Ep (20)

11.3K 1K 20
                                    

Unicode

"ဟား...ဟား..."

"ခစ် ခစ် ခစ်..."

"ရီဖေး...အဲ့လိုရပ်ကြည့်မနေနဲ့လေ..၊
မင်းအစ်မ တို့ကို မတားတော့ဘူးလား"

ပြောလဲပြော..လက်ကလဲ ရီဖေးကျောပြင်ကိုဗြောင်းခနဲရိုက်ပြီးသား..။
ထိုအခါမှ..ရီဖေးလဲ ယောင်ဝါးဝါးနဲ့..

"အာ...ဟုတ်သားပဲ.
ကျန့်ကျန့်က အားငယ်နေတာလေဗျာ..၊
ကျဲတို့ တော်လိုက်တော့.."

ဟန်လင် နဲ့ ရီဟွေ့ က ပြုံးစိစိမျက်နှာပေးနှင့်စိတ်ကိုအတင်းချုပ်တည်းနေရပုံ။
ရှောင်းကျန့်မျက်နှာက ပို၍စူပုတ်သွားကာ မျက်မှန်ဝိုင်းကြီးနှင့် ဦးထုပ်ကိုပြန်ဆောင်းလိုက်ပြီး..အိမ်ထဲမှထွက်သွားဟန်ပြုလိုက်သည်။မမရီဟွေ့အသံကပြာယာခတ်စွာဖြင့်...

"ဟယ် ကျန့်ကျန့်လေး
တကယ်စိတ်ဆိုးသွားတာလား..၊
ကျဲ တောင်းပန်ပါတယ်.."

ဟန်လင်ကလဲ ထိုနည်းတူစွာပင်..

"ဟာ..ငါ့ညီရာ..
စိတ်ထဲမထားပါနဲ့..
ရုတ်တရတ်ကြီးဆိုတော့ လေ.."

ရှောင်းကျန့်က အိမ်ပေါက်ဝမှာရပ်နေဆဲမို့
ရီဖေး က အသာထိန်းဖက်ပြီး..

"လာပါကွာ...ဟာ..ကျန့်ကျန့်ငိုနေတာလား..."

တစ်သိမ့်သိမ့် တုန်နေသော ကျောပြင်လေးကြောင့်ရီဖေးတောင် ကြောင်အသွားကာ ဘာဆက်လုပ်ရမလဲ မသိတော့..။

"ကျဲ..ကျန့်ကျန့်ငိုနေတယ်.."

"ဟယ်.."

ရီဟွေ့..နေရာမှအမြန်ထကာ ..ရှောင်ကျန့်အား မောင်ဖြစ်သူလက်ထဲမှ အသာဆွဲယူပြီး ကျောပြင်ကိုခပ်ဖွဖွပုတ်ပေးရင်း..

"အင်း...ကလေးလိုပဲကွာ..၊
မငိုနဲ့တော့နော်..၊ တိတ်တိတ်"

ချော့လေ ရှောင်းကျန့်ကပိုငိုလေ..။
အသံတွေက တစ်စစပိုကျယ်လာကာ..
ငိုသံနဲ့ဆဲဆိုသံတွေက ရီဖေးကွန်ဒိုထဲ လှိုင်လှိုင်ညံနေတော့သည်။

ဝမ်ရီပေါ်ခွေးကောင် ၊ လူယုတ်မာ။
မင်းကိုသတ်ပစ်ချင်တယ် ၊ အရမ်းမုန်းတယ်စသဖြင့် ရှောင်းကျန့်က ငိုယိုပြီးပြောနေကာ...ကျန်လူသုံးယောက်မှာတော့..ကျိတ်မှိတ်ကာဖြင့်..နား သောတဆင်နေရလျက် ။

"My Heartbeat "{[[COMPLETED]]}Where stories live. Discover now