Ep (22)

10.7K 1.1K 74
                                    

Unicode

"ဘယ်လိုလဲ..အန်တီ့ကိုပြောပြီးပြီလား.."

ရှောင်းကျန့်က မျက်ခုံးနဲ့ ခေါင်းကို အရည်တစ်မျိုးသုတ်လိမ်းနေရင်း..ခေါင်းငြိမ့်ပြသည်..။ပြီးမှ..သက်ပြင်းချလိုက်ကာ..

"ကျဲ မဂ်လာဆောင်ပြီးမှပြန်လာမယ်လို့ပြောထားတယ်..၊ ဒါပေမယ့် ငါစိတ်ခုနေတာက Snow လေးကို ဝမ်ရီပေါ်တစ်ခုခုလုပ်ပစ်လိုက်မှာကိုပဲ.."

ရီဖေး က ခပ်စောင်းစောင်းပြန်ကြည့်ကာ..

"Snow လေးကိုစိတ်ပူမနေနဲ့..၊
မင်းသာ ကိုယ့်ဘဝကိုယ်စိတ်ပူ ၊
ဒါနဲ့ အဲ့ဆေးတွေက တစ်ကယ်ရောစွမ်းရဲ့လား..."

ရှောင်းကျန့်က နှစ်လက်မအရွယ်ခန့်ဆေးပုလင်းလေးကို အားကိုးတကြီးကြည့်လိုက်ကာ...

"စွမ်းလား ၊ မစွမ်းလာမသိဘူး ၊
လိမ်းတော့လိမ်းနေတာပဲ..၊ ဆံပင်ပြန်ပေါက်တာမြန်တယ်တယ့်..(၁၀)ရက်အတွင်းထူးခြားမယ်လို့တော့ ပြောတာပဲကွာ၊မျှော်လင့်ချက်တော့ သိပ်မရှိပါဘူး"

ရီဖေး က ကျန့်ကျန့်ကိုကြည့်ကာမသိမသာသက်ပြင်းချလိုက်သည်..။ ငါ့သူငယ်ချင်းလေးသနားပါတယ်..၊

"သိပ်လဲစိတ်မပျက်ပါနဲ့..၊
ဘာပဲဖြစ်ဖြစ်ငါကမင်းဘက်က..၊
ဒါနဲ့ စုချင်ကို သတိုးသမီးအရံကိစ္စပြောပြီး
ပြီးလား..."

ရှောင်းကျန့်မျက်နှာက ချက်ချင်းပင် ပြုံးယောင်သန်းသွားကာ အားတတ်သရော..

"ပြောပြီးပြီကွ..၊
အဲ့လိုစီစဥ်ပေးတယ့်မင်းကိုကျေးဇူးတင်တယ်တယ့်.."

"မင်းတို့နှစ်ယောက်က ပါးစပ်ကချည်းပဲ ကျေးဇူးတင်နေတာ.. ငါ့အတွက်သိပ်မမိုက်ဘူး.."

ရှောင်းကျန့်က ကုတင်ပေါ်တွင်ဝမ်းလျားမှောက်လိုက်ကာ..

"မိုက်တာမမိုက်တာ ငါမသိဘူး ၊
ဒီနေ့ ညစာမစားတော့ဘူး..၊
အောက်ထပ်ဆင်းရင် ပန်းသီးတစ်လုံးလောက် ယူ လာခဲ့ပေး ၊ ငါ Weight ချနေလို့..."

ရီဖေးမှာတော့ ကုတင်ပေါ်ကဂြိုဟ်သားပေါက်စကို ပြုံးစစမျက်နှာပေးနှင့်ကြည့်ကာ...

"အိုးစ် ညစာမစားတော့ဘူးတယ့်
ဝမ်းသာလိုက်တာကွာ..
Hotpot ထဲက ဂဏာန်းနဲ့ပုဇွန်ကိုလုစားမယ့်သူမရှိတော့ဘူး..၊ ဝက်သားဖက်ထုပ်ပေါင်းက..ခုနကမှ အော်ဒါမှာလို့လာပို့တာလေ..၊ ခုတော့ ငါတစ်ယောက်တည်းကြိတ်ရတော့မယ်ကွ..ပျော်လိုက်တာ၊ပျော်လိုက်တာ...ကျေးဇူးနော်ကျန့်ကျန့် ငါညစာသွားစားလိုက်အုံးမယ်.."

"My Heartbeat "{[[COMPLETED]]}Where stories live. Discover now