Ep (31)

11.7K 1.1K 126
                                    

#Unicode #

"ကျန့်ကျန့်...."

ထွက်ပေါက်နားမှာ..မတ်တပ်ရပ်နေတာမို့
လေဆိပ်ထဲဝင်လိုက်တာနဲ့..ရှောင်းကျန့်ကို
တန်းခနဲမြင်ရမှာမလွဲ၊ ဒါတောင် ရီဖေးတို့အော်ဟစ်ခေါ်လိုက်ပုံက..Scurity တွေတောင်လှည့်ကြည့်လောက်သည်အထိ..။

"ဘာလို့ အော်နေတာလဲ...အကျီတောင်မလဲလာဘူး..ဖြစ်ပျက်နေပုံက..အင့်..ဟာ
ခွေးကောင် နာတယ်ဟ.."

ရှောင်းကျန့်က ဝေဖန်ရေးလုပ်နေသော်လည်း ပြေးဖက်လိုက်သော ရီဖေးကြောင့် အင့်ခနဲ အော်သံထွက်လာရသည်။
ထို့နောက်..ဆို့နင့်စွာထွက်လာသောအသံလေးက..လူနဲ့မလိုက်ဖက်စွာပင် ။

"သတိရနေတာ..ကျန့်ကျန့်ရာ"

ရှောင်းကျန့်...ခပ်တိုးတိုးရယ်မောလိုက်ပြီးရီဖေးကျောပြင်ကိုအသာပွတ်ပေးနေမိသည်။
ငါလည်း မင်းကိုသတိရတာပေါ့ကွာ ။

"ဖယ် ဖယ်တော့...
လေဆိပ်ကြီးမှာနော် ၊
လူတွေတစ်မျိုးထင်ကုန်အုံးမယ်.."

ရှောင်းကျန့်က..ရီဖေးကိုအတင်းတွန်းလွှတ်နေသော်လည်း..သကောင့်သားကတော့အသာတကြည်မလွတ်ပေး ။လည်ပင်းကိုလက်တစ်ဖက်နဲ့ လိမ်ချိုးသလိုလုပ်နေတာမို့
ရှောင်းကျန့်မှာ ယက်ကန်ယက်ကန် ။

"ဟာ ခွေးကောင် ရီဖေး...
လွှတ်နော်၊ China ရောက်တာတစ်နာရီတောင်မရှိသေးဘူး ၊ ငါ့ကိုသေစေချင်နေပြီလား.."

ထိုအခါမှ ရီဖေး က လွှတ်ပေးပြီး...

" ပျော်လို့ပါကွာ ၊ ဒါနဲ့ Sangapore ပြန်လက်ဆောင်လေး ဘာလေးများမပါဘူးလား..."

"ဟာ...Club ပိုင်ရှင်ဖြစ်ပြီး ငါ့ဆီကလက်ဆောင်သေးသေးလေးကိုမျှော်ကိုးနေရလား..."

ရီဖေး က Luggage ကိုမျက်စပစ်ပြရင်း.

"မေးချင်လို့မေးတာမဟုတ်ဘူးဟေ့ ၊
ခုနက..ဟန်လင်ဆီကဖုန်းလာတယ် ၊
မင်း နဲ့ လက်ဆောင်ထည့်ပေးလိုက်တယ်တယ့် ၊ ငါအရမ်းသိချင်နေပြီ ဘာများလဲ"

ရှောင်းကျန့် ဟက်ဟက်ပက်ပက်ရယ်မောလိုက်မိသည် ။ ဒီသမီးယောက်ဖနှစ်ယောက်ကတော့ မလွယ်ဘူး ၊ တကယ့်ကိုဟာသတွေ ။

"My Heartbeat "{[[COMPLETED]]}Où les histoires vivent. Découvrez maintenant