Ep (14)

12.2K 1K 42
                                    

Unicode.....
.
.
လှေကားပေါ်က..ကွတ..ကွတဆင်းလာသောကျနော့်ရဲ့..ယုန်လေး..။ မျက်နှာက
ရှုံ့တွနေကာ..ခြေထောက်တစ်ဖက်က.ထော့နင်းထော့နင်း...။

မျက်မှန်လေးကို..ပင့်တင်လိုက်..။
အကျီလက်ကိုခေါက်တင်လိုက်နှင့်..တစ်ယောက်တည်းဗျာများနေသော..
ကျနော် ချစ်ရသူ..။

နားထင်မှာလဲ..ပလာစတာကပ်ထားကာ..
တတောင်ဆစ်မှာလည်း..ထို့နည်းတူစွာပင်၊
မနေ့က..ဟိုရုပ်ဆိုးကောင်ကို..အတင်းလှမ်းဖမ်းတာကို..။ နည်းတောင်နည်းသေး
တယ်..မသနားဘူး..။

"ဒီတစ်သက်..လှေကားပေါ်ကဆင်းပြီးအုံး
မှာလား.."

မကြားချင်သောအသံက..နားထဲကိုးလို့ကန့်
လန့်ဝင်လာတာမို့..ရှောင်းကျန့်စိတ်တွေဟာ
လုံးဝကိုမကြည်လင်တော့..။အသံလာရာဆီ
ကြည့်လိုက်တော့...လှေကားခြေရင်းမှာ..
ခါးထောက်ကာ..ခပ်မိုက်မိုက်ရပ်နေသော.
ဝမ်ရီပေါ်..။

ဝတ်တာစားတာက..ထောင့်မကျိုးသလို..၊
နေတာထိုင်တာကလဲ..ထောင့်မကျိုးဘူး။
ဒီကောင်လေးနဲ့ငါက..နေ့တိုင်းကျောင်းအတူသွားရမယ်တယ့်..။ ဒီဖီလင်ကြီးက
နတ်ပြည်ကနေ..ငရဲပြည်ပြုတ်ကျသလိုမျိုး
နေမှာ...။

ကြည့်ရတာ...ဝမ်ရီပေါ်က..
ကျနော့်ကိုဒုက္ခ ပေးဖို့အတွက်မွေးဖွားလာသလား..။

"ဟေး...ရှောင်းကျန့်..
အဲ့လောက်ထိ..မကြည့်နဲ့..
ကျနော်..ချောပေမယ့်..
အဲ့လောက်စိုက်ကြည့်တော့..
နေရခက်တယ်..အဟက်ဟက်.."

ဪ...အေးပါ..။
ကြည့်မိတယ့်..ငါ.ကပဲ..မှားတာပါ..။
ရှောင်းကျန့်ဘာတစ်ခွန်းမှပြန်မပြောဘဲ.လှေ
ကားပေါ်မှဖြည်းဖြည်းချင်းဆင်းလာပြီး..

"ငါ..မင်းနဲ့ကျောင်းအတူမသွားချင်ဘူး.."

"ဟား..ဟား..ဟား..."

ဟာသ..တစ်ခုကြားလိုက်ရသလို..တဝါးဝါးအော်ရယ်နေသော..ဝမ်ရီပေါ်ကြောင့်..
ရှောင်းကျန့်တောင်..ခပ်အမ်းအမ်းဖြစ်သွားကာ..

"ဘာလဲ...ဘာရီစရာပါလို့လဲ..."

ရီပေါ်က..မျက်ခမ်းစပ်တို့ကိုအသာတို့ထိလိုက်ပြီး...

"အဟက်..ရီရတာ..မျက်ရည်တောင်ထွက်တယ်..၊ ကျနော်နဲ့ကျောင်းမသွားချင်
ဘူးဟုတ်လား...၊ခင်ဗျားမှာ..ငြင်းဆန်ခွင့်
ရှိလို့လား..ပြောလေ.."

"My Heartbeat "{[[COMPLETED]]}Where stories live. Discover now