Ep (35)

12.9K 1.1K 87
                                    

#Unicode #

"ကျနော် ခေါင်းတွေအရမ်းကိုက်တယ်...
Doctor..အဲ့ဒါကြောင့်ဘာဆို ဘာမှမတွေးနိုင်ဘူး.."

ရှောင်းကျန့်..ဆရာဝန်ကြီးကိုတစ်လှည့် ၊ဝမ်ရီပေါ်ကိုတစ်လှည့်ကြည့်ကာ...ဗျာများနေရသည် ။ ဆေးရုံကဆင်းပြီး 6 လ အတွင်း ဦးခေါင်းစစ်ဆေးမှုကတော့ ဆတ်တိုက်လုပ်နေရဆဲ ။ ဒီနေ့လဲ..မား ကအတင်းလိုက်ခိုင်းနေရတာမို့..မလိုက်ချင်ပဲလိုက်လာရကာ..ခုလိုအကျိုးမရှိတာတွေပါနားထောင်နေရသည် ။ ဒီကောင်လေးက
ခုတလော မိမိကို Skin-Shipတွေကြုံရင်ကြုံသလို..လုပ်နေတာမို့ရင်ခုန်သံတွေ ပရမ်းပတာ ဖြစ်နေတာ ကိုယ့်ဘာသာအသိဆုံး ၊ ဒီအတိုင်းဆိုရင် ကျနော် က ဝမ်ရီပေါ်ကို ကျိန်းသေအရှုံးပေးရတော့မှာပဲ ။

Dr...ကခေါင်းညိမ့်ပြကာ...Projector
ကိုအတော်ကြာကြည့်ပြီး...သက်ပြင်းသဲ့သဲ့ချသည် ။ ပြီးမှ...

"အခြေအနေကတော့မဆိုးပါဘူး ၊
သိပ်တွေးတောတာတွေ မလုပ်ပါနဲ့ ၊
အဲ့ဒါဆိုအဆင်ပြေသွားမှာပါ.."

"ဟိုလေ...ခေါင်းကိုထိခိုက်မိလို့ အတိတ်မေ့တာဆိုတော့..ကျနော့်ခေါင်းကိုတစ်ခုခုနဲ့ပြန်ရိုက်ကြည့်ရင်ရောဟင် ၊ အဲ့ဒါဆို အတိတ်ကိုသတိပြန်ရနိုင်လား..."

"ဘယ်လို..."

"ဟင်...."

ဆရာဝန်ကြီးရော ရှောင်းကျန့်ပါ အံသြဘနန်းဖြစ်ကာ..ရီပေါ့်ကိုသာစိုက်ကြည့်နေမိသည် ။ ဘယ်လောက်ထိရူးကြောင်ကြောင်နိုင်တယ့် မေးခွန်းလဲ?

"မင်း...ရူးနေပြီလား ဝမ်ရီပေါ်..."

"အဲ့လိုလုပ်လို့မရဘူးနော် ၊ ဦးခေါင်းခွံအက်သွားတယ့်သူက သာမန်လူနဲ့မတူဘူး ၊ နောက်တစ်ကြိမ် ခေါင်းကိုပြင်းပြင်းထန်ထန်ထိခိုက်မိရင်..အာရုံကြောအချို့ပါပျက်စီးသွားနိုင်တယ်..."

Dr အပြောကို ရီပေါ်က သေသေချာချာနားထောင်နေတာမို့..Dr ကပြုံးလျက်မေးခွန်းထုတ်တော့သည် ။

"အတိတ်ကိုအရမ်းသတိရချင်နေတာလား"

"အင်း...အရင်ကအရမ်းသတိရချင်ခဲ့တာ၊
ခုတော့ သတိပြန်မရချင်တော့ဘူး ၊ ကျနော်ကအတိတ်မှာ...တော်တော်ဆိုးတယ့်သူလို့သူများတွေပြောကြတယ် ၊ နောက်ပြီးလူဆိုးတောင်မဟုတ်ဘူး လူယုတ်မာတယ့် ၊
အဲ့ဒါကြောင့်..ပြီးပြီးသားအတိတ်တွေကိုကျနော် သတိမရချင်တော့ဘူး ၊ လက်တွေ့မှာ ချစ်တယ့်သူအနားမှာပဲနေချင်တာ.."

"My Heartbeat "{[[COMPLETED]]}Where stories live. Discover now