Chapter ( 9 ) (Zawgyi+Unicode)

11.1K 1.3K 32
                                    

Chapter ( 9 ) (Zawgyi+Unicode)

မုေလြ႕လင္ ႏွင့္ က်န္းခ်န္ရန္ တို႔္က Wuji Xinjing လွ်ိဳ႕၀ွက္ ေရွးေဟာင္းသိုင္းက်မ္းကို ဘယ္လိုသိမ္းယူရမလဲဆုိတာကို ေဆြးေႏြးေနတာျဖစ္တယ္။ အဲ့ဒီအခ်ိန္မွာ ခိုျဖဴျဖဴ တစ္ေကာင္က ျပတင္းေပါက္ေပါင္ေပၚမွာ နားျပီး အသံတုိးတုိးညည္းလိုက္တယ္။ မုေလြ႕လင္က ခုိေျခေထာက္မွာ ကပ္ခ်ည္ထားတဲ့ ၀ါးျပြန္ေသးေသးထဲက စာလိပ္ကို ျဖဳတ္ယူလိုက္ျပီး က်န္းခ်န္ရန္ကို လွမ္းေပးလိုက္တယ္။ က်န္းခ်န္ရန္က စာရြက္ကိုျဖန္႕ျပီး အတြင္းအားနည္းနညး္ကို စာရြက္ထဲ ထည့္လိုက္ခ်ိန္မွာ စာေတြေပၚလာတယ္။ သူက အထဲက စာကို ဖတ္ရင္း နူတ္ခမ္းေထာင့္ေတြက မသိမသာ တြန္႕သြားခဲ့တယ္။

မုေလြ႕လင္က ေမးလိုက္တယ္။
" သတင္းထူးလား။ "
 မုေလြ႕လင္က စာကိုဖတ္ျပီး သက္ျပင္းခ်ရင္းေျပာလိုက္တယ္။

" ရွင့္ရဲ႕ အခြင့္အလမ္း ပြင့္လာျပီ။ သူေသသြားတဲ့အခါ ေတာင္ပိုင္းေဒသတစ္ခုလံုးရဲ႕ ႀသဇာအာဏာကို ရွင္ဆက္ခံျပီး ေတာင္ပိုင္း အရွင္သခင္ျဖစ္လာနို္င္တယ္။ တကယ္လို႕ ရွင္က လွ်ိဳ႕၀ွက္က်င့္ႀကံမႈက်မ္းကို ေလ့က်င့္ျပီး အားလံုး တတ္ကြ်မ္းသြားရင္ ဧကရာဇ္ျဖစ္ဖို႕ အားလံုး အသင့္ပဲ"

က်န္းခ်န္ရန္က ေပ်ာ္ရြင္စြာ ရယ္ေမာလိုက္တယ္။

ယြန္ခြန္ဖုန္းက သူတို႕ ေျပာဆိုေနတာကို ႀကားရေတာ့ ပထမ အံ့အားသင့္ေနရာကေန ေနာက္ပိုင္း စိတ္ပ်က္မႈကို ေျပာင္းလာတယ္။ စာထဲက ပါတဲ့ အေႀကာင္းရာကိုမေတြ႕ရေပမယ့္ သူတုိ႕နွစ္ေယာက္ေျပာေနတဲ့အေႀကာင္းက သူေသသြားမွာကို ေမွ်ာ္လင့္ေနေႀကာင္းျပသေနတယ္။ ျပီးေတာ့ သူတို႕နွစ္ေယာက္ ေနာက္ကြယ္ကေန သူ႕ရဲ႕ ႀသဇာအာဏာ နဲ႕ အခြင့္ေရးအားလံုးကို ခိုးဖို႕ေတာင္ စီစဥ္ေနေသးတယ္။ ဘယ္လိုေတာင္ အရွက္မရွိလိုက္တဲ့ နွစ္ေယာက္လဲ။

သူ႕ရဲ႕ရည္ရြယ္ခ်က္က မေကာင္းတဲ့ ဧကရာဇ္ကို ဖယ္ရွားျပီး နန္းတက္ဖုိ႕ျဖစ္တယ္။ သူနန္းတက္ရင္ လူေတြအတြက္ ပိုေကာင္းတဲ့ အေျခေနကို ဖန္တီးေပးမယ္လို႕ လူေတြက ယံုႀကည္ျပီး သူ႕ကို ေထာက္ခံႀကတာျဖစ္တယ္။ တကယ္လို႕ အခုခ်ိန္မွာ သူေသသြားမယ္ဆုိရင္ က်န္းခ်န္ရန္က သူ႕လက္ေအာက္က လူေတြကို အလြယ္တကူ စည္းရံုျပီး ေနျပည္ေတာ္ကို စစ္ခ်ိီျပီး တုိက္ခုိက္ဖို႕ ညႊန္ႀကားနုိင္မွာ ျဖစ္တယ္။ ဒါက အင္မတန္ကို ေကာက္က်စ္တဲ့ ၀ံပုေလြတစ္ေကာင္ရဲ႕ ရည္မွန္းခ်က္ပဲ။

ယြန္ခြန္ဖုန္းက လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ျပီး ေကာက္က်စ္တဲ့ လူနွစ္ေယာက္ကို သတ္ျပစ္ဖို႕ ဆံုးျဖတ္လိုက္တယ္။

"မန္႕က်န္းက လႊတ္လိုက္တဲ့ လူေတြက ယြန္ခြန္ဖုန္းရဲ႕  လွ်ိဳ႕၀ွက္စစ္သည္ေတာ္ေတြကို အနုိင္တုိက္နုိင္ခ်င္မွ တိုက္နုိင္မယ္။ ပိုစိတ္ခ်ရေအာင္ ေနာက္ထပ္ လူသတ္သမားေတြကို လႊတ္လိုက္ဦး။ မနက္ျဖန္ ယြန္ခြန္ဖုန္း အသက္ရွင္လို႕ မျဖစ္ဘူး။ "
 မုေလြ႕လင္ရဲ႕ စိတ္က ပိုရက္စက္တယ္။ သူမက စာရြက္ေလးကို မီးရိႈ႕လို္က္ျပီး ထပ္သတိေပးလိုက္တယ္။

 
" ေကာင္းျပီ။ ငါ လူသတ္သမားေတြက ထပ္လႊတ္လိုက္ပါ့မယ္။ "

က်န္းခ်န္ရန္က စာရြက္တစ္ရြက္ကို ျဖန္႕ျပီး စာနည္းနည္းေရးျပီး ၀ါးျပြန္ထဲထည့္လိုက္တယ္။ ျပီးေတာ့ ခုိတစ္ေကာင္ရဲ႕ေျခေထာက္မွာ ခ်ည္ေပးျပီး လႊတ္လိုက္တယ္။ သူတုိ႕က အခန္းထဲမွာ ခဏထိုင္ေနျပီး ဗံုသံက်ယ္က်ယ္ကို ႀကားတဲ့အခါ ဖေယာင္းတုိင္ကို ကိုင္ျပီး အခန္းထဲကေန လက္ခ်င္းခ်ိတ္ျပီး ထြက္သြားႀကတယ္။

ေနာက္ဆယ့္ငါးမိနစ္ေလာက္ႀကာေတာ့မွာ တုတ္တန္းေပၚမွာ ပုန္းေနတဲ့ လူနွစ္ေယာက္က သရဲေတြလိုမ်ိဳး အခန္းျပတင္းေပါက္ကို ျဖတ္ျပီး အျပင္ဘက္ကို ပ်ံသန္းထြက္ခြာသြားႀကတယ္။

ေျမာက္ပိုင္းနယ္စပ္ေခါင္းေဆာင္ မန္႕က်န္းက ယန္ခြန္ဖုန္းကို လုပ္ႀကံဖို႕ သြားေနတယ္ဆိုတဲ့ သတင္းကို က်န္းခ်န္ရန္ရလိုက္တယ္။ တကယ္လို႕ မန္႕က်န္းက လူေတြလုပ္ႀကံတာ မေအာင္ျမင္ရင္ သူကိုယ္တုိင္ သြားဖို႕ လုပ္ထားတယ္။

 ယြန္ခြန္ဖုန္းက သူနဲ႕ တညလံုး အတူရွိေနတဲ့ လူငယ္ေလးနဲ႕ ဒီအေႀကာင္းကို ေျပာေနရင္း ေဒါသေတြ ထိန္းမနိုင္ သိမ္းမရ ထြက္လာတယ္။ ျပီးေတာ့ မုေလြ႕လင္က သူ႕ကို မနက္ျဖန္ အသက္ရွင္ေနလို႕ မျဖစ္ဘူးဆိုတဲ့ စကားကို ဘာမွ မျဖစ္သလို ပံုမွန္ ေလသံနဲ႕ ေျပာေနနုိင္တယ္။ မုေလြ႕လင္.... ဘယ္ေလာက္ေတာင္ ရက္စက္ျပီး အတြင္းစိတ္ ပုပ္သိုးေနတဲ့ မိ္န္းမလဲ။ ဒီလို မိန္းမ မ်ိဳးကို သူမို႕ မ်က္စိကန္းျပီး သေဘာက်ေနမိတယ္။

ယြန္ခြန္ဖုန္းက ရင္ထဲက ခါးသက္တဲ့ အမ်က္ေဒါသကို ျမိဳသိပ္ျပီး လက္သီးဆုပ္လိုက္ျပီး က်ိဳးယြင္ရွန္႕ကို ေမးလိုက္တယ္။ယြန္ခြန္ဖုန္းက အေနာက္ဘက္ ေဒသနဲ႕ မဟာမိတ္ျပဳထားျပီး ေဒသခံေတာင္သူ လယ္သမားေတြဆီက တဆင့္ သတင္းအခ်က္လက္ေတြရဖို႕ ေရႊစ ေျမာက္ျမားစြာကို အသံုးျပဳေနတယ္။ ဒီအစီစဥ္ကို ဦးစီးေပးေနတဲ့သူက က်န္ခ်န္ရန္ျဖစ္တယ္။ က်န္းခ်န္ရန္က အေနာက္ဘက္ ေဒသရဲ႕ သတင္းအခ်က္လက္ေတြကို ျဖန္႕ျဖဴးတဲ့ အဓိက လူဆိုတာ သူ ဘယ္တုန္းကမွ မသိခဲ့ဘူး။ သူ႕ကို သတင္းအခ်က္လက္ေတြ ေရာင္းျပီး သူ႕ရဲ႕ အေရတြက္နုိင္တဲ့ ေရႊနဲ႕ ေငြစေတြကို တဖက္လွည့္နဲ႕ လိမ္ျပီး ယူေနတယ္။ ဒီလိုလူက သူ႕ရဲ႕ ေသြးေသာက္ ညီအစ္ကို ျဖစ္သင့္ရဲ႕လား။ သူ႕ရဲ႕ လက္ေထာက္ဗိုလ္ခ်ဳပ္ႀကီး တစ္ေယာက္က သတင္းအခ်က္လက္အတြက္ ေရႊေတြကို အမ်ားႀကီး ထပ္မံစုေဆာင္းထားတာ ကို သတိရလိုက္တယ္။ သူ ဘယ္လိုမွ လူယုတ္မာေတြ လက္ထဲ သူ႕ေရႊေတြ အေရာက္မခံနုိင္ေတာ့ဘူး။ သူ ခ်က္ခ်င္း ျပန္ေျပးျပီး ဒီအစီစဥ္ကို ရပ္တန္႕ပစ္ခ်င္လာတယ္။

အခု က်န္းခ်န္ရန္လက္ထဲကို ဒီေရႊေတြ ေပးရမွာလား။ သြားစမ္းပါ။ ဒီေရႊေတြအစား သူက က်န္းခ်န္ရန္ကို ဓါးအလက္ေပါင္း တစ္ေထာင္နဲ႕ ထိုးသတ္ပစ္ခ်င္ေနတယ္။ သူ႕ရဲ႕ အရိုးေတြကို တစ္စစီ ရိုက္ခ်ိဳးျပစ္ျပီး သူ႕ရဲ႕ အရိုးျပာေတြကို ခ်က္ခ်င္း ျမင္ေတြ႕ခ်င္လာတယ္။

"ဗိုလ္ခ်ဳပ္ယြန္၊ က်န္းခ်န္ရန္ နဲ႔ ခင္ဗ်ား ဘယ္လို ဆက္လုပ္မွာလဲ "


Zhou Yunsheng သည္အျခားတစ္ေယာက္ရဲ႕ လမး္ကို ပိတ္ျပီး ေမးလိုက္တယ္။

" သူ႕ကို စစ္တန္းလ်ားကို ဆြဲေခၚလာျပီး ျမွားအစင္းေပါင္းမ်ားစြာနဲ႕ သူ႕နွလံုးထဲကို ပစ္လိုက္မယ္။ "

ယြန္ခြန္ဖုန္းက သြားေတြကို ေစ့ျပီး ေျပာလိုက္တယ္။

"သူ႕ကို ခ်က္ခ်င္းသတ္လိုက္ရင္ သူ႕အတြက္ မသက္သာလြန္းဘူးလား။ ကြ်န္ေတာ့္မွာ ဒီထက္ေကာင္းတဲ့ အစီစဥ္ရွိတယ္။ ခင္ဗ်ား နားေထာင္ခ်င္လား"
က်ိဳးယြင္ရွန္႕က ျပံုးျပီး ေျပာလိုက္တယ္။

ယြန္ခြန္ဖုန္းက ခဏစဥ္းစားျပီး သူ႕ကိုေျပာလုိက္တယ္။

" တကယ္လို႕ သခင္ေလးယုမွာ အႀကံေကာင္းရွိတယ္ဆိုရင္ ကြ်န္ေတာ္ ယြန္ခြန္ဖုန္း ပူးေပါင္းေဆာင္ရြက္ပါ့မယ္။ သခင္ေလးယုက ေတာင္းပိုင္းကို အခုမွ ေရာက္တာဆိုေတာ့ နားစရာေနရာမရွိေလာက္ဘူး။ ဒါေႀကာင့္ ကြ်န္ေတာ့္ နန္းေတာ္ကို လိုက္ျပီး နားသင့္တယ္။ ျပီးေတာ့မွာ ေအးေအးေဆးေဆး ေဆြးေႏြးႀကေတာေပါ့"

သူ႕ရဲ႕နန္းေတာ္မွာ ေထာင္ခ်ီတဲ့ ေထာင္ေခ်ာက္ေတြကို တပ္ဆင္ထားလို႕ ယြီခ်န္းဟိုင္ရဲ႕ ရန္သူေတြ လိုက္လာမွာကို မမႈဘူး။ တကယ္လို႕ တေယာက္လာရင္ တေယာက္ကို သတ္ပစ္မယ္၊ နွစ္ေယာက္လာရင္ နွစ္ေယာက္လံုးကို သတ္ပစ္မယ္။ သူ႕ရဲ႕ ေတာင္ပိုင္းစစ္တပ္ကို ဆန္႕က်င္သူမွန္သမွ်ကို သူ သတ္ပစ္မွာျဖစ္တယ္။

အခုအျဖစ္ပ်က္ကို ႀကည့္ရမယ္ဆိုရင္ က်န္းခ်န္ရန္နဲ႕ မုေလြ႕လင္ကသာ မိသားစုႀကီးခုနစ္စုကို သတ္ျဖတ္လုယက္တဲ့ ျပစ္မႈကို က်ဴးလြန္ခဲ့ပံုရတယ္။ သူတုိ႕က လူေတြရဲ႕ ေဒါသကို နိႈးဆြဖို႕အတြက္ သူတို႕လုပ္ခဲ့တဲ့အျပစ္ကို ဂိုဏ္းခ်ဳပ္ယု အေပၚပံုခ်လိုက္ပံုရတယ္။ အဲ့ဒီေနာက္ သူတို႕ရဲ႕ အျပစ္ကို ဖံုးကြယ္ဖို႕ အသက္ရွင္က်န္ရစ္တဲ့ ဂုိဏ္းကလူမ်ားစြာကို သတ္ျဖတ္ခဲ့တယ္။ အခုလက္ရွျိဖစ္ေနတဲ့ မေကာင္းမႈအားလံုးက က်န္းခ်န္ရန္နဲ႕ မုေလြ႕လင္ဆီက အရင္းခံေနတယ္။ သူတုိ႕ကို အျမစ္ျဖဳတ္သတ္မွာပဲ ဒီလို မေကာင္းမႈက အဆံုးသတ္သြားလိမ့္မယ္။

ယြန္ခြန္ဖုန္းရဲ႕ သူနဲ႕သိတဲ့ လူနွစ္ေယာက္အေပၚထားတဲ့ အျမင္ေတြက လံုး၀ကို ေျပာင္းလဲသြားျပီျဖစ္တယ္။ သူက သူ႕ေဘးက မတရားခံရတဲ့ ဂုိဏ္းခ်ဳပ္လူရြယ္ေလးကို သနားႀကင္နာစြာႀကည့္လိုက္တယ္။

က်ိဳးယြင္ရွန္းက မသိခ်င္ေယာင္ေဆာင္ျပီး သစ္ပင္ႀကီးတစ္ပင္ကို တစ္ခ်က္ႀကည့္ျပီး ဗို္လ္ခ်ဳပ္ယြန္နဲ႕အတူ ေတာင္ပိုင္းစစ္တပ္ရဲ႕ အေျခစိုက္နန္းေတာ္ဆီကို ထြက္လာခဲ့တယ္။

သူတုိ႕ ထြက္သြားျပီးေနာက္ စိမ္းလန္းစိုေျပတဲ့ သစ္ပင္ႀကီးရဲ႕ အကိုင္းအခက္ေတြႀကားကေန ဇီရႊမ္ထြက္လာတယ္။ သူက အိမ္အတြင္းပိုင္းက ဘာျဖစ္တယ္ဆိုတာ မျမင္ရ၊ မႀကားရေပမယ့္ သူ စဥ္းစားႀကည့္လုိ္က္တယ္။ ယြီခ်န္းဟိုင္က ညႀကီး အခ်ိန္မေတာ္ လာေရာက္စူးစမ္းတဲ့ လူနွစ္ေယာက္က သူ႕ဂိုဏ္းကို တုက္ခိုက္ဖ်က္ဆီးတာနဲ႕ ပတ္သတ္ရမယ္လို႕ ယူဆလိုက္တယ္။

မိသားစု ခုနွစ္စု လုပ္ႀကံသတ္ျဖတ္ခံရတဲ့ အျဖစ္ဆုိးက ပိယြင္ရြာနဲ႕ မုအိမ္ေတာ္က လုပ္ခဲ့တာလား။ ဒါဆို သူတုိ႕က ဘာေႀကာင့္ ေရွးေဟာင္းဂိုဏ္းရဲ႕ ဂုိဏ္းခ်ဳပ္ေခါင္းေပၚ သူတုိ႕ အျပစ္ကို ပံုခ်ရတာလဲ။ ဒီလိုေတြးမိလိုက္တာနဲ႕ သူ ေဘးကေန တိတ္တဆိတ္ လိုက္ေခ်ာင္းေနတဲ့ ဂုိဏ္းခ်ဳပ္ေလးနဲ႕ပတ္သတ္ျပီး အရမ္းကို သနားလာမိတယ္။

က်န္းခ်န္ရန္နဲ႕ မုအိမ္ေတာ္တုိ႕က ရက္ေရာမႈနဲ႕ သနားႀကင္နာမႈေႀကာင့္ ျပည္မ သိုင္းေလာကမွာ နာမည္ႀကီးတယ္။ ဇီရႊမ္က သူတို႕ဆီမွာ ရက္စက္ႀကမ္းႀကဳတ္တဲ့ စိတ္ထားရွိမယ္လို႕ စိတ္ကူးႀကည့္လို႕ကို မရပါ။ ဒါေပမယ့္ အဲ့ဒီ နွစ္ေယာက္နဲ႕ နိႈင္းယွသ္ရင္ သူက ယြီခ်န္းဟိုင္းကို ပိုျပီး ယံုႀကည္တယ္။ ဒီအျဖစ္ပ်က္ႀကီးတစ္ခုလံုးက ဘယ္လိုမ်ားျဖစ္ပ်က္ခဲ့တာလဲ။

အမွန္တရားကို သိဖို႕ သူက ယြီခ်န္းဟိုင္ေနာက္ကို ထပ္ခ်ပ္မခြာဆက္လိုက္လာခဲ့တယ္။ သူက ေတာင္ပိုင္း ဗို္လ္ခ်ဳပ္ရဲ႕ နန္းေတာ္ႀကီးနဲ႕ မ်က္နွာခ်င္းဆုိင္မွာရွိတဲ့ တည္းခိုခန္းတစ္ခုမွာ ေႀကးျပားအနည္းငယ္ေပးျပီး အခန္းတစ္ခန္းကို ဌားရမ္းလိုက္တယ္။ ဇီရႊမ္က တည္းခို္ခန္းထဲမွာ တင္ပ်ဥ္ေခြထို္င္ျပီး သူ႕ကိုယ္ထဲက က်န္းခ်ီေတြကို ညွိဖို႕ ႀကိဳးစားလိုက္တယ္။ အႀကိမ္ေပါင္းမ်ားစြာ သူ႕စိတ္ေတြ ေဖာက္လြဲေဖာက္ျပန္ျဖစ္တဲ့အတြက္ သူ႕က်န္းခ်ီေတြက ေသြးေႀကာေတြထဲ ကေမာက္ကမ ျဖစ္ျပီး သူ႕ အတြင္းအားသိုေလွာင္ရာ တန္ထ်န္းက အက္သြားခဲ့တယ္။ တကယ္လို႕ သူက ဒီဟာကို ေနာက္ထပ္ မထိန္းခ်ဳပ္နုိင္ဘူး ဆိုရင္ သူ႕က်န္းခ်ီေတြ ေပါက္ကြဲျပီး သူက မေကာင္းဆိုး၀ါး လမ္းစဥ္ကို လံုးလံုးေရာက္သြားလိမ့္မယ္။

ဒါေပမယ့္ ဇီရႊမ္က သူ႕စိတ္ျငိမ္ေအာင္ ႀကာႀကာမထိန္းနုိင္ပါ။ သူက ယြီခ်န္းဟိုင္နဲ႕ မုေလြ႕လင္ႀကားက အခ်စ္နဲ႕ အမုန္းကို ခန္႕မွန္းမိျပီး ယြန္ခြန္ဖုန္းနဲ႕ အခုခ်ိန္ ဘာမ်ားလုပ္ေနမလဲဆိုျပီး ေတြးေနမိတယ္။ ျပည့္တန္ဆာေဂဟာက လွပတဲ့ ကေခ်သည္နဲ႕ သီခ်င္းသည္ေလးေတြက သူ႕ကို ဆြဲေဆာင္သြားေလမလား။ သူက ယြီခ်န္ဟုိင္ကို တစ္ေယာက္တည္း ပစ္မထားသင့္ဘူး။ ဒီလူရြယ္ေလး ဘာလုပ္ေနတယ္ဆိုတာ သူ သိသင့္တယ္ မဟုတ္ဘူးလား။

ဇီရႊမ္ရဲ႕ ရင္ဘတ္ထဲက ခံစားခ်က္ေတြ လႈပ္ခတ္သြားျပီးေနာက္ဆံုးမွာ သူ႕ စိတ္အာရံုထဲ သိမ္းဆည္းထားတဲ့ ညစ္ညမ္းတဲ့ ျမင္ကြင္းကို ျပန္လည္ျမင္ေယာင္လာတယ္။ သူက  ျပတင္းေပါက္ေဘာင္ကို ကိုင္ျပီး မ်က္ရည္ေတြ စီးက်ရင္း ညည္းညဴေနတဲ့ လူငယ္ေလးရဲ႕ ပံုရိပ္ကို ျမင္ေယာင္လာျပီး သူ႕ရင္ထဲ ျပင္းျပင္းထန္ထန္တုန္လႈပ္သြားတယ္။ သူ႕ရဲ႕ ခ်ီလွည့္လည္မႈ ကေမာက္ကမ ျဖစ္သြားျပီး ပါးစပ္က ေသြးအန္လာတယ္။ သူက ေသြးစြန္းသြားတဲ့ တည္းခုိခန္းနံရံကို အာရံုပ်ံ႕လြင့္စြာနဲ႕ ေငးစိုက္ႀကည့္ေနမိတယ္။ နာက်င္မႈေႀကာင့္ သူက စိတ္ပ်ံ႕လႊင့္ေနတဲ့ မ်က္နွာကို နာရီ၀က္ႀကာေအာင္ လက္နဲ႕ ဖံုးကြယ္ထားမိတယ္။



ဘုရား၊ ေက်းဇူးျပဳ၍ တပည့္ေတာ္ရဲ႕ အျပစ္မ်ားကို ခြင့္လႊတ္ၿပီး သူတို႔ကိုဆက္လက္ ရွင္သန္နုိုင္ေအာင္ လမ္းျပေတာ္မူပါ ဘုရား....

ဇီရႊမ္က လက္အုပ္ခ်ီဆုေတာင္းလုိက္ေပမယ့္ သူ႕စိတ္အာရံုက နည္းနည္းမွကို ျငိမ္ေအာင္ ထိ္န္းမရျဖစ္ေနတယ္။
 
ေနာက္တေန႕မွာ ယြန္ခြန္ဖုန္းက စစ္တန္းလ်ားကို သြားေနတုန္း ရာခ်ီတဲ့ မ်က္နွာဖံုးစြပ္ လူသတ္သမားေတြရုတ္တရက္ ေပၚလာျပီး သူ႕ကို သတ္ဖို႕ လုပ္တယ္။ ဒါေပမယ့္ ကံေကာင္းေထာက္မစြာနဲ႕ပဲ သူက ဒါေတြကို ႀကိဳသိထားျပီးျဖစ္လို႕ သူ႕ရဲ႕ လွ်ိဳ႕၀ွက္အေစာင့္ေတြနဲ႕ အသက္ေဘးက လြတ္ေအာင္ ကာကြယ္ထားနုိင္တယ္။ သူ႕ရဲ႕ လွ်ိဳ႕၀ွက္စစ္သည္ေတာ္ေတြက လူသတ္သမားေတြကို ၀ိုင္းရံျပီး ျမွားနဲ႕ အေသပစ္သတ္လိုက္ႀကတယ္။ သိုင္းပညာရွင္ေတြက သိုင္းဘယ္ေလာက္ပဲ ေတာ္ေတာ္ ျမွားအစင္းေရ ေထာင္ေပါင္းမ်ားစြာကို မယွဥ္နုိင္ႀကဘူး။ လူသတ္သမ်ားတခ်ိဳ႕က ပြဲခ်င္းျပီး ေသသြားေပမယ့္ တခ်ိဳ႕က ဒဏ္ရာ အျပင္းထန္ရထားတယ္။ ဒါေပမယ့္ လူသတ္သမားေတြက သူတုိ႕ ႀကိဳတင္ယူလာတဲ့ အဆိပ္ကို ေသာက္ျပီး သတ္ေသသြားႀကတယ္။

ယြန္ခြြန္ဖုန္းက အေလာင္းေတြကို စစ္ေဆးခုိင္းေပမယ့္ ဘာသဲလြန္စမွာ မက်န္ခဲ့ဘူး။ ဒါေႀကာင့္ သူက ေဒါသတႀကီးနဲ႕ ဗိုလ္ခ်ဳပ္အိမ္ေတာ္ကို ျပန္လာခ်င္ေယာင္ေဆာင္လိုက္တယ္။

အဲ့အခ်ိန္မွာ က်န္းခ်န္ရန္က လုပ္ႀကံမွႈ က်ရံႈးတယ္လို႕ႀကားေတာ့ ေဒါသအရွိန္နဲ႕ သူ႕ ဓါးရွည္နဲ႕ စားပြဲကို နွစ္ပိုင္း ခုတ္ျဖတ္လိုက္တယ္။ က်န္းခ်န္ရန္က ရက္နည္းနညး္ေစာင့္ျပီး ေတာင္ပိုင္းနန္းေတာ္ကို သြားျပီး လုပ္ႀကံခံရလို႕ ၀မ္းနည္းစကားေျပာခဲ့တယ္။ ဒါေပမယ့္ ယြန္ခြန္ဖုန္းက ဌက္ေမြးယပ္ေတာင္နဲ႕ပိုး၀တ္ရံု၀တ္ဆင္ထားတဲ့ လူငယ္ေလးနဲ႕ အျပင္ထြက္သြားတာကို ေတြ႕လိုက္ရတယ္။

ထိုလူငယ္က ပညာတတ္ မိသားစုမွဆင္းသက္လာသူျဖစ္တယ္။ သူငယ္ငယ္ေလးကတည္းက ကူညီတတ္သူလို႕ ေႀကာ္ႀကားျပီး  သူက ယြန္ခြန္ဖုန္း ယံုႀကည္ရတဲ့ အတိုင္ပင္ခံမႈးမတ္လည္းျဖစ္တယ္။ သူက ႏွစ္ရက္၊ သုံးရက္ အုပ္ခ်ဳပ္ၿပီးေနာက္သူက စစ္တပ္၏ယုံၾကည္မႈကိုရရွိခဲ့တယ္။

ယြန္ခြန္ဖုန္းက သူ႕ရဲ႕ ေအာင္ျမင္မႈ၊ ေတာက္ပမႈအတြက္ အျမဲ ႀကြား၀ါတတ္ေပမယ့္ ဒီလူငယ္ေလးနဲ႕ ေတြ႕ရင္ေတာ့ ေမးခြန္းေတြ အဆက္မျပတ္ေမးျပီး ဘာမွ မသိနားမလည္တဲ့ သူလိုပဲ လုပ္ေနတတ္တယ္။ တျဖည္းျဖည္းနဲ႕ က်န္းခ်န္ရန္က သူ ဖယ္ထုတ္ခံရျပီး သူ႕ေနရာမွာ ဒီေကာင္ေလးနဲ႕ အစားထိုးလိုက္တယ္ဆိုတာ သိလာတယ္။ သူက ျပန္လာတာေတာင္ ယြန္ခြန္ဖုန္းက သူ႕သတို႕သမီးေလာင္းနဲ႕ပဲရွိသင့္တယ္ဆိုျပီး အတင္းပဲ ျပန္လႊတ္ေနတယ္။ ဒါက သူ႕ကို အတင္းေမာင္းထုတ္ေနတယ္ဆိုတာ ရွင္းေနတာပဲ။
 
က်န္းခ်န္ရန္က သူ႕ကိုေခၚလိုက္ရင္ ခ်က္ခ်င္းျပန္လာပါ့မယ္ဆိုတာကို အျပံဳးနဲ႕ ကတိေပးရံဳသာရွိေတာ့တယ္။ သူက ေတာင္ပိုင္း ဗို္လ္ခ်ဳပ္အိမ္ေတာ္ကေန ထြက္လာေတာ့ အိ္မ္ေတာ္တံခါးအျပင္ဘက္မွာ ခ်ိတ္ဆြဲထားတဲ့ ေႀကး၀ါ ဆုိင္းဘုတ္ႀကီးကို ေမာ့ႀကည့္ျပီး တက္ရတာ အရမ္း ျမင့္မယ္လို႕ ရုတ္တရက္ ေတြးလိုက္မိတယ္။

က်န္းခ်န္ရန္က ျပန္လာျပီး သူ႕ရဲ႕ လွပတဲ့ သတုိ႕သမီး မုေလြ႕လင္ကို လြႊတ္ျပီး ယြန္ခြန္ဖုန္းဆီက သတင္းနိႈက္ခုိင္းဖို႕ ဆံုးျဖတ္လိုက္တယ္။ ခုတေလာ ယြန္ခြန္ဖုန္းရဲ႕ အျပဳမူေတြက အရမ္းကို ထူးဆန္းေနျပီး သူလုပ္ေနတာေတြ ေပၚသြားျပီလားဆိုတာ သိခ်င္လာမိတယ္။

မုေလြ႕လင္က ယြီခ်န္းဟိုင္ (က်ိဳးယြင္ရွန္႕) ကို တုိက္တဲ့ အဆိပ္တစ္ခြက္နဲ႕ အားလံဳးကို ရွင္းပစ္လိုက္သလိုပဲ ယြန္ခြန္ဖုနး္ကိုလည္း အဆိပ္တိုက္ျပီး အျပတ္ရွင္းလိုက္ခ်င္တယ္။ ဒါေပမယ့္ ယြန္ခြန္ဖုန္းရဲ႕ လက္ေအာက္ငယ္သားေတြက ယြီခ်န္းဟိုင္ရဲ႕ ဂုိဏ္းသားေတြနဲ႕ မတူပဲ လိမ္မာပါးနပ္လြန္းတယ္။

အထူးသျဖင့္ သူ သြားလည္တုန္း ယြန္ခြန္ဖုန္း ေသသြားရင္ သူ႕ကို ေသခ်ာေပါက္ သံသယ၀င္ျပီး ခ်က္ခ်င္းဖမ္းလို႕ ယြန္ခြန္ဖုန္းနဲ႕ အတူ ေျမျမွဳပ္လိုက္မွာ ေသခ်ာတယ္။ ယြန္ခြန္ဖုန္းရဲ႕ လက္ေအာက္က ေတာ္လွန္ေရးသမားေတြက အရမ္းကို ႀကမ္းတမ္းရက္စက္တဲ့သူေတြျဖစ္တယ္။ သူတုိ႕က သံသယရွိသူ တစ္ေယာက္ မလြတ္ေအာင္ အျပစ္မဲ့သူ ဆယ္ေယာက္ကို သတ္ျဖတ္မယ့္သူေတြျဖစ္တယ္။ ဒီလို ရက္စက္တဲ့ အျပတ္ရွင္းတဲ့ အျပဳမႈက မုေလြ႕လင္လို လူမ်ိဳးအတြက ္တကယ္ကို အသံုး၀င္တယ္။ 
========================
မုလွေ့လင် နှင့် ကျန်းချန်ရန် တို့်က Wuji Xinjing လျှို့ဝှက် ရှေးဟောင်းသိုင်းကျမ်းကို ဘယ်လိုသိမ်းယူရမလဲဆိုတာကို ဆွေးနွေးဖြစ်တယ်။ အဲ့ဒီအချိန်မှာ ခိုဖြူဖြူ တစ်ကောင်က ပြတင်းပေါက်ပေါင်ပေါ်မှာ နားပြီး အသံတိုးတိုးညည်းလိုက်တယ်။ မုလွေ့လင်က ခိုခြေထောက်မှာ ကပ်ချည်ထားတဲ့ ဝါးပြွန်သေးသေးထဲက စာလိပ်ကို ဖြုတ်ယူလိုက်ပြီး ကျန်းချန်ရန်ကို လှမ်းပေးလိုက်တယ်။ ကျန်းချန်ရန်က စာရွက်ကိုဖြန့်ပြီး အတွင်းအားနည်းနည်းကို စာရွက်ထဲ ထည့်လိုက်ချိန်မှာ စာတွေပေါ်လာတယ်။ သူက အထဲက စာကို ဖတ်ရင်း နူတ်ခမ်းထောင့်တွေက မသိမသာ တွန့်သွားခဲ့တယ်။

မုလွေ့လင်က မေးလိုက်တယ်။
" သတင်းထူးလား။ "
 မုလွေ့လင်က စာကိုဖတ်ပြီး သက်ပြင်းချရင်းပြောလိုက်တယ်။

" ရှင့်ရဲ့ အခွင့်အလမ်း ပွင့်လာပြီ။ သူသေသွားတဲ့အခါ တောင်ပိုင်းဒေသတစ်ခုလုံးရဲ့ သြဇာအာဏာကို ရှင်ဆက်ခံပြီး တောင်ပိုင်း အရှင်သခင်ဖြစ်လာနိုင်တယ်။ တကယ်လို့ ရှင်က လျှို့ဝှက်ကျင့်ကြံမှုကျမ်းကို လေ့ကျင့်ပြီး အားလုံး တတ်ကျွမ်းသွားရင် ဧကရာဇ်ဖြစ်ဖို့ အားလုံး အသင့်ပဲ"

ကျန်းချန်ရန်က ပျော်ရွင်စွာ ရယ်မောလိုက်တယ်။

ယွန်ခွန်ဖုန်းက သူတို့ ပြောဆိုနေတာကို ကြားရတော့ ပထမ အံ့အားသင့်နေရာကနေ နောက်ပိုင်း စိတ်ပျက်မှုကို ပြောင်းလာတယ်။ စာထဲက ပါတဲ့ အကြောင်းရာကိုမတွေ့ရပေမယ့် သူတို့နှစ်ယောက်ပြောနေတဲ့အကြောင်းက သူသေသွားမှာကို မျှော်လင့်နေကြောင်းပြသနေတယ်။ ပြီးတော့ သူတို့နှစ်ယောက် နောက်ကွယ်ကနေ သူ့ရဲ့ သြဇာအာဏာ နဲ့ အခွင့်ရေးအားလုံးကို ခိုးဖို့တောင် စီစဉ်နေသေးတယ်။ ဘယ်လိုတောင် အရှက်မရှိလိုက်တဲ့ နှစ်ယောက်လဲ။


သူ့ရဲ့ရည်ရွယ်ချက်က မကောင်းတဲ့ ဧကရာဇ်ကို ဖယ်ရှားပြီး နန်းတက်ဖို့ဖြစ်တယ်။ သူနန်းတက်ရင် လူတွေအတွက် ပိုကောင်းတဲ့ အခြေနေကို ဖန်တီးပေးမယ်လို့ လူတွေက ယုံကြည်ပြီး သူ့ကို ထောက်ခံကြတာဖြစ်တယ်။ တကယ်လို့ အခုချိန်မှာ သူသေသွားမယ်ဆိုရင် ကျန်းချန်ရန်က သူ့လက်အောက်က လူတွေကို အလွယ်တကူ စည်းရုံပြီး နေပြည်တော်ကို စစ်ချီပြီး တိုက်ခိုက်ဖို့ ညွှန်ကြားနိုင်မှာ ဖြစ်တယ်။ ဒါက အင်မတန်ကို ကောက်ကျစ်တဲ့ ဝံပုလွေတစ်ကောင်ရဲ့ ရည်မှန်းချက်ပဲ။

ယွန်ခွန်ဖုန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကောက်ကျစ်တဲ့ လူနှစ်ယောက်ကို သတ်ပြစ်ဖို့ ဆုံးဖြတ်လိုက်တယ်။


"မန့်ကျန်းက လွှတ်လိုက်တဲ့ လူတွေက ယွန်ခွန်ဖုန်းရဲ့  လျှို့ဝှက်စစ်သည်တော်တွေကို အနိုင်တိုက်နိုင်ချင်မှ တိုက်နိုင်မယ်။ ပိုစိတ်ချရအောင် နောက်ထပ် လူသတ်သမားတွေကို လွှတ်လိုက်ဦး။ မနက်ဖြန် ယွန်ခွန်ဖုန်း အသက်ရှင်လို့ မဖြစ်ဘူး။ "
 မုလွေ့လင်ရဲ့ စိတ်က ပိုရက်စက်တယ်။ သူမက စာရွက်လေးကို မီးရှို့လိုက်ပြီး ထပ်သတိပေးလိုက်တယ်။

 
" ကောင်းပြီ။ ငါ လူသတ်သမားတွေက ထပ်လွှတ်လိုက်ပါ့မယ်။ "

ကျန်းချန်ရန်က စာရွက်တစ်ရွက်ကို ဖြန့်ပြီး စာနည်းနည်းရေးပြီး ဝါးပြွန်ထဲထည့်လိုက်တယ်။ ပြီးတော့ ခိုတစ်ကောင်ရဲ့ခြေထောက်မှာ ချည်ပေးပြီး လွှတ်လိုက်တယ်။ သူတို့က အခန်းထဲမှာ ခဏထိုင်နေပြီး ဗုံသံကျယ်ကျယ်ကို ကြားတဲ့အခါ ဖယောင်းတိုင်ကို ကိုင်ပြီး အခန်းထဲကနေ လက်ချင်းချိတ်ပြီး ထွက်သွားကြတယ်။

နောက်ဆယ့်ငါးမိနစ်လောက်ကြာတော့မှာ တုတ်တန်းပေါ်မှာ ပုန်းနေတဲ့ လူနှစ်ယောက်က သရဲတွေလိုမျိုး အခန်းပြတင်းပေါက်ကို ဖြတ်ပြီး အပြင်ဘက်ကို ပျံသန်းထွက်ခွာသွားကြတယ်။

မြောက်ပိုင်းနယ်စပ်ခေါင်းဆောင် မန့်ကျန်းက ယန်ခွန်ဖုန်းကို လုပ်ကြံဖို့ သွားနေတယ်ဆိုတဲ့ သတင်းကို ကျန်းချန်ရန်ရလိုက်တယ်။ တကယ်လို့ မန့်ကျန်းက လူတွေလုပ်ကြံတာ မအောင်မြင်ရင် သူကိုယ်တိုင် သွားဖို့ လုပ်ထားတယ်။

 ယွန်ခွန်ဖုန်းက သူနဲ့ တညလုံး အတူရှိနေတဲ့ လူငယ်လေးနဲ့ ဒီအကြောင်းကို ပြောနေရင်း ဒေါသတွေ ထိန်းမနိုင် သိမ်းမရ ထွက်လာတယ်။ ပြီးတော့ မုလွေ့လင်က သူ့ကို မနက်ဖြန် အသက်ရှင်နေလို့ မဖြစ်ဘူးဆိုတဲ့ စကားကို ဘာမှ မဖြစ်သလို ပုံမှန် လေသံနဲ့ ပြောနေနိုင်တယ်။ မုလွေ့လင်.... ဘယ်လောက်တောင် ရက်စက်ပြီး အတွင်းစိတ် ပုပ်သိုးနေတဲ့ မိန်းမလဲ။ ဒီလို မိန်းမ မျိုးကို သူမို့ မျက်စိကန်းပြီး သဘောကျနေမိတယ်။

ယွန်ခွန်ဖုန်းက ရင်ထဲက ခါးသက်တဲ့ အမျက်ဒေါသကို မြိုသိပ်ပြီး လက်သီးဆုပ်လိုက်ပြီး ကျိုးယွင်ရှန့်ကို မေးလိုက်တယ်။ယွန်ခွန်ဖုန်းက အနောက်ဘက် ဒေသနဲ့ မဟာမိတ်ပြုထားပြီး ဒေသခံတောင်သူ လယ်သမားတွေဆီက တဆင့် သတင်းအချက်လက်တွေရဖို့ ရွှေစ မြောက်မြားစွာကို အသုံးပြုနေတယ်။ ဒီအစီစဉ်ကို ဦးစီးပေးနေတဲ့သူက ကျန်ချန်ရန်ဖြစ်တယ်။ ကျန်းချန်ရန်က အနောက်ဘက် ဒေသရဲ့ သတင်းအချက်လက်တွေကို ဖြန့်ဖြူးတဲ့ အဓိက လူဆိုတာ သူ ဘယ်တုန်းကမှ မသိခဲ့ဘူး။ သူ့ကို သတင်းအချက်လက်တွေ ရောင်းပြီး သူ့ရဲ့ အရေတွက်နိုင်တဲ့ ရွှေနဲ့ ငွေစတွေကို တဖက်လှည့်နဲ့ လိမ်ပြီး ယူနေတယ်။ ဒီလိုလူက သူ့ရဲ့ သွေးသောက် ညီအစ်ကို ဖြစ်သင့်ရဲ့လား။ သူ့ရဲ့ လက်ထောက်ဗိုလ်ချုပ်ကြီး တစ်ယောက်က သတင်းအချက်လက်အတွက် ရွှေတွေကို အများကြီး ထပ်မံစုဆောင်းထားတာ ကို သတိရလိုက်တယ်။ သူ ဘယ်လိုမှ လူယုတ်မာတွေ လက်ထဲ သူ့ရွှေတွေ အရောက်မခံနိုင်တော့ဘူး။ သူ ချက်ချင်း ပြန်ပြေးပြီး ဒီအစီစဉ်ကို ရပ်တန့်ပစ်ချင်လာတယ်။

အခု ကျန်းချန်ရန်လက်ထဲကို ဒီရွှေတွေ ပေးရမှာလား။ သွားစမ်းပါ။ ဒီရွှေတွေအစား သူက ကျန်းချန်ရန်ကို ဓါးအလက်ပေါင်း တစ်ထောင်နဲ့ ထိုးသတ်ပစ်ချင်နေတယ်။ သူ့ရဲ့ အရိုးတွေကို တစ်စစီ ရိုက်ချိုးပြစ်ပြီး သူ့ရဲ့ အရိုးပြာတွေကို ချက်ချင်း မြင်တွေ့ချင်လာတယ်။

"ဗိုလ်ချုပ်ယွန်၊ ကျန်းချန်ရန် နဲ့ ခင်ဗျား ဘယ်လို ဆက်လုပ်မှာလဲ "


Zhou Yunsheng သည်အခြားတစ်ယောက်ရဲ့ လမ်းကို ပိတ်ပြီး မေးလိုက်တယ်။

" သူ့ကို စစ်တန်းလျားကို ဆွဲခေါ်လာပြီး မြှားအစင်းပေါင်းများစွာနဲ့ သူ့နှလုံးထဲကို ပစ်လိုက်မယ်။ "

ယွန်ခွန်ဖုန်းက သွားတွေကို စေ့ပြီး ပြောလိုက်တယ်။

"သူ့ကို ချက်ချင်းသတ်လိုက်ရင် သူ့အတွက် မသက်သာလွန်းဘူးလား။ ကျွန်တော့်မှာ ဒီထက်ကောင်းတဲ့ အစီစဉ်ရှိတယ်။ ခင်ဗျား နားထောင်ချင်လား"
ကျိုးယွင်ရှန့်က ပြုံးပြီး ပြောလိုက်တယ်။

ZhouYun sheng သည်ပြုံးပြီးပြုမူခဲ့သည်။ ယွန်ခွန်ဖုန်းက ခဏစဉ်းစားပြီး သူ့ကိုပြောလိုက်တယ်။

" တကယ်လို့ သခင်လေးယုမှာ အကြံကောင်းရှိတယ်ဆိုရင် ကျွန်တော် ယွန်ခွန်ဖုန်း ပူးပေါင်းဆောင်ရွက်ပါ့မယ်။ သခင်လေးယုက တောင်းပိုင်းကို အခုမှ ရောက်တာဆိုတော့ နားစရာနေရာမရှိလောက်ဘူး။ ဒါကြောင့် ကျွန်တော့် နန်းတော်ကို လိုက်ပြီး နားသင့်တယ်။ ပြီးတော့မှာ အေးအေးဆေးဆေး ဆွေးနွေးကြတောပေါ့"

သူ့ရဲ့နန်းတော်မှာ ထောင်ချီတဲ့ ထောင်ချောက်တွေကို တပ်ဆင်ထားလို့ ယွီချန်းဟိုင်ရဲ့ ရန်သူတွေ လိုက်လာမှာကို မမှုဘူး။ တကယ်လို့ တယောက်လာရင် တယောက်ကို သတ်ပစ်မယ်၊ နှစ်ယောက်လာရင် နှစ်ယောက်လုံးကို သတ်ပစ်မယ်။ သူ့ရဲ့ တောင်ပိုင်းစစ်တပ်ကို ဆန့်ကျင်သူမှန်သမျှကို သူ သတ်ပစ်မှာဖြစ်တယ်။

အခုအဖြစ်ပျက်ကို ကြည့်ရမယ်ဆိုရင် ကျန်းချန်ရန်နဲ့ မုလွေ့လင်ကသာ မိသားစုကြီးခုနစ်စုကို သတ်ဖြတ်လုယက်တဲ့ ပြစ်မှုကို ကျူးလွန်ခဲ့ပုံရတယ်။ သူတို့က လူတွေရဲ့ ဒေါသကို နှိုးဆွဖို့အတွက် သူတို့လုပ်ခဲ့တဲ့အပြစ်ကို ဂိုဏ်းချုပ်ယု အပေါ်ပုံချလိုက်ပုံရတယ်။ အဲ့ဒီနောက် သူတို့ရဲ့ အပြစ်ကို ဖုံးကွယ်ဖို့ အသက်ရှင်ကျန်ရစ်တဲ့ ဂိုဏ်းကလူများစွာကို သတ်ဖြတ်ခဲ့တယ်။ အခုလက်ရြှိဖစ်နေတဲ့ မကောင်းမှုအားလုံးက ကျန်းချန်ရန်နဲ့ မုလွေ့လင်ဆီက အရင်းခံနေတယ်။ သူတို့ကို အမြစ်ဖြုတ်သတ်မှာပဲ ဒီလို မကောင်းမှုက အဆုံးသတ်သွားလိမ့်မယ်။

ယွန်ခွန်ဖုန်းရဲ့ သူနဲ့သိတဲ့ လူနှစ်ယောက်အပေါ်ထားတဲ့ အမြင်တွေက လုံးဝကို ပြောင်းလဲသွားပြီဖြစ်တယ်။ သူက သူ့ဘေးက မတရားခံရတဲ့ ဂိုဏ်းချုပ်လူရွယ်လေးကို သနားကြင်နာစွာကြည့်လိုက်တယ်။

ကျိုးယွင်ရှန်းက မသိချင်ယောင်ဆောင်ပြီး သစ်ပင်ကြီးတစ်ပင်ကို တစ်ချက်ကြည့်ပြီး ဗိုလ်ချုပ်ယွန်နဲ့အတူ တောင်ပိုင်းစစ်တပ်ရဲ့ အခြေစိုက်နန်းတော်ဆီကို ထွက်လာခဲ့တယ်။

သူတို့ ထွက်သွားပြီးနောက် စိမ်းလန်းစိုပြေတဲ့ သစ်ပင်ကြီးရဲ့ အကိုင်းအခက်တွေကြားကနေ ဇီရွှမ်ထွက်လာတယ်။ သူက အိမ်အတွင်းပိုင်းက ဘာဖြစ်တယ်ဆိုတာ မမြင်ရ၊ မကြားရပေမယ့် သူ စဉ်းစားကြည့်လိုက်တယ်။ ယွီချန်းဟိုင်က ညကြီး အချိန်မတော် လာရောက်စူးစမ်းတဲ့ လူနှစ်ယောက်က သူ့ဂိုဏ်းကို တုက်ခိုက်ဖျက်ဆီးတာနဲ့ ပတ်သတ်ရမယ်လို့ ယူဆလိုက်တယ်။

မိသားစု ခုနှစ်စု လုပ်ကြံသတ်ဖြတ်ခံရတဲ့ အဖြစ်ဆိုးက ပိယွင်ရွာနဲ့ မုအိမ်တော်က လုပ်ခဲ့တာလား။ ဒါဆို သူတို့က ဘာကြောင့် ရှေးဟောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ခေါင်းပေါ် သူတို့ အပြစ်ကို ပုံချရတာလဲ။ ဒီလိုတွေးမိလိုက်တာနဲ့ သူ ဘေးကနေ တိတ်တဆိတ် လိုက်ချောင်းနေတဲ့ ဂိုဏ်းချုပ်လေးနဲ့ပတ်သတ်ပြီး အရမ်းကို သနားလာမိတယ်။

ကျန်းချန်ရန်နဲ့ မုအိမ်တော်တို့က ရက်ရောမှုနဲ့ သနားကြင်နာမှုကြောင့် ပြည်မ သိုင်းလောကမှာ နာမည်ကြီးတယ်။ ဇီရွှမ်က သူတို့ဆီမှာ ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ထားရှိမယ်လို့ စိတ်ကူးကြည့်လို့ကို မရပါ။ ဒါပေမယ့် အဲ့ဒီ နှစ်ယောက်နဲ့ နှိုင်းယှသ်ရင် သူက ယွီချန်းဟိုင်းကို ပိုပြီး ယုံကြည်တယ်။ ဒီအဖြစ်ပျက်ကြီးတစ်ခုလုံးက ဘယ်လိုများဖြစ်ပျက်ခဲ့တာလဲ။

အမှန်တရားကို သိဖို့ သူက ယွီချန်းဟိုင်နောက်ကို ထပ်ချပ်မခွာဆက်လိုက်လာခဲ့တယ်။ သူက တောင်ပိုင်း ဗိုလ်ချုပ်ရဲ့ နန်းတော်ကြီးနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ တည်းခိုခန်းတစ်ခုမှာ ကြေးပြားအနည်းငယ်ပေးပြီး အခန်းတစ်ခန်းကို ဌားရမ်းလိုက်တယ်။ ဇီရွှမ်က တည်းခိုခန်းထဲမှာ တင်ပျဉ်ခွေထိုင်ပြီး သူ့ကိုယ်ထဲက ကျန်းချီတွေကို ညှိဖို့ ကြိုးစားလိုက်တယ်။ အကြိမ်ပေါင်းများစွာ သူ့စိတ်တွေ ဖောက်လွဲဖောက်ပြန်ဖြစ်တဲ့အတွက် သူ့ကျန်းချီတွေက သွေးကြောတွေထဲ ကမောက်ကမ ဖြစ်ပြီး သူ့ အတွင်းအားသိုလှောင်ရာ တန်ထျန်းက အက်သွားခဲ့တယ်။ တကယ်လို့ သူက ဒီဟာကို နောက်ထပ် မထိန်းချုပ်နိုင်ဘူး ဆိုရင် သူ့ကျန်းချီတွေ ပေါက်ကွဲပြီး သူက မကောင်းဆိုးဝါး လမ်းစဉ်ကို လုံးလုံးရောက်သွားလိမ့်မယ်။

ဒါပေမယ့် ဇီရွှမ်က သူ့စိတ်ငြိမ်အောင် ကြာကြာမထိန်းနိုင်ပါ။ သူက ယွီချန်းဟိုင်နဲ့ မုလွေ့လင်ကြားက အချစ်နဲ့ အမုန်းကို ခန့်မှန်းမိပြီး ယွန်ခွန်ဖုန်းနဲ့ အခုချိန် ဘာများလုပ်နေမလဲဆိုပြီး တွေးနေမိတယ်။ ပြည့်တန်ဆာဂေဟာက လှပတဲ့ ကချေသည်နဲ့ သီချင်းသည်လေးတွေက သူ့ကို ဆွဲဆောင်သွားလေမလား။ သူက ယွီချန်ဟိုင်ကို တစ်ယောက်တည်း ပစ်မထားသင့်ဘူး။ ဒီလူရွယ်လေး ဘာလုပ်နေတယ်ဆိုတာ သူ သိသင့်တယ် မဟုတ်ဘူးလား။

ဇီရွှမ်ရဲ့ ရင်ဘတ်ထဲက ခံစားချက်တွေ လှုပ်ခတ်သွားပြီးနောက်ဆုံးမှာ သူ့ စိတ်အာရုံထဲ သိမ်းဆည်းထားတဲ့ ညစ်ညမ်းတဲ့ မြင်ကွင်းကို ပြန်လည်မြင်ယောင်လာတယ်။ သူက  ပြတင်းပေါက်ဘောင်ကို ကိုင်ပြီး မျက်ရည်တွေ စီးကျရင်း ညည်းညူနေတဲ့ လူငယ်လေးရဲ့ ပုံရိပ်ကို မြင်ယောင်လာပြီး သူ့ရင်ထဲ ပြင်းပြင်းထန်ထန်တုန်လှုပ်သွားတယ်။ သူ့ရဲ့ ချီလှည့်လည်မှု ကမောက်ကမ ဖြစ်သွားပြီး ပါးစပ်က သွေးအန်လာတယ်။ သူက သွေးစွန်းသွားတဲ့ တည်းခိုခန်းနံရံကို အာရုံပျံ့လွင့်စွာနဲ့ ငေးစိုက်ကြည့်နေမိတယ်။ နာကျင်မှုကြောင့် သူက စိတ်ပျံ့လွှင့်နေတဲ့ မျက်နှာကို နာရီဝက်ကြာအောင် လက်နဲ့ ဖုံးကွယ်ထားမိတယ်။



ဘုရား၊ ကျေးဇူးပြု၍ တပည့်တော်ရဲ့ အပြစ်များကို ခွင့်လွှတ်ပြီး သူတို့ကိုဆက်လက် ရှင်သန်နိုင်အောင် လမ်းပြတော်မူပါ ဘုရား....

ဇီရွှမ်က လက်အုပ်ချီဆုတောင်းလိုက်ပေမယ့် သူ့စိတ်အာရုံက နည်းနည်းမှကို ငြိမ်အောင် ထိန်းမရဖြစ်နေတယ်။
 
နောက်တနေ့မှာ ယွန်ခွန်ဖုန်းက စစ်တန်းလျားကို သွားနေတုန်း ရာချီတဲ့ မျက်နှာဖုံးစွပ် လူသတ်သမားတွေရုတ်တရက် ပေါ်လာပြီး သူ့ကို သတ်ဖို့ လုပ်တယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ သူက ဒါတွေကို ကြိုသိထားပြီးဖြစ်လို့ သူ့ရဲ့ လျှို့ဝှက်အစောင့်တွေနဲ့ အသက်ဘေးက လွတ်အောင် ကာကွယ်ထားနိုင်တယ်။ သူ့ရဲ့ လျှို့ဝှက်စစ်သည်တော်တွေက လူသတ်သမားတွေကို ဝိုင်းရံပြီး မြှားနဲ့ အသေပစ်သတ်လိုက်ကြတယ်။ သိုင်းပညာရှင်တွေက သိုင်းဘယ်လောက်ပဲ တော်တော် မြှားအစင်းရေ ထောင်ပေါင်းများစွာကို မယှဉ်နိုင်ကြဘူး။ လူသတ်သများတချို့က ပွဲချင်းပြီး သေသွားပေမယ့် တချို့က ဒဏ်ရာ အပြင်းထန်ရထားတယ်။ ဒါပေမယ့် လူသတ်သမားတွေက သူတို့ ကြိုတင်ယူလာတဲ့ အဆိပ်ကို သောက်ပြီး သတ်သေသွားကြတယ်။

ယွန်ခွန်ဖုန်းက အလောင်းတွေကို စစ်ဆေးခိုင်းပေမယ့် ဘာသဲလွန်စမှာ မကျန်ခဲ့ဘူး။ ဒါကြောင့် သူက ဒေါသတကြီးနဲ့ ဗိုလ်ချုပ်အိမ်တော်ကို ပြန်လာချင်ယောင်ဆောင်လိုက်တယ်။

အဲ့အချိန်မှာ ကျန်းချန်ရန်က လုပ်ကြံမှှု ကျရှုံးတယ်လို့ကြားတော့ ဒေါသအရှိန်နဲ့ သူ့ ဓါးရှည်နဲ့ စားပွဲကို နှစ်ပိုင်း ခုတ်ဖြတ်လိုက်တယ်။ ကျန်းချန်ရန်က ရက်နည်းနည်းစောင့်ပြီး တောင်ပိုင်းနန်းတော်ကို သွားပြီး လုပ်ကြံခံရလို့ ဝမ်းနည်းစကားပြောခဲ့တယ်။ ဒါပေမယ့် ယွန်ခွန်ဖုန်းက ဌက်မွေးယပ်တောင်နဲ့ပိုးဝတ်ရုံဝတ်ဆင်ထားတဲ့ လူငယ်လေးနဲ့ အပြင်ထွက်သွားတာကို တွေ့လိုက်ရတယ်။

ထိုလူငယ်က ပညာတတ် မိသားစုမှဆင်းသက်လာသူဖြစ်တယ်။ သူငယ်ငယ်လေးကတည်းက ကူညီတတ်သူလို့ ကြော်ကြားပြီး  သူက ယွန်ခွန်ဖုန်း ယုံကြည်ရတဲ့ အတိုင်ပင်ခံမှုးမတ်လည်းဖြစ်တယ်။ သူက နှစ်ရက်၊ သုံးရက် အုပ်ချုပ်ပြီးနောက်သူက စစ်တပ်၏ယုံကြည်မှုကိုရရှိခဲ့တယ်။

ယွန်ခွန်ဖုန်းက သူ့ရဲ့ အောင်မြင်မှု၊ တောက်ပမှုအတွက် အမြဲ ကြွားဝါတတ်ပေမယ့် ဒီလူငယ်လေးနဲ့ တွေ့ရင်တော့ မေးခွန်းတွေ အဆက်မပြတ်မေးပြီး ဘာမှ မသိနားမလည်တဲ့ သူလိုပဲ လုပ်နေတတ်တယ်။ တဖြည်းဖြည်းနဲ့ ကျန်းချန်ရန်က သူ ဖယ်ထုတ်ခံရပြီး သူ့နေရာမှာ ဒီကောင်လေးနဲ့ အစားထိုးလိုက်တယ်ဆိုတာ သိလာတယ်။ သူက ပြန်လာတာတောင် ယွန်ခွန်ဖုန်းက သူ့သတို့သမီးလောင်းနဲ့ပဲရှိသင့်တယ်ဆိုပြီး အတင်းပဲ ပြန်လွှတ်နေတယ်။ ဒါက သူ့ကို အတင်းမောင်းထုတ်နေတယ်ဆိုတာ ရှင်းနေတာပဲ။
 
ကျန်းချန်ရန်က သူ့ကိုခေါ်လိုက်ရင် ချက်ချင်းပြန်လာပါ့မယ်ဆိုတာကို အပြုံးနဲ့ ကတိပေးရုံသာရှိတော့တယ်။ သူက တောင်ပိုင်း ဗိုလ်ချုပ်အိမ်တော်ကနေ ထွက်လာတော့ အိမ်တော်တံခါးအပြင်ဘက်မှာ ချိတ်ဆွဲထားတဲ့ ကြေးဝါ ဆိုင်းဘုတ်ကြီးကို မော့ကြည့်ပြီး တက်ရတာ အရမ်း မြင့်မယ်လို့ ရုတ်တရက် တွေးလိုက်မိတယ်။

ကျန်းချန်ရန်က ပြန်လာပြီး သူ့ရဲ့ လှပတဲ့ သတို့သမီး မုလွေ့လင်ကို လွှတ်ပြီး ယွန်ခွန်ဖုန်းဆီက သတင်းနှိုက်ခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ခုတလော ယွန်ခွန်ဖုန်းရဲ့ အပြုမူတွေက အရမ်းကို ထူးဆန်းနေပြီး သူလုပ်နေတာတွေ ပေါ်သွားပြီလားဆိုတာ သိချင်လာမိတယ်။

မုလွေ့လင်က ယွီချန်းဟိုင် (ကျိုးယွင်ရှန့်) ကို တိုက်တဲ့ အဆိပ်တစ်ခွက်နဲ့ အားလုံးကို ရှင်းပစ်လိုက်သလိုပဲ ယွန်ခွန်ဖုန်းကိုလည်း အဆိပ်တိုက်ပြီး အပြတ်ရှင်းလိုက်ချင်တယ်။ ဒါပေမယ့် ယွန်ခွန်ဖုန်းရဲ့ လက်အောက်ငယ်သားတွေက ယွီချန်းဟိုင်ရဲ့ ဂိုဏ်းသားတွေနဲ့ မတူပဲ လိမ်မာပါးနပ်လွန်းတယ်။

အထူးသဖြင့် သူ သွားလည်တုန်း ယွန်ခွန်ဖုန်း သေသွားရင် သူ့ကို သေချာပေါက် သံသယဝင်ပြီး ချက်ချင်းဖမ်းလို့ ယွန်ခွန်ဖုန်းနဲ့ အတူ မြေမြှုပ်လိုက်မှာ သေချာတယ်။ ယွန်ခွန်ဖုန်းရဲ့ လက်အောက်က တော်လှန်ရေးသမားတွေက အရမ်းကို ကြမ်းတမ်းရက်စက်တဲ့သူတွေဖြစ်တယ်။ သူတို့က သံသယရှိသူ တစ်ယောက် မလွတ်အောင် အပြစ်မဲ့သူ ဆယ်ယောက်ကို သတ်ဖြတ်မယ့်သူတွေဖြစ်တယ်။ ဒီလို ရက်စက်တဲ့ အပြတ်ရှင်းတဲ့ အပြုမှုက မုလွေ့လင်လို လူမျိုးအတွက ်တကယ်ကို အသုံးဝင်တယ်။ 
========================

နတ်ဆိုးသခင်နှင့် သူတော်စင်(QWFOD Extra 2 )( myanmar traslation)Where stories live. Discover now