Ep (32)

11.4K 1K 59
                                    


#Unicode #

"အဲ့ဒါ စီနီယာကြောင့်..."

"မင်း သူငယ်ချင်းကားလမ်းပေါ်တတ်ပြေးတာလေ ၊ ငါနဲ့ဘာဆိုင်လဲ???...၊မင်းပါးစပ်ပိတ်ထားလိုက်တော့..."

"ဘာလို့ပိတ်ရမှာလဲ ၊
စီနီယာက မဟုတ်တာတွေလျောက်ပြောတာကို..."

"နလပိန်းတုံးတွေ..မင်းလဲ ဝမ်ရီပေါ်နဲ့အတူတူပဲ.."

လူနာကုတင်ရဲ့ တစ်ဖက်တစ်ချက်စီမှာ ရန်ဖြစ်နေတယ့်ကောင်လေးနှစ်ယောက်၊ အနေအထားက ဆီလျော်မှုမရှိတာအမှန်ပင်၊
တစ်ယောက်နဲ့တစ်ယောက် တိုးတိုးကြိတ်ကြိတ်ရန်ဖြစ်နေရာမှ...တစ်စတစ်စကျယ်လာသော အသံတွေက ဝမ်ရီပေါ်သာကြားနိုင်မည်ဆိုလျှင်..."နားညည်းလ်ိုက်တာလို့.."ပြောမှာမလွဲ ။

ခုတော့ ရီပေါ်က..ကုတင်ပေါ်မှာစန့်စန့်ကြီးလှဲနေရကာ..ခေါင်းမှာပတ်တီးအဖွေးသားနဲ့၊ ဘယ်ဘက်ခြေထောက်တစ်ဖက်က..အရိုးအက်သွားတာမို့ ကျောက်ပတ်တီးကိုင်ထားရသည် ။ လူကသတိမရသေးပေမယ့်...သုံးရက်ဆိုသောအချိန်အတွင်းမှာ..အတော်ကလေးသက်သာလာပါပြီ ။

ရီဖေး က နေရာမှထရပ်လိုက်ပြီး...ဟူးခနဲသက်ပြင်းချလိုက်သည် ။ အန်တီနှင့် ဝမ်ဦးဦး တို့က..လူကြီးတွေမို့ သူနဲ့ထုံဖန်းကသာ
ဒီနှစ်ရက်လုံးမှာ..ဆေးရုံစောင့်ခဲ့ရသည်။

ကျန့်ကျန့်..ကလား..???
သူကတော့..အိမ်မှာပဲရှိနေမှာပါ ။
ရီပေါ် ကိုဆေးရုံလိုက်ပို့တုန်းက..​တုန်တုန်ယင်ယင်နဲ့လိုက်တော့လိုက်လာတယ်၊ အသက်အန္တာရယ်မစိုးရိမ်ရဘူးလဲဆိုရော...ချက်ချင်းကိုပြန်သွားတာပဲ..။
ကျနော့်အိမ်ကိုတော့မဟုတ်ဘူး..၊ သူ့ မား ရှိတယ့် ဝမ်ရီပေါ်တို့အိမ်ကိုလေ။

အဲ့နေ့ကနေ့စပြီး...ပေါ်မလာတာ ခုချိန်ထိပဲ ၊ ဖုန်းဆတ်ပြီးသတင်းမေးဖော်တောင်မရဘူး..၊ ဒီဘက်က ဖုန်းဆတ်တော့..ခရီးပန်းလို့ နားနေတယ်တယ့် ၊ အသံကတော့ သိပ်မကောင်းရှာဘူး ။
ဒီအချိန်..ကျနော်လဲဘာ့မှမမေးချင်ဘူး ၊သူလဲ အရွယ်ရောက်နေပြီပဲ ၊ အရာအားလုံးကိုစဥ်းစားတတ်နေပြီလေ ။

"စီနီယာ မတ်တပ်ကြီးဘာလုပ်နေတာလဲ"

"ဟမ်...ဪ...ငါ..အိမ်ပြန်မလို့လေ၊
ည ကျမှတစ်ခေါက်ပြန်လာခဲ့မယ် "

"My Heartbeat "{[[COMPLETED]]}Where stories live. Discover now