ နို့သောက်ရမည်ကိုသိနေပြီဖြစ်တဲ့ သားသားက ရင်းနှီးနေကျနို့ဘူးခေါက်တဲ့အသံကြောင့် စိတ်လှုပ်ရှားကာ အသံသေးသေးလေးတွေပါ ထွက်ကျလာသည်။

"အော် ဟုတ်လား သိနေပြီလား အလည်လေး"

စိတ်ချရသည့်အနေအထားရောက်တော့မှ လက်လှမ်းနေသည့် သားသားလက်ကလေးတွေထဲ နို့ဗူးကလေးထည့်ပေးကာ ကိုယ်တိုင်ကိုယ်ကျ နို့တိုက်ရတော့သည်။

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now