Ep (27)

10.9K 1K 61
                                    

#Unicode #

"အား.........
ကျန့်ကော...မလုပ်နဲ့"

ရှောင်းကျန့်မျက်လုံးအစုံဆတ်ခနဲပွင့်လာကာလေထဲသို့လှမ်းလက်စ..ခြေထောက်တစ်ဖက်ဟာလဲ..ရပ်တန့်သွားခဲ့သည်..။
ခြံတံခါးပိတ်ထားတာမို့..ကားကခြံဝမှာရပ်ထားကာ..မိမိဆီသို့ အလောတကြီးပြေးလာသော..လူသားတစ်ယောက်..။

မိမိနာမည်ကိို..ပါးစပ်ကတစ်ကြော်ကြော်အော်မြည်ရင်း..ဝရံတာရှေ့တည့်တည့် မြေကြီးပေါ်မှာ..ဒူးထောက်ချလိုက်သည် ။ ပြီးမှ  ငိုမဲ့မဲ့မျက်နှာလေးနဲ့မော့ကြည့်နေကာ..လေသံတုန်တုန်နှင့်..

"ကျန့်ကော...စိတ်လိုက်မာန်ပါမလုပ်ပါနဲ့နော်..၊ ကျနော်တောင်းပန်ပါတယ် "

စကားတွေက..ရှိုက်သံစွက်နေကာ သူ့မျက်နှာဟာလဲမကြာခင်ပြိုတော့မယ့်မိုးသားတွေလို..။ ရှောင်းကျန့်နှုတ်မှ..ထွက်လာသောနာမ်စားတစ်ခုက..

" ထုံ..ထုံဖန်း..."

ထုံဖန်းကရှိုက်ကြီးတငင်ငိုကြွေးတော့သည်။

"ကျနော်..ရောက်တာမြန်လို့ပေါ့..၊
မဟုတ်ရင်..*Sob မဟုတ်ရင်လေ.."

ရှောင်းကျန့်က..ပြုံးလျက်ပင် ထုံဖန်းအားငုံ့ကြည့်လိုက်ပြီး...

"မင်း..ရှိနေလို့..ငါမခုန်ချရဲပြီးထင်နေလား
မင်းတို့သူငယ်ချင်းနှစ်ယောက်က..ပုလင်းတူဗူးဆို့တွေ..၊ မင်းလဲ ဒီကိစ္စမှာကြံရာပါပဲမဟုတ်ဘူးလား..အဟက်ဟက်.."

ထုံဖန်းက အောက်ကနေ..ခေါင်းတစ်ခါ၊လည်တစ်ခါခါနှင့်..

"မဟုတ်ဘူး...၊ကျန့်ကော အထင်လွဲနေပြီ၊ရီပေါ်ယူသွားတာ ကျနော့်ကားလေ ၊အဲ့ဒါကြောင့် GPS အတိုင်းလိုက်လာတာပါ ၊ ကျနော် တကယ်မလိမ်ပါဘူး..၊ ပြန်ဆင်းလာခ့ဲပါ ၊ ကျန့်ကောကို ကျနော်ဘယ်တုန်းကလိမ်ဖူးလို့လဲဗျာ*Sob *Sob"

ရှောင်းကျန့်အတွေးထဲလက်ခနဲ..။
ဟုတ်တယ်..ဝမ်ရီပေါ်က..မိမိအပေါ်မကောင်းပေမယ့်..၊မော့ထုံဖန်းကတော့ထိုသို့မဟုတ်..မိမိကိုချစ်ခင်ကာ..အမြဲလေးလေးစားစားဆတ်ဆံသူ..။

"ငါ.ငါ.အသက်မရှင်ချင်တော့ဘူး ထုံဖန်း"

ထုံဖန်းက..မျက်ရည်များကိုလက်ခုံဖြင့်ကြမ်းတမ်းစွာဖိသုတ်လိုက်ပြီး...

"My Heartbeat "{[[COMPLETED]]}Nơi câu chuyện tồn tại. Hãy khám phá bây giờ