Ep (21)

11.3K 1K 50
                                    

Unicode

"ဟ...ဒီဘက်ခြမ်းကပိုထူနေတယ်.."

"ခဏလေး..ကော်ထူထူကပ်မှ..စိတ်ချရမယ်..၊ မနေ့က ရုပ်ရှင်ရုံထဲမှာ ကွာကျတော့မလို့ သီသီလေးဘဲ..."

"ဘယ်လောက်တောင် ထကြွနေလဲမှမသိတာ ၊ လွန်ကိုလွန်လွန်းတယ် မင်းက "

မှန်ရှေ့မှာ..ရှောင်းကျန့်ကတော့ ကျဲ ပြထားတယ့်အတိုင်း မျက်ခုံးမွှေးတွေကို ကပ်လိုက်၊စိုက်လိုက်နှင့် ဗျာများနေကာ...

ရီဖေးကတော့..ဆံပင်တုကိုဝိုင်းစွပ်ပေးနေသည်..။ သို့သော် ထင်မှတ်မထားသောအခြေအနေက ရုတ်တရတ်ဆန်စွာဖြင့်..

"ဘတ်..ဘတ်.."

မိမိ ကတုံးပြောင်ပြောင်ကို တဘတ်ဘတ်ရိုက်ကာ..ဟိုပွတ်ဒီပွတ်လုပ်နေတာမို့..ရှောင်းကျန့်သွေးတို့က..ရုတ်ချည်ဆူပွက်လာကာ..အံကြိတ်ထားလျက်ပင်..

"ရီဖေး မင်း..မင်း..ဘာလုပ်တာလဲ "

"အာ..အဟိ..ဆောရီး..ဆောရီး..
ကတုံး တွေကို အဲ့လိုရိုက်ကြည့်ချင်တာကြာပြီကွ..၊ ခုမှပဲဆုတောင်းပြည့်တော့တယ်။"

"ဘာ..."

သူ ဆုတောင်းပြည့်ဖို့အတွက်..ငါကပဲ ကတုံးတုံးခံလိုက်ရသလို..၊ ရှိုးပဲ့လို့စိတ်ညစ်နေတယ့်ကြားထဲ..ဒီစောက်ရူးကောင်နဲ့တော့ ခက်တာပဲ..။

ရီဖေး က မြင်းတစ်ကောင်လို တစ်ဟီးဟီးရယ်နေပြီး...မှုန်ကုပ်ကုပ်ဖြစ်နေသောသူ့အားကြည့်ကာ

"စိတ်မဆိုးပါနဲ့ ကျန့်ကျန့်ရာ၊
ငါက မင်းပျော်အောင်နောက်တာပါ..၊
ဒါနဲ့ ဒီ Brown ရောင်လေးတတ်မလား..၊
ဒါမှ မဟုတ် Old Gold လေးနဲ့လွင့်မလား၊မြန်မြန်ရွေး..အတန်းချိန်နီးနေပြီ.."

ဘေးတစ်ဖက် ၊ ညာတစ်ဖက်မြှောက်ပြနေသော..ဆံပင်တုနှစ်ခုက တကယ့်အစစ်တွေလို..၊ ရှောင်းကျန့်သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ကာ..သူ့နောက်မှာရပ်သော ရီဖေးကို မှန်ထဲမှ မှင်သေသေကြည့်လိုက်ပြီး

"အဆင်ပြေတာတတ်လိုက်ကွာ..၊
ဒီနေ့ ....ဂီတ Class အတွက်ဂျူနီယာ
တွေ စာရင်းလာသွင်းမှာမလား.."

ရီဖေး က ဆံပင်တုတတ်ပေးနေရင်းပင်..
ခေါင်းငြိမ့်ပြကာ..

"အေးလေ ဒါပေမယ့်..
ဂီတကိုစိတ်ဝင်စားတယ့်သူထက်..
အားကစားဘက်ကို..စာရင်းသွင်းတယ့်သူကပိုများမယ်ထင်တယ်.."

"My Heartbeat "{[[COMPLETED]]}Where stories live. Discover now