Ep (42)Ending

23.4K 1.3K 63
                                    

#Unicode#

Hotel ခေါင်မိုးပေါ်လေယာဥ်ဆိုက်ရောက်ချိန်မှာတော့..

"ဝေး...Korea ကိုရောက်ပြီကွ..."

အိပ်ငိုက်နေတယ့် ရှောင်ကျန့်မျက်လုံးအစုံက Auto ပင်ပွင့်လာကြကာ အသံပိုင်ရှင်အားထုသတ်ပစ်ချင်စိတ်ပင်ပေါက်လာရသည် ။ သို့သော်များလည်းလက်တွေ့တွင်တော့..

"လောင်ဝမ် လေယာဥ်ရပ်မှဆင်းနော်"

ရီပေါ်က ခေါင်းညိမ့်ပြကာ သူ့ရင်ဘတ်ကိုမနာအောင်ခပ်ဖွဖွထိုးသည် ။ပြီးမှ..

"အဲ့လောက်တော့သိပါတယ်ဗျ...၊
ကျနော်က ပိန်းဥမှမဟုတ်တာ.."

"အင်း..."

Booking ကြိုလုပ်ထားတာမို့ တာဝန်ရှိသူတစ်ယောက်က အသင့်စောင့်နေသည်။ အထုပ်အပိုးများကို ချသူချ ၊ဆွဲသူဆွဲ ၊ အခန်းလမ်းညွှန်းသူတွေနဲ့ ခေါင်းမိုးထပ်ဟာအနည်းငယ်တော့ လူစည်သွားသလို ။

ရီပေါ်က အခန်းထဲရောက် တစ်ဝါးဝါးထရယ်ကာ...

"ကော...က ဘောစိပဲနော် ၊
တော်တော်ကုန်သွားမှာပဲ "

ရှောင်းကျန့်ကအားအင်ကုန်ခမ်းနေပုံနှင့် အရုပ်ကြိုးပြတ်ကုတင်ပေါ်လှဲချလိုက်ပြီး...

"အင်း...ကုန်ပါစေ ၊
ဝမ်ဦးဦး ပိုက်ဆံတွေပဲဟာ...ဟားဟား"

ရီပေါ့်ရင်ထဲပွင့်နေတယ့်ပန်းတွေက ရုတ်တရတ်ကြီး မြက်ကျွတ်မုန်တိုင်းတိုက်ခံလိုက်ရသလို အမြစ်ပါမကျန်ဆွဲကျွတ်သွားတော့သည်။

လူက ကြိတ်မနိုင်ခဲမရနဲ့ ကုတင်ပေါ်ဝုန်းခနဲခုန်တတ်ကာ..ရှောင်းကျန့်ရင်ဘတ်ကိုတစ်ဘုန်းဘုန်းထုရိုက်ပြီး...

"အား ကောကော..အဲ့လိုဒဲ့ကြီးပြောရလားလို့ ၊ ကျနော်က ကိုယ့်အတွေးနဲ့ကိုယ်သာ
ယာနေတာလေ ဗျာ "

"ဟားဟားဟား..နာတယ် လောင်ဝမ်ရ"

"သေ သေ "

ရှောင်းကျန့်က တစ်ဟားဟားအော်ရယ်၍
ရီပေါ့်လက်နှစ်ဖက်ကိုဖမ်းချုပ်ထားလိုက်သည် ။ ထို့နောက်လေသံတိုးလေးနှင့်...

"မနေ့ည က တစ်ညလုံးမအိပ်ရသေးဘူးလေကွာ ၊ခု လေယာဥ်စီးထားတော့ပိုပင်ပန်းနေတယ် ၊ခဏလောက်အိပ်အုံးမယ်၊
ရေချိုးပြီးလောင်ဝမ်က ပြင်ဆင်ထားနော် ၊
ညနေကျမှ မင်းသွားချင်တယ့် နမ့်စန်းတာဝါကိုလိုက်ပို့ပေးမယ် Ok တယ်မလား "

"My Heartbeat "{[[COMPLETED]]}Where stories live. Discover now