Ep (36)

12.7K 1K 108
                                    


#Unicode #

"ကျနော်....လက်မခံနိုင်ဘူး "

စာဖတ်ခန်းထဲမှာမို့..ဝမ်ဦးဦးက စာအုပ်တစ်အုပ်နဲ့အိန္ဒြေရသော်လည်း..ရှောင်းကျန့်မှာတော့ မတ်တပ်ကြီး..။

ကိုယ့်ပုံစံက...ဆရာရှေ့ရောက်နေတယ့်စာမရသောတစ်ပည့်တစ်ယောက်လိုပင် ။
ဝမ်ဦးဦး က စာအုပ်ကိုအသာပိတ်ပြီးသူ့ကိုအပြုံးလေးနဲ့ကြည့်သည် ။ ပြီးမှ...

"ဘာလို့လဲ ရှောင်းကျန့်...၊
ရီပေါ် နဲ့လဲ ခုအဆင်ပြေနေတာပဲ ၊
နောက်ပြီး မင်းတို့နှစ်ယောက်က..အတူလဲနေပြီးကြပြီ ၊ လက်ထပ်ပေးတာ အဆန်းလား.."

အေးဆေးသောစကားသံတွေက..အမှန်တရားတွေမို့ ရှောင်းကျန့်အတွက်တော့ အနည်းငယ် နားခါးချင်လာသည် ။ သို့သော်လက်ထပ်မည်ဆိုတာကိုတော့..မိမိလက်မခံချင် ၊ ​အဲ့လောက်ထိမြန်စရာလိုလို့လား ၊ လူတစ်ယောက်ရဲ့ ဗီဇ ဟာသေခါမှပျောက် ဆိုသလိုပဲ ၊ ဝမ်ရီပေါ်ရဲ့အကျင့်ဆိုးတွေက လက်ထပ်ပြီးမှ ဘူးပေါ်သလိုပေါ်လာခဲ့ရင်....၊ ဟင့်အင်း...ကျနော်လက်မခံနိုင်ဘူး...၊ ကျနော်က..ကြောက်စရာကောင်းတယ့် ဝမ်ရီပေါ်ကိုမချစ်ဘူး ၊
ကလေးဆန်တယ့် လောင်ဝမ်ကိုပဲချစ်တာ ။

" ရှောင်းကျန့်..."

"ဟမ်...ဗျာ..."

ခုမှ မိမိကိုယ်ကိုအတွေးလွန်နေမှန်းသိလိုက်သည် ။ စိတ်တွေက ဗျာများနေသော်လည်း ဒီကိစ္စကို အပြတ်ရှင်းမှဖြစ်တော့မှာမို့..ချောင်းတစ်ချက်ဟမ့်ကာ..

"ဦး ပြောသလိုကျနော်နဲ့ရီပေါ် တစ်ခါမှားခဲ့ဖူးတယ် ၊ ဒါပေမယ့်အဲ့ဒါတွေက အတိတ်ကဖြစ်ရပ်တွေလေ ၊ သူတောင် မမှတ်မိတာ ကျနော်က ဘာလို့လက်ထပ်ရမှာလဲ ၊
နောက်ပြီး သူ့ကို ကျနော်မယုံဘူး "

ဝမ်ဦးဦး က ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ကာ..

" ဆုံးဖြတ်ချက်ချတာ မစောစေနဲ့ ရှောင်းကျန့် ၊ တစ်ချို့သောအရာတွေက နှလုံးသားနဲ့ဆုံးဖြတ်ရတယ်.."

ရှောင်းကျန့်လေပူတစ်ချို့မှုတ်ထုတ်လိုက်ရင်း ခေါင်းခါပြလိုက်သည် ။ပြီးနောက်..

"ကျနော့်ကို သွားခွင့်ပြုပါအုံး ဦး..."

အခန်းထဲမှာ ထွက်လာသော်လည်း လူကတော့သိပ်မူမမှန်ချင် ၊ လောင်ဝမ် ကိုချစ်တယ် ၊ ဒါပေမယ့် ဝမ်ရီပေါ်ကိုကြောက်တယ် ။

"My Heartbeat "{[[COMPLETED]]}Where stories live. Discover now