Ep (19)

11K 1K 57
                                    

#Unicode#

"အား...ဝမ်ရီပေါ်..."

"ဘာလဲ..စောစောစီးစီး
သတိရနေတယ်ပေါ့..အဟက်ဟက်.."

ခပ်လှောင်လှောင်ရယ်သံနှင့်အတူ..အခန်းထဲဝင်လာသော..ဝမ်ရီပေါ်..။
ကုတင်ပေါ်မေးတင်ကာ..တအင့်အင့်ငိုယိုနေသော..ရှောင်းကျန့်..။

"ဟင်..ခင်ဗျားငိုနေတာလား.."

မျက်နှာတစ်ခုလုံးယောင်အမ်းကာ.မျက်လုံးများမို့အစ်နေသောရှောင်းကျန့်ကြောင့်..ရီပေါ့်ရင်ထဲ..အောင့်ခနဲ...။

"မငိုလို့..ရီနေရမှာလား...
မင်းကြည့်စမ်း..ငါ့အခန်းထဲမှာ..
ဖြစ်ပျက်နေတယ့်..အခြေအနေ.."

ရီပေါ်အခန်းထဲကိုဝေ့ဝိုက်ကြည့်လိုက်တော့.
ဟိုတစ်စု..ဒီတစ်စုပြန့်ကြဲနေသော..ဆံပင်မွှေးများ..၊ ဟုတ်တယ်..မနေ့ကကျနော်
ကိုယ်တိုင်..ရှောင်းကျန့်ဆံပင်တွေကိုရိတ်ပစ်ခဲ့တာ...။

"ပျော်လား...ဟမ်..အရမ်းပျော်နေလား
မြင်ကွင်းကို..အားရကျေနပ်ရဲ့လား..၊
မင်း..ငါ့အပေါ်..အဲ့လောက်တောင်မုန်းနေတာလား..၊ ငါ..မင်းအပေါ်ဘာအမှားများလုပ်မိလို့လဲကွာ...ဘာကြောင့်ငါ့အပေါ်..
ခုလိုလုပ်ရက်ရတာလဲ..??"

"လား"ပေါင်းများစွာနဲ့မေးခွန်းတွေကဆက်တိုက်ဆိုသလို..ရှောင်းကျန့်ပါးစပ်မှထွက်ကျလာသည်..။အမုန်းတရားများအုံ့ဖွဲ့နေသော..ရှောင်းကျန့်မျက်ဝန်းတွေက..ရီပေါ့်အတွက်တော့..မခတ်ဘဲမိတယ့်..အဆိပ်တွေလို..။

" မင်းကိုအရမ်းမုန်းတယ်..ရီပေါ်..၊
ပြောမပြတတ်အောင်ပဲကွာ..၊ ငါ့ရင်ထဲမှာ
မင်းကြောင့်..ဒဏ်ရာတွေချည်းပဲ.."

ရီပေါ်..ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး.ရှောင်းကျန့်ပုခုံးတို့အားဆုပ်ကိုင်ရန်ကြိုးစားမိသည်..။သို့သော်အချည်နှီးသား.

"မထိနဲ့..ငါ့အသားကိုမထိနဲ့..၊
မင်းကိုကြောက်တယ်..၊ ငါအရမ်းကိုကြောက်နေပြီ..ရီပေါ်ရာ.."

ဒီအချိန်မှာ ရီပေါ့် မာနတို့ပျောက်ဆုံးနေပြီဖြစ်သည်..။ ဒီတစ်ခေါက်ကျ​နော်လုပ်တာအရမ်းလွန်သွားတယ်..၊ ဒါပေမယ့်..သူ့ကို
သဝန်တိုတယ့်စိတ်တွေက..တစ်နေ့ထက်တစ်နေ့..ပိုပိုပြီးကြီးမာလာတာ..ကိုယ့်ဘာသာ..အသိဆုံး..။

"My Heartbeat "{[[COMPLETED]]}Where stories live. Discover now