Ep (41)

12.8K 1K 49
                                    

#Unicode#

"ဒေါက် ဒေါက်...
သား ရှောင်လေး "

တံခါးခေါက်သံနှစ်ချက်နဲ့အတူ မား အသံထွက်လာတော့မို့ ရှောင်းကျန့်မျက်လုံးအစုံက အနည်းငယ်ပွင့်လာကာ...

"မား...ခဏစောင့်..
ကျနော် တံခါးဖွင့်ပေးမယ် "

ပြောသာပြောလိုက်ရသည်၊ ရီပေါ် က မိမိအပေါ်မှောက်အိပ်နေတာမို့ လူကတော်တော်နဲ့ ထ မ ရ ၊ တွန်းထုတ်လိုက်ဖို့ကလဲ..

"လောင်ဝမ်..လောင်ဝမ်"

"ဟင်းးး...ကျနော်အိပ်အုံးမှာ...၊ခဏပဲ
၅ မိနစ် "

"ကျွတ် ၊ လောင်ဝမ် ရာ "

ထိုအချိန်...

" ရှောင်လေး တံခါးလာမဖွင့်နဲ့တော့ ၊
မားပြောတာပဲနားထောင်လိုက်နော် "

ရှောင်းကျန့်မျက်နှာ ပူပူနဲ့ပဲအသံပြန်ပေးလိုက်ရသည် ။ရင်ဘတ်ပေါ်မှောက်အိပ်နေတယ့် ကာလနဂါးလေးက ပြန်အိပ်ပျော်သွားပုံပါပဲ ။

ရှောင်းကျန့်က မား ပြောသမျှနားထောင်နေရင်း...ပြန်၍မေးလိုက်သည်။

"ဒါဆို မားနဲ့ဦးဦး က နယ်ပြန်မို့ပေါ့ ၊
ကျနော် လိုက်ပို့ပေးမယ်လေ..."

"ရတယ် ၊ အားလုံးပြင်ဆင်ပြီးသွားပြီ ရှောင်လေး မား သွားပြီနော် "

"ဟုတ် ဟုတ်ကဲ့ "

သားအမိနှစ်ယောက်စကားပြောနေပုံက တံခါးကြီးခြားလျက်နဲ့လေ ၊ ဝမ်ရီပေါ်တို့ နှောက်ချက်ကတော့ ကမ်းကုန်ပဲ ။
ရှောင်ကျန့်...မိမိအပေါ်မှောက်ပြီးပြုံးစိစိနဲ့မျက်လုံးမှိတ်နေတယ့်..ရီပေါ့်ကိုကြည့်ကာ

"လောင်ဝမ် မင်းနိုးနေတာသိတယ်နော်၊
ထတော့လေ ၊ ငါအလုပ်သွားရအုံးမှာ..."

တုံ့ပြန်သံမကြားရပေမယ့် ၊ မျက်လုံးတွေကိုအတင်းဖိပိတ်ထားတာမို့ မျက်တောင်တွေက အနည်းငယ်လှုပ်နေသည်။

"ထပါကွာ ၊ ကုတင်ပေါ်ကကန်ချမှာနော်"

ထိုအခါမှ ဆတ်ခနဲပွင့်လာတယ့်ရွှန်းတောက်တောက် မျက်လုံးရွဲကြီးများ ၊ သူ့ကိုမကျေမချမ်းကြည့်ကာ...

"ကောက ကန်ချရဲလို့လား "

ပြောလဲပြော သူ့အပေါ်ကလျောဆင်းသွားတာမို့ ရှောင်းကျန့်ဟက်ခနဲရယ်လိုက်မိသည်။ တော်တော်ကလေးဆန်တယ့် ဝမ်ရီပေါ်ပါပဲ ၊

"My Heartbeat "{[[COMPLETED]]}Where stories live. Discover now