Ep (24)

11.3K 1K 60
                                    

#Unicode #

" စုချင် ငါနဲ့ ခဏလိုက်ခဲ့.."

မိမိရှေ့မှာမှုန်ကုန်ကုန်မျက်နှာပေးနှင့်ရဲရဲတောက်မျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေသော ဝမ်ရီပေါ်..။
စုချင် ဘာပြန်ပြောရင်ကောင်းမလဲစဥ်းစားနေတုန်း..ဝမ်ရီပေါ်နောက်မှ ထွက်လာသောအသံသေးသေးလေး..တစ်ခု..။ထုံဖန်းက
ကားပေါ်မှ ဆင်းလာကာ..ရီပေါ့်ဆိုင်ကယ်ဘေးမှာ ဘေးချင်းယှဥ်ရပ်လိုက်ပြီး..

"ရီပေါ်ရာ..စိတ်လိုက်မာန်ပါတွေမလုပ်ပါနဲ့၊
ကျန့်ကော..သိသွားရင်.."

"မင်းပါးစပ်ပိတ်ထား..ထုံဖန်း..၊
ငါ..သူနဲ့ရှင်းစရာရှိတယ်.."

သူ့ရှေ့မှာ စကားအချေအတင်း ဖြစ်နေသော ထိုလူသားနှစ်ယောက်ကိုကြည့်ပြီး..စိတ်ထဲမသိုးမသန့်ခံစားလာရသည်။
ကျောင်းပိတ်ရက် ဖြစ်သော်လည်း..တစ်ပတ်စာစျေးဝယ်နေသော..သူမအတွက်တော့..အချိန်တွေဟာ တန်ဖိုးရှိလွန်းသည်။
နောက်ပြီး..ဒီနားက..Bus ကားလဲရှားကာလူလဲပြတ်တာမို့..မိုးချုပ်သွားရင်မိန်းကလေးတစ်ယောက်တည်း..ဘယ်လိုမှ
အဆင်မပြေ ။

နောက်တစ်ပတ်မှာ..စီနီယာရီဖေး ရဲ့ အစ်မမဂ်လာဆောင်ရှိတာမို့..ခုကတည်းကလုပ်စရာရှိတာ လုပ်ထားရမည်။
နောက်ပြီး.ဒီနှစ်ယောက်ကိုလဲကိုယ့်ချစ်သူ က ဝေးဝေးရှောင်ခိုင်းထာတယ်မလား.။

"ငါ သွားစရာရှိလို့.မနှောင့်ယှက်ပါနဲ့လား"

ရီပေါ်က ထိုစကားလဲကြားရော တဟက်ဟက်ထရယ်ကာ...

" နှောင့်ယှက်တယ်ဟုတ်လား.."

စုချင် က လက်သီးကိုတင်းတင်းဆုပ်ပြီးကြောက်ရွံ့ခြင်းကိုအံတုခံနေကာ...လေသံ
တိုးလေးနှင့်..

"ဝမ်ရီပေါ်...နင် ဘာလို့ ကိုယ့်ကိုအနိုင်ကျင့်နေရတာလဲ..၊ ခုရော နင် ငါ့ကိုဘာပြသာနာရှာမလို့လဲ.."

"အနိုင်ကျင့်တယ်..၊
ငါက ပြသာနာရှာတယ် ဟုတ်လား..၊
လာ...နင်လိုက်ခဲ့..၊ ထုံဖန်း မင်းကားခဏငှါးလိုက်..၊ ငါ့ဆိုင်ကယ်ယူသွား..."

ပြောလဲပြော..စုချင် ကိုကားပေါ်အတင်းတွန်းတင်းနေသော..ရီပေါ်..။
ထုံဖန်းမှာလဲ ပြာယာခတ်နေကာ..ဘာဆတ်လုပ်ရမလဲ..မသိတော့..။ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့..လူရှင်းနေတာမို့တော်သေးသည်..။ ယခု မိမိတို့လုပ်နေတာက.
မိန်းမပျိုတစ်ယောက်ကိုပြန်ပေးဆွဲနေခြင်း။

"My Heartbeat "{[[COMPLETED]]}Where stories live. Discover now