Ep (34)

12.2K 1.1K 80
                                    

#Unicode #

"သား...ဘယ်သွားမလို့လဲ "

ရှောင်းကျန့်က မိခင်ဖြစ်သူအားပြုံးဖြဲဖြဲအမူအယာနဲ့ကြည့်ကာ..

"ဟီး...ဒီလိုပဲ...၊
ဟိုနား ဒီနား "

"ကောင်မလေး ရနေတာလား၊ ရှောင်လေး"

ရှောင်းကျန့်က လျှာတစ်လစ်ထုတ်ပြပြီး..

"မား...ကလဲအဲ့အခြေအနေမရောက်သေးပါဘူး ၊ ဒီအတိုင်းပဲ ပျင်းလို့ပါဆို၊ ဟီး.. သွားမယ်နော် ညစာစားချိန်အမှီပြန်လာခဲ့မယ်"

ဝမ်ကတော် ခေါင်းမညိမ့်ချင် ၊ ညိမ့်ချင်နှင့်ညိမ့်လိုက်ရကာ သက်ပြင်းကိုသာမသိမသာချမိသည် ။ ရီပေါ် နဲ့ပတ်သတ်ပြီးဘာ့မှဝင်မစွက်ဖက်တော့ပါဘူးလို့ ကတိပေးခဲ့မယ့်..
ခုအခြေအနေကြီးကိုတော့ မနှစ်မြိုတာအမှန်ပင် ။ ယောကျာ်းလေးအချင်းချင်းပေးစားဖို့ဆိုတာ...မိဘတွေအတွက်တော့ခက်ခဲလွန်းသည် ။သို့ပေမယ့် ခုခေတ်ကဆေးပညာတွေအလွန်ထွန်းကားနေကာ..ရီပေါ်ကလဲရှောင်လေးအပေါ် အရမ်းချစ်ရှာသည် ။
ဒါကြောင့် ရီပေါ်လေးနဲ့သာသဘောတူသော်လည်း..မိမိသားကအရင်ကနဲ့တစ်ခြားစီဖြစ်နေသောအခါဝယ်....

"အန်တီ...၊ အန်တီ ကောကောရော..."

"ခုနကပဲ..."

"ရပြီ....ကျနော်လိုက်သွားအုံးမယ်.."

ခြေထောက်ဒဏ်ရာက ပျောက်နေပြီဆိုပေမယ့် ပြင်းပြင်းထန်ထန်မလှုပ်ရှားဖို့ ဆရာဝန်က သတိပေးထားသည် ။ သို့သော် ဝမ်ရီပေါ်ကတော့ တလွဲတွေလုပ်လိုက်ရမှ ။ ခုလဲ ကား ဂိုဒေါင်ကိုပြေးလာကာ... ပါးစပ်ကလဲတစ်ကြော်ကြော်အော်နေသေးသည် ။

"ကောကော....ခဏစောင့်..၊
ကျနော်လဲလိုက်ချင်တယ်...."

ကားပေါ်တတ်ရန်ပြင်နေတယ့် ရှောင်းကျန့်ခြေထောက်အစုံဟာ...လေပေါ်မှာတုံ့ခနဲရပ်သွားကာ..ခပ်စူးစူမျက်ဝန်းတို့က ပြာလဲ့လဲ့မျက်ကြည်လွှာတပ်ထားတာမို့...အနည်းငယ် Sexyဘက်ရောက်ချင်သည် ။ ဝတ်ထားတာကလဲ...အပေါ်အောက် ဂျင်းဝမ်းဆတ်နဲ့မို့..သူ့ပုံစံကလူမိုက်လိုလို ၊ ဂျလေဘီလိုလို၊

ရီပေါ်က...ရှေ့ကလူသားအားခြေဆုံးခေါင်းဆုံးကြည့်ကာ..

"ကောကော...ဝတ်စုံကအပေါက်တွေချည်းပဲ ၊ ရင်ဘတ်တွေရော ချက်တွေရောမြင်နေရတယ် ၊ နောက်ပြီး ပေါင်ရင်းတွေတောင်ပေါ်နေပြီ "

"My Heartbeat "{[[COMPLETED]]}Where stories live. Discover now