Ep (38)

11.9K 1.1K 42
                                    

#Unicode#

"အစွဲမထားစမ်းပါနဲ့ကွာ ၊အရင် ဝမ်ရီပေါ်ကိုမင်းမချစ်ခဲ့ဘူး ထား ၊ ခု ပြောင်းလဲလာတယ့်..ဝမ်ရီပေါ်ကိုမင်းချစ်တယ်လေ ၊မဟုတ်ဘူးလား..."

ရှောင်းကျန့်ဖြေးညင်းစွာခေါင်းညိမ့်ရင်း...
Wine ပုလင်းကိုသာအကြောင်းမဲ့စိုက်ကြည့်နေမိသည် ။ ကျနော့်ရင်တွေတကယ်ပူနေတယ် ၊ ရင်ဖွင့်စရာလူဆိုလို့ ရီဖေးပဲရှိတာလေ ၊ ခုလဲ...အလုပ်မှအပြန် ရီဖေးClubသို့ရောက်နေခြင်း ။

"ရီဖေး....ငါ လူအကဲခတ်တာအဲ့လောက်မညံ့ဘူး ၊ ငါအရာအားလုံးခွင့်လွှတ်နိုင်တယ်လို့ပြောတာတောင် သူအမှန်အတိုင်းဝန်မခံဘူး ၊ ငါအဲ့ဒါကို ရင်နာတာ..."

"သူ့မှာလဲ အကြောင်းရှိမှာပေါ့ ၊
မင်းကပဲ မသိချင်ယောင်ဆောင်နေလိုက်ပါ"

"ကျွတ်...မသိတော့ဘူးကွာ...စိတ်လေတယ် ၊ ဒီနေ့မင်းအိမ်မှာပဲ ငါအိပ်မယ်ဖြစ်တယ်မလား..."

သောက်လက်စ Wineတောင် သီးမတတ်ဖြစ်သွားကာ ရီဖေးမှာအကြောက်အကန်ပင်ငြင်းတော့သည် ။

"ဟာ မလုပ်ပါနဲ့ကွာ ၊
ဝမ်ရီပေါ် ပြသာနာလာရှာနေအုံးမယ် "

ရှောင်းကျန့်က...Sofa ပေါ်မှာခြေပစ်လက်ပစ်မှီချလိုက်ပြီး...မျက်လုံးများကိုသာမှိတ်ထားလိုက်မိသည်။ထို့နောက်
ပြတ်ရှရှထွက်လာတယ့်စကားသံက ဆုံးဖြတ်ချက်ခိုင်မာနေပုံနှင့်...

"ငါ ဒီနေ့အိမ်ကိုမပြန်ဘူး ၊မင်းအိမ်မှာ...
Partyလုပ်ကြမယ်..."

"ကျန့်ကျန့်..."

"ပါးစပ်ပိတ်ထား ငါပြောတယ့်အတိုင်းလုပ်"

"ဟူး.....မင်းနဲ့တော့ခက်တယ်"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ပါး....အလုပ်မှာ OT ရှိတာလား ၊
ကောကော က ခုထိပြန်မရောက်သေးဘူး၊
ဖုန်းလဲမကိုင်ဘူး..."

စာဖတ်ခန်းထဲထိ တကူးတကလာမေးတာက ရှောင်းကျန့်အကြောင်း ၊ လုံးဝကိုပုံစံပြောင်းသွားတယ့်သားဖြစ်သူကိုကြည့်ကာအနည်းငယ်ပြုံးလိုက်မိသည် ။အရင်ကလို မဆိုးတော့တာမို့..စိတ်ချမ်းသာရတာအမှန်၊

"သားက...ထမင်းရောစားပြီးပြီးလား ၊
အချိန်တန်ရင်ပြန်လာမှာပေါ့ကွာ ၊ ရှောင်းကျန့်က ကလေးမှမဟုတ်တော့တာ.."

"My Heartbeat "{[[COMPLETED]]}Where stories live. Discover now