Ep (33)

11.8K 1.1K 105
                                    

#Unicode #

"သား....ရှောင်လေး မားတောင်းပန်ပါတယ်နော် ၊ သားက အရမ်းပြောင်းလဲသွားလို့...မား က စိတ်မထိန်းနိုင်ဖြစ်သွားတာပါ..."

မား...က ပြောလဲပြော ၊ အပေါ်ထပ်ကပြေးဆင်းလာတာမို့...ရှောင်းကျန့် လှေကားခြေရင်းမှာရပ်လိုက်ရင်း..မား ကိုစောင်းငဲ့ကြည့်လိုက်မိသည် ။ ဟုတ်တယ်လေ၊ ကိုယ်က မား ရှေ့အမြဲပြုံးနေပြီးခံစားချက်တွေကိုဖုံကွယ်ထားတော့..ဒါမျိုးကဖြစ်သင့်ပါတယ် ။

ကျနော်က ပြောင်းလဲခဲ့တာမဟုတ်ဘူး မား၊
မား က ကျနော့်စိတ်တွေကိုမသိခဲ့တာ ၊ကျနော်လဲမြင်အောင်မပြခဲ့တာ ၊ တစ်ကယ်ဆိုအစကတည်းက..မားကိုအရာအားလုံးပွင့်ပွင့်လင်းလင်းပြောပြခဲ့ရင် အခြေအနေတွေက
ဒီလိုဖြစ်လာမှာမဟုတ်ဘူး ။

တစ်ကယ်ဆို..မားမှာအပြစ်မရှိပါဘူး ။
သိုသိပ်လွန်းတယ့်..ကျနော်ရဲ့အပြစ်တွေပါ၊

"ရှောင်လေး...မား ကလေ "

"ဟင့်အင်း..ကျနော်ဘာ့မှမဖြစ်ပါဘူး ၊
မား တောင်းပန်စရာလဲမလိုဘူး ၊ ကျနော်ကလေ..မား ကိုအမြဲပျော်စေချင်တာ ၊ ခုလိုငိုစေမိတာနဲ့တောင်...အပြစ်တွေအရမ်းကြီးနေပါပြီ ၊ ကျနော့်ကိုချစ်ရင် မငိုပါနဲ့တော့"

ရှောင်းကျန့်...က...မိခင်ပါးပေါ်ကမျက်ရည်စတွေကိုအသာသုတ်ပေးရင်း..ပြုံးလျက်စကားဆိုသည် ။ ဝမ်ကတော်ကတော့..ငိုရှိုက်ရင်းနှင့်ပင်...

"ဒါပေမယ့်...မား...က...သားကိုနားမလည်နိုင်ခဲ့ဘူး ၊ တကယ်ဆို နောက်အိမ်ထောင်မပြုခဲ့သင့်ဘူး ၊ အရာအားလုံး မားရဲ့ အတ္တတစ်ခုကြောင့် စတင်လာခဲ့တာ.."

ရှောင်းကျန့်ခေါင်းတွင်တွင်ခါယမ်းကာ မိခင်ဖြစ်သူအားပွေ့ဖက်လိုက်ပြီး....

"မား ကိုကျနော်အရမ်းချစ်တယ်...၊
ဒါပေမယ့် ဝမ်ရီပေါ်နဲ့ပတ်သတ်ပြီးတော့..
ဖိအားမပေးပါနဲ့ မား.."

"အင်း..."

"ကျနော်တို့ ဆေးရုံသွားကြရအောင်နော်"

ထိုစဥ် နောက်ပါးဆီမှကျယ်လောင်သွာထွက်ပေါ်လာတယ့် ဝမ်ဦးဦးအသံကြောင့် ရှောင်းကျန့်ကျောပင်မတ်ခနဲ ဖြစ်သွားရသည် ။

"My Heartbeat "{[[COMPLETED]]}Where stories live. Discover now