Ep (37)

12.7K 1K 55
                                    

#Unicode #

"MD.....ဧည့်သည်တွေရောက်...."

"အား...ပါးစပ်ပိတ်လိုက်တော့ ၊
တွေ့လိုက်ရတယ့် ဧည့်သည်တွေ ၊
သွားလိုက်ရတယ့် Dinnerပွဲတွေ ၊
ငါ့လဲ အနားပေးကြပါအုံးဟ..."

စားပွဲပေါ် မှောက်အိပ်နေတယ့်ထုံဖန်းပုံစံကအထက်တန်းကျောင်းသားတစ်ယောက်လိုပင် ။ ဝတ်ထားတယ့် Suitကိုမှမထောက်၊ ဖြစ်ပျက်နေပုံက စိတ်ပျက်ဖွယ်ရာအတိ၊ ဒါက MD တယ့်လား ၊ ရှေ့လျောက် ဒီCompany ကြီးအတွက်တော့ ရင်လေးမိပါတယ် ။

"မင်း မသွားသေးဘူးလား ၊
ဒီနေ့ ဘယ်ဧည့်သည်မှ ငါမတွေ့နိုင်ဘူး "

"ဟုတ်ကဲ့...
ကျနော် ပြောလိုက်ပါ့မယ်"

ထိုစဥ်....

"သေချာလို့လား ထုံဖန်းရ..."

"အရူးကောင် လေးကြီးလေကျယ်တွေပြောနေတယ်..."

"ဟမ်..ကျန့်ကောတို့ရောက်လာတာလား၊ အဲ့လိုဘာလို့မပြောတာလဲ "

"ကျနော် ပြောမလို့ပဲ MD က "

"တော်တော့...ကော်ဖီနှစ်ခွက်အမြန်ဖျော်လာခဲ့..."

"ဟုတ်ကဲ့.."

MDမျက်နှာက ခုနက နဲ့တစ်ခြားစီဖြစ်ကာ.. မျက်နှာကြီးပြုံးဖြဲနေတာမို့...စက္ကထရီဖြစ်သူမှာလဲ...အခန်းထဲမှအမြန်ပြန်ထွက်လာရသည် ။ ဒီ MD ကိုတော်တော်လေးကိုသည်းခံနေရတယ် ၊ အသက်က ငယ်သေးတယ့်အပြင် စွာကျယ် စွာကျယ်ကပြောသေး၊ အလုပ်လုပ်တာတော့...သူ့အဖေလိုပဲ စေ့စပ်လွန်းတယ် ။

ရှောင်းကျန့်နဲ့ ရီပေါ်မှာလဲ...တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးဘာပြောရမှန်းမသိတော့ ၊ ထုံဖန်းက တကယ့်ကြီးပြောင်းလဲသွားတာကို...၊ သို့သော်..

"ကျန့်ကော....မတွေ့တာဘယ်လောက်ကြာပြီလဲ ၊ သတိရနေတာ...၊ ကျနော့်မှာအလုပ်တွေပုံနေလို့..."

ပြောလဲပြော ၊ သူ့ကိုပြေးဖက်လိုက်တာမို့..
ထုံဖန်း ကျောပြင်ကိုအသာပွတ်ပေးရင်း...

"ဟုတ်ပါပြီ ၊ ကလေးလားကြည့်ပါအုံး ၊
ခုမင်းပုံစံက လောင်ဝမ်ထက်တောင်ကလေးဆန်နေသေးတယ်..."

"အဟီး...မဟုတ်ပဲနဲ့..၊
ကျန့်ကော ကလဲ.."

ရီပေါ့် မျက်လုံးထဲတွင်တော့ ခုလိုပွေ့ဖက်ထပုံကိုသိပ်ဘဝင်မကျလှ ၊ မျက်ခုံးအစုံကလခြမ်းကွေးလေး လိုတွန့်ကွေးလာကာ..စိတ်အာရုံတို့ကလည်းအလိုမကျမှုကြောင့် ပို၍ရှုပ်ထွေးလာရသည် ။ ထို့ကြောင့် ဇိုးဇိုးဇက်ဇက်ပင်...

"My Heartbeat "{[[COMPLETED]]}Where stories live. Discover now