Ep (26)

11.2K 947 58
                                    

#Unicode #

Hello ကိုယ့်ဇာတ်လမ်းတွေက Noteထုတ်ပြီးသားမို့..HE ၊SEဆိုတာကိုယ်တစ်ယောက်တည်းသိတာပါ။ HE Fanတွေများလို့ပြောင်းပေးဖို့ဆန္ဒမရှိသလို ၊SE Fan
တွေများလို့ပြောင်းပေးဖို့ဆန္ဒလဲမရှိပါဘူး။
ကိုယ့် Note အတိုင်းဆတ်ရေးမှာမို့လို့ကိုယ့်ကိုယုံကြည်ပြီး..အတူလိုက်ပါခဲ့ဖို့တောင်းဆိုပါရစေ..။
ဒီနေ့ ရုံးပိတ်ရက်မို့နောက်တစ်ပိုင်း Upလိုက်ပါ့မယ်..။ မအားတယ့်နေ့တွေဆို..မUpနိုင်ပါဘူးနော်..။ ဟုတ်ကဲ့ ကျေးဇူးပါ။

ချစ်ခြင်းများစွာနှင့်

စနေမိုးဆွေ

_____♥______♥_____♥______♥
Ep (26)

အချိန်က..မနက် လေးနာရီခန့်ရှိကြီဖြစ်ကာ..ထုံဖန်းမှာတော့ခုချိန်ထိမအိပ်ရသေး။
ငိုက်မြည်းရန်​ပြင်နေစဥ် ကုတင်ပေါ်ကလှုပ်ရှားလာသော..ပုံရိပ်လေးကြောင့်..

" စုချင်..မင်းနိုးလာပြီလား..၊သက်ရောသက်သာရဲ့လား..."

ထုံဖန်းအမေးကိုသူမက...ခေါင်းငြိမ့်ပြရုံသာ..။ ပြီးနောက်..တိုးသဲ့သောလေသံနှင့်....

"ငါ့...Phone ရော.."

ထုံဖန်း..Phone ကိုမပေးချင်၊ပေးချင်နဲ့စုချင်လက်ထဲထည့်ပေးလိုက်တော့..သူမကခပ်ယဲ့ယဲ့ပြုံးပြကာ...

"စိတ်မပူပါနဲ့...
နင်ပြောသလိုပဲ..၊
ငါ..ရဲမတိုင်ပါဘူး.."

ထုံဖန်းက..ခုမှရင်ထဲပေါ့သွားဟန်ဖြင့်သက်ပြင်းကိုဟူးခနဲမှုတ်ထုတ်လိုက်သည်..။ပြီးမှသူမအား အားနာသလိုတစ်ချက်ကြည့်ကာ

"ရီပေါ့်..အစား ငါတောင်းပန်ပါတယ်..၊
သူက..ကျန့်ကောကိုအရမ်းချစ်တာ..၊
ဒါပေမယ့်သူ့အချစ်တွေကိုမဖော်ပြပဲ..အမြဲရန်လိုနေတာ နင်အမြင်ပဲ.."

"အင်း...ကို...ပြောပြပါတယ်..၊
ဝမ်ရီပေါ်က အရမ်းဆိုးတယ်တယ့် ၊ဒါနဲ့မနေ့က..ငါ့ဆီကိုဘယ်သူမှPhone မဆတ်ကြဘူးလား..."

ထုံဖန်းမျက်လုံးတွေက..ယောက်ယက်ခပ်နေကာ..မထူးတယ့်အဆုံးဟီးခနဲရယ်ချလိုက်ပြီး..

"ဟီး..ငါ..ငါတောင်းပန်ပါတယ်ဟာ...၊
အဆောင်က..နင့်အခန်းဖော်တွေPhoneဆတ်တယ်..၊ ငါက..Partyရှိလို့..ဒီညပြန်မအိပ်ဘူးလို့ပြောလိုက်မိတယ်၊
ဒီသတင်းတွေပေါက်ကြားကုန်မှာစိုးလို့ပါ ၊နင် စိတ်ဆိုးသွားလား.."

"My Heartbeat "{[[COMPLETED]]}Where stories live. Discover now