Ep (40)

12.6K 1K 50
                                    

#Unicode #

မနေ့က ကိုယ့်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်သွားရင်တကယ်တောင်းပန်တယ်နော်၊
(Wattpad) ကို သူလဲဖွင့်မယ်ဆိုလို့မနည်းတားလိုက်ရပါတယ် ၊ မင်းရေးတယ့်အဲ့စာတွေကို ငါလဲဖတ်မယ်တယ့် ၊ သေတာပဲဟယ် ၊ ခေါင်းမွှေးတွေတောင်ထောင်သွားတယ် 😁😁၊ ကိုယ်က Fujoshi
ဆိုပေမယ့် အရှ မခံနိုင်ပါဘူး။တော်ကြာစိတ်ပါသွားရင်...😳😳...ကိုယ်က...
BL ထဲကအစစ်မ နေရာရောက်သွားမှာပေါ့။
ဟုတ်တယ်ဟုတ် ၊ Attention ရှာတာမဟုတ်ပါဘူး ကိုယ့်အကြောင်းနည်းနည်းပြောပြတာပါ ၊ ဖတ်ပေးလို့ကျေးဇူးပါ ၊

Ok...My Heartbeat (Ep-40)ဖတ်ကြရအောင်....

_____________________________

Ep (40)

"ဘာလို့လွယ်ကူတယ့်ကိစ္စကိုခက်ခဲအောင်လုပ်ချင်ရတာလဲ...."

"ကျနော့် နှလုံးသားက ခင်ဗျားအတွက်ဆို
အမြဲဆောင့်ခုန်နေတာ..."

ရှောင်းကျန့်...Bathtube ထဲတစ်ကိုယ်လုံးနှစ်ထားသော်လည်း နားထဲမှာပဲ့တင့်ထပ်အောင် မြည်ဟီးနေတာက ရီပေါ့်အသံတွေ။

"ကျနော်က ခင်ဗျားကိုအရမ်းချစ်တာ...
ရှောင်းကျန့် ရဲ့..."

"ကျနော်က ခင်ဗျားကိုအရမ်းချစ်တာ...
ရှောင်းကျန့် ရဲ့..."

"ဗွမ်း....ဖူး...."

ရေမွှမ်းသွားတာမို့...ခေါင်းဖော်ကာမနည်းအသက်ရှုလိုက်ရသည်။

"ဟူး...."

သက်ပြင်းကိုဖွဖွချရင်း မနေ့ကအကြောင်းအရာအချို့က..မဖိတ်ခေါ်ပါဘဲခေါင်းထဲသို့ အစဥ်တကျ....

နွားနို့ကိုအတင်းကြီးသောက်ခိုင်းနေကတည်းက..ရှောင်းကျန့်တို့ကအကင်းပါးပြီသား ၊ အရင်က အိပ်ဆေးမိပြီး ဆံပင်မွှေးနဲ့မျက်ခုံးမွှေးတွေ ပြောင်ခဲ့ပြီးပြီလေ၊

ခုလဲ စိတ်ထဲမသိုးမသန့်တာနဲ့ အိမ်သာထဲဝင်ပြီးအန်ပစ်လိုက်တယ် ၊ အိပ်ချင်ယောင်ဆောင်နေခဲ့ပေမယ့် သိပ်မသေချာခဲ့ဘူး ၊ကိုယ်ကများသံသယ လွန်ကဲနေတာလားလို့၊
ဒါပေမယ့် မထင်မိဘူး ၊ ရီပေါ်က အဖြစ်မှန်တွေ ထုတ်ပြောလိမ့်မယ်လို့ ၊နောက်ပြီး..အခန်းထဲကထွက်သွားခဲ့တယ်။
ဆိုင်ကယ်သံတော့ ကျိန်းသေကြားလိုက်တာအမှန်ပဲ..၊ သူသွားခဲ့တယ့်နေရာက...

"My Heartbeat "{[[COMPLETED]]}Hikayelerin yaşadığı yer. Şimdi keşfedin