Chapter - 10 ( zawgyi+unicode)

10.4K 1.3K 15
                                    

Chapter - 10 ( zawgyi+unicode)

မုေလြ႕လင္က ၀ိုင္နဲ႕ အေကာင္းဆံုးဟင္းပြဲေတြကို တည္ခင္းျပီး ယြန္ခြန္ဖုန္းကို ညစာစားဖုိ႕ ဖိတ္ေခၚလိုက္တယ္။ ညစာစားခ်ိန္မွာ သူ႕ကို ၀ိုင္အေကာင္းစားေတြကို မူးေအာင္တုိက္ဖို႕ ရည္ရြယ္ထားတယ္။ အရင္တခါ လုပ္ႀကံမႈ မေအာင္ျမင္ရတဲ့ အေႀကာင္းရင္းက ယြန္ခြန္ဖုန္းက ေသခ်ာႀကိဳတင္ကာကြယ္ထားလို႕ျဖစ္တယ္။ အဲ့ဒီေနာက္ ယြန္ခြန္ဖုန္းက သူမ ေစ့စပ္ထားတဲ့သူနဲ႕ ဆက္ဆံေရးေအးစက္ျပီး ခပ္ခြာခြာျဖစ္လာတယ္။ ယြန္ခြန္ဖုန္းက သူတို႕ နွစ္ေယာက္ ပူးေပါင္းလုပ္ေဆာင္ထားတာကို သံသယ မ၀င္ဘူးလို႕ မေျပာနုိင္ဘူး။
အခုခ်ိန္ မုေလြ႕လင္ သိခ်င္တဲ့ ေမးခြန္းကေတာ့ ယြန္ခြန္ဖုန္း စိတ္ထဲမွာ ဘာေတြေတြးေနသလဲဆိုတာပဲ။ သူ ဘာေတြးေနတယ္ဆိုတာ သိရရင္ သူနဲ႕ က်န္းခ်န္ရန္တို႕နွစ္ေယာက္ အစီစဥ္သစ္ကို ထပ္ျပီးေရးဆြဲနုိင္မွာျဖစ္တယ္။
ပိယြင္ရြာနဲ႕ မုအိမ္ေတာ္က ဒီတုိင္းျပည္ထဲမွာ ဂုဏ္သိကၡာ ရွိတယ္ဆိုေပမယ့္ စစ္တပ္ေပါင္းမ်ားစြာကို အမိန္႕ေပးနုိင္တဲ့ ယြန္ခြန္ဖုန္းနဲ႕ စာရင္ ဘာမွ မဟုတ္ေတာ့ဘူး။ တကယ္လို႕ သူတုိ႕ကသာ ယြန္ခြန္ဖုန္းနဲ႕ရန္သူျဖစ္သြားမယ္ဆုိရင္ အနာဂါတ္မွာ သူတို႕ သုတ္သင္ဖယ္ရွားခံရမွာ ေသခ်ာတယ္။ ဒီစိုးရိမ္စိတ္ေႀကာင့္မုေလြ႕လင္က ညစာစားပြဲကို အားတက္သေရာ စီစဥ္လိုက္တာျဖစ္တယ္။

လတ္တေလာကာလအတြင္း က်ိဳးယြင္ရွန္႕က ေတာင္ပိုင္းဗို္လ္ခ်ဳပ္ရဲ႕စံအိမ္ေတာ္ႀကီးက အရမ္းကိုေပ်ာ့ေျပာင္းျပီး ဇိမ္ရွိလွတဲ့ ကုတင္ေပၚမွာ လဲေလ်ာင္းေနျပီး ေက်ာက္စိမ္းျဖဴအရက္အိုးထဲထည့္ထားတဲ့ ၀ိုင္အေကာင္းစားေတြကို ပါးစပ္ထဲေလာင္းထည့္လိုက္ျပီး ရယ္ရႊင္ျမဴးတဲ့အႀကည့္နဲ႕ ႀကည့္ေနတယ္။

ရာသီဥတုက အပူအေအး မွ်တျပီး သာသာယာယာရွိေနလို႕ က်ိဳးယြင္ရွန္႕က ခ်ည္သား၀တ္စံုကို ေလ်ာ့တိေလ်ာ့ရဲ ၀တ္ဆင္ထားလို႕ ျဖဴေဖြးေခ်ာေမြ႕တဲ့ ရင္ဘတ္ကို လစ္ဟျပေနသလုိျဖစ္ေနျပီး မည္းနက္တဲ့ ဆံပင္ေတြက ေျဖခ်ထားလို႕ ေရတံခြန္လို ျဖာက်ေနျပီး ႀကမ္းျပင္အထိ ပံုက်ေနတယ္။
အျပာေရာင္ ခ်ည္သား၀တ္စံုက ဆီးနွင္းလို ျဖဴေဖြးတဲ့အသားေရကို ပိုမိုျဖဴေဖြးေတာက္ပေစျပီး ၀ိုင္ရဲ႕အရွိန္ေႀကာင့္ သူ႕ရဲ႕ နူတ္ခမ္းပါးေတြက မီးေတာက္လို နီျမန္းျပီး စိုလက္ေနတယ္။ ဒါေပမယ့္ သူ႕မ်က္၀န္းေတြက ေရျပင္လို တည္ျငိမ္ေအးေဆးေနတယ္။

သူက တျဖည္းျဖည္းမူးလာျပီး မ်က္၀န္းက အနည္းငယ္ပိတ္ေနျပီး ျဖဴေဖြးတဲ့ ပါးျပင္က နီေျပေျပေရာင္သမ္းေနတယ္။ ဒီဟာက အျပစ္ဆိုဖြယ္မရွိ သူ႕မ်က္နွာျပင္ကို ပိုျပီးလွပစြဲမက္ဖြယ္ျဖစ္လာေစတယ္။ က်ိဳးယြင္ရွန္႕လဲေလ်ာင္းေနတဲ့ ကုတင္နဲ႕ မ်က္နွာခ်င္းဆိုင္မွာ ျပတင္းေပါက္တစ္ခုရွိေနတယ္။

ဇီရႊမ္က သိပ္မေဝးလွတဲ့သစ္ပင္တစ္ပင္မွာပုန္းေနခဲ့တယ္။ သူက မ်က္၀န္းေတြ ေမွးမွိတ္ေနတဲ့ လူငယ္ေလးကို ႀကည့္ရင္း သူ႕ရင္ထဲ႕ က်န္းခ်ီေတြ တဖန္လိႈင္းထန္သလို ထႀကြျပီး ကေမာက္ကမ ျဖစ္လာျပန္တယ္။ က်န္းခ်ီေတြ မတည္မျငိမ္ ျဖစ္လာလို႕ ဒီအတြင္းအားေတြက သူ႕ကိုယ္ထဲမွာ ဓါးထက္ထက္နဲ႕ ပိုင္းျဖတ္ေနသလို ခံစားလာရတယ္။ ဒါေပမယ့္ သူ႕ ခႏၶာကိုယ္နာက်င္မႈႏွင့္ႏႈိင္းယွဥ္ရင္ ဒီလူငယ္ေလးကို မေတြ႕ရလို႕ ပူပန္လာမယ့္ သူ႕ရင္ထဲက စိတ္ခံစားခ်က္ကို သူ ပိုေႀကာက္တယ္။ ဒါေႀကာင့္ သူက က်ိဳးယြင္ရွန္႕ဆီကေန မ်က္လံုးအႀကည့္ကို မလြဲနုိင္ေအာင္ျဖစ္ေနတယ္။ တကယ္လို႕ သူက ဒီလူငယ္ေလးကို တစ္နာရီေလာက္သာ မေတြ႕ရဘူးဆိုရင္ သူ႕ရင္ထဲက စိုးရိမ္ေႀကာက္ရြံ႕မႈေတြ ထိန္းမနုိင္ သိမ္းမရေအာင္ျဖစ္ေပၚလာမွာ ေသခ်ာတယ္။
 
ဒါေႀကာင့္ ဇီရႊမ္က နူးညံ့တဲ့ အိပ္ယာေပၚမွာ လဲေလ်ာင္းျပီး အမည္းေရာင္ဆံပင္ေတြကို ျဖည္ခ်လို႕ မူးယစ္ေနတဲ့ လူငယ္ေလးကို မ်က္ေတာင္မခတ္တမ္း စူးစိုက္ႀကည့္ေနမိတယ္။ အရင္တုနး္က သူ႕ပံုစံကို ျပန္ေတြးမိမယ္ဆုိရင္ အခုပံုစံက က်ိန္စာတိုက္ခံေနရသလိုပဲ၊ သူက ဒီေကာင္ေလးကို မ်က္ေတာင္မခတ္တမ္း ေစာင့္ႀကည့္ျပီး သူ ဘာေတြမ်ားေတြးေနမလဲဆိုတာ သူ႕အေတြးကို ဖတ္နုိင္ေအာင္ ႀကိဳးစားေနမိတယ္။ သူ႕ရဲ႕ျဖစ္အင္က အရင္က သူသင္ႀကားခဲ့ရတဲ့ ဗုဒၶရဲ႕က်မး္စာနဲ႕လည္း ကယ္တင္လို႕ မရနုိင္ေတာ့ဘူး။
က်ိဳးယြင္ရွန္က ျပတင္းအျပင္ သစ္ကိုင္းေပၚက ေစာင့္ႀကည့္ေနတဲ့ ဇီရႊမ္ရဲ႕ အသက္ရႈသံျပင္းျပင္းကို ခံစားလိုက္ရလို႕ သူ႕ဆံႏြယ္ တခ်ိဳ႕ကို လက္မွာ ရစ္ပတ္ကစားရင္း သူ ဘယ္ေလာက္ႀကာႀကာ ေတာင့္ခံနုိင္မလဲလို႕ ေတြးေနမိတယ္။
 
က်ိဳးယြင္ရွန္႕က သတ္မွတ္ထားတဲ့ အခ်ိန္အထိ ဇီရႊမ္ကို ေစာင့္ေနတာျဖစ္တယ္။ တကယ္လို႕ သတ္မွတ္ခ်ိန္အထိ သူ႕ခ်စ္သူက ျပန္ျပီး သတိမရလာခဲ့ဘူးဆိုရင္ သူ ဆက္လုပ္မယ့္ အျခားအစီစဥ္ေတြကိုလည္း ခ်ထားတယ္။ က်ိဳးယြင္ရွန္႕က သူ႕ခ်စ္သူရဲ႕မွတ္ဥာဏ္ကို ျပန္ျပီး နိုးထေစခ်င္ျပီ။ သူ လက္ေခ်ာင္းႀကားက ဆုပ္ကိုင္ထားတဲ့ ေက်ာက္စိမ္းပုလင္းေလးထဲက ၀ိုင္ေတြကို သူ႕အာခံတြင္းထဲ ေလာင္းခ်လိုက္တယ္။ အျပီးသတ္ ၀ို္င္အားလံုးကို ေမာ့ေသာက္လိုက္ျပီး  သူ႕ပါးျပင္ကို ပြတ္သပ္ရင္း ပါးစပ္ထဲက ၀ိုင္ရဲ႕အရသာကို ခံစားေနလိုက္တယ္။

အဲ့ဒီအခ်ိန္မွာ ေက်ာင္းေတာ္သား၀တ္စံုကို ၀တ္ဆင္ထားတဲ့ လူငယ္ေလးတစ္ဦးက တံခါးကို တြန္းဖြင့္ျပီး အထဲကို တိတ္ဆိတ္စြာ ၀င္လာခဲ့တယ္။ အခန္းထဲကိုေရာက္ေတာ့ အတူပါလာတဲ့ အေစခံနွစ္ေယာက္ကို လက္ေ၀့ယမ္းျပီး အျပင္ကို ေမာင္းထုတ္လိုက္တယ္။ လူငယ္ေလးက က်ိဳးယြင္ရွန္႕ရဲ႕ေရွ႕မွာ ရိုရိုေသေသရပ္ျပီး ေမးလိုက္တယ္။
" သခင္ ကြ်န္ေတာ္လို႕ ဘယ္အခ်ိန္သြားရမလဲ  "

ဒီလူငယ္ရဲ႕ နာမည္က အခ်ီျဖစ္တယ္။ သူက မုေလြ႕လင္ သူတုိ႕ကို လုိက္ဖမ္းတဲ့အခါတုန္းက ေနာက္ေယာင္ခံလိုက္တဲ့ အေမြးနံ႕သာနဲ႕ စီရင္ထားတဲ့ က်ိဳးယြင္ရွန္႕ရဲ႕ အၤက်ီကို ၀တ္ျပီး ရန္သူေတြကို လမ္းလႊဲျပီး သူ႕သခင္ ဂုိဏ္းခ်ဳပ္ကို လြတ္ေအာင္ ႀကိဳးစားခဲ့တဲ့ ေကာင္ေလးျဖစ္တယ္။ အခု က်ိဳးယြင္ရွန္႕က သူ႕ကို ယြန္ခြန္ဖုန္းရဲ႕ စစ္တပ္ထဲမွာ တပ္မႈးအျဖစ္ ထည့္ထားလိုက္တယ္။

"မင္းက ဘယ္ကိုသြားခ်င္ေသးတာလဲ။ မင္းကို ယြန္ခြန္ဖုန္းဆီ ငါေရာင္းလိုက္ၿပီ။ မင္း သူ႕အတြက္ငါးႏွစ္ၾကာအလုပ္မလုပ္ဘဲဘယ္ေနရာကိုမွ သြားလို ့မရဘူး"

က်ိဳးယြင္ရွန္႕က ေကာင္ေလးရဲ႕ပါးျပင္ကို ခပ္ဖြဖြပုတ္လုိက္ျပီး ေျပာလိုက္တယ္။ ဒါေပမယ့္ သူ႕ေလသံက ေကာင္ေလးကို က်ီစယ္ရိပ္ေတြနဲ႕ျပည့္ေနတယ္။ က်ိဳးယြင္ရွန္႕က သူ႕ေနာက္လိုက္ငယ္သားေတြကို ရန္သူေတြ လိုက္ျပီး ဖမ္းဆီးသတ္ျဖတ္တာ ခံရမယ့္အစား ရန္သူအားလံုးကို သုတ္သင္ရွင္းလင္းျပီးတဲ့အထိ ေဘးကင္းတဲ့ေနရာမွာ ထားဖုိ႕ ေနရာတစ္ခု ရွာေနခဲ့တာျဖစ္တယ္။ ေလာေလာဆယ္ ယြန္ခြန္ဖုန္းရဲ႕စစ္တပ္က သူ႕လူေတြအတြက္ အလံုျခံဳဆံုးေနရာျဖစ္တယ္။ ဒါေႀကာင့္ ဒီေကာင္ေလးကို ယြန္ခြန္ဖုန္းရဲ႕စစ္တပ္ထဲကို လႊတ္လိုက္တာျဖစ္တယ္။

ေကာင္ေလးရဲ႕မ်က္လံုးေတြက မ်က္ရည္ေတြနဲ႕ျပည့္လာျပီး စိုးရိ္မ္စြာေမးလိုက္တယ္။
" ေနာက္ငါးနွစ္ႀကာရင္ ဘာဆက္လုပ္ရမလဲ သခင္ "
"ေနာက္ငါးႏွစ္အၾကာမွာမင္းကိုငါျပန္ေခၚလာမယ္။ "

က်ိဳးယြင္ရွန္႕က ေခါင္းကို ခါျပီး ရယ္လိုက္ေပမယ့္ ေကာင္ေလးရဲ႕ အားငယ္တဲ့ပံုစံက သူ႕ကို စိတ္မေကာင္းျဖစ္လာေစလို႕ ဒီဆယ္ေက်ာ္သက္ေကာင္ေလးကို သူ ေပြ႕ဖက္လိုက္တယ္။ ယြီခ်န္းဟိုင္ရဲ႕ မ်က္လံုးေတြက နူးညံ့သိမ္ေမြ႕ေနျပီး သူ႕အျပံဳးက အရမ္းကို ႀကည္နူးစရာေကာင္းတယ္လို႕ ဇီရႊမ္ ခံစားလိုက္ရတယ္။ ယြီခ်န္းဟိုင္က ႀကင္နာတတ္တယ္ဆိုတာ သူ ဘယ္တုန္းကမွ မေတြးထင္ထားမိဘူး။

ဇီရႊမ္က ဒီျမင္ကြင္းကို ႀကည့္ေနရင္းသူ႕မ်က္နွာက ျဖဴေယာ္လာျပီး အျမန္ ပ်ံသန္းထြက္လာျပီး သူ႕အခန္းထဲကို ၀င္လာျပီး ေထြးခံထဲမွာ ေသြးတစ္လုပ္ကို အန္လိုက္တယ္။
သူ႕ကို ခုိးေႀကာင္ ခုိး၀ွက္ေစာင့္ႀကည့္ေနတဲ့ ဘုန္းႀကီး ရုတ္တရက္ထြက္သြားေပမယ့္ က်ိဳးယြင္ရွန္႕ဘက္က ဘာမွ အမူယာ မေျပာင္း ခဲ့ဘူး။ သူက အားခ်ီကို ဖက္ထားရာကေန လႊတ္လိုက္ျပီး ေမးလိုက္တယ္။

"  မုေလြ႕လင္က မင္းကို နန္းေတာ္ထဲကို ေခၚေသးလား "

"ကြၽန္ေတာ္တို႔ေရာက္တာနဲ႔ခ်က္ခ်င္းပဲ ေခၚေတြ႕ပါတယ္၊ ဒါေပမယ့္ ကြ်န္ေတာ္ ဘယ္သူဆိုတာ သူ မမွတ္မိဘူး"

အခ်ိီက သူ႕လည္ပင္းကို လက္နဲ႕ျဖတ္တဲ့ပုံ လုပ္လိုက္ျပီး ေမးလိုက္တယ္။
"ဘာလို႔ ဂိုဏ္းခ်ဳပ္သခင္က သူမကို မသတ္တာလဲ။ "

" ဘာေႀကာင့္လဲဆိုေတာ့ အသက္ရွင္ေနတာက ေသတာထက္ ပိုဆုိးတယ္ဆုိတာ သူမကို သိေစခ်င္လို႕ပဲ "
က်ိဳးယြင္ရွန္႕က ျပံဳးျပီးေျပာလိုက္တယ္။

ဆယ္ေက်ာ္သက္ေကာင္ေလးက သေဘာေပါက္သြားတဲ့ပံုနဲ႕ က်ိဳးယြင္ရွန္႕ကို ေလးစားစြာႀကည့္ရင္း တိုးတိုးေျပာလုိက္တယ္။

 " ဂုိဏ္းခ်ဳပ္သခင္... ယြန္ခြန္ဖုန္းက ကြ်န္ေတာ့္ကို အာရံုေျခာက္ျခားမႈ ေျဖေဆးတစ္လံုး ေတာင္းခဲ့တယ္။ သူ႕ကို မုေလြ႕လင္ ေဆးခတ္ဖို႕ ႀကံတယ္ဆုိတာ သခင္ ေျပာျပလိုက္ေသးသလား "

ဒီဆယ္ေက်ာ္သက္ေကာင္ေလးက ငယ္ငယ္တုန္းက ေဆးပညာရွင္တစ္ေယာက္ဆီမွာ ေဆး၀ါးပညာကို သ သင္ယူျပီး ေဆးဆိုင္မွာ ေနထိုင္ခဲ့တာျဖစ္တယ္။ ဒါေပမယ့္ က်ိဳးယြင္ရွန္႕ကို ခတ္လိုက္တဲ့ တြမ့္ခ်န္စန္း (Duan chang san ) အဆိပ္က အဆိပ္တက္တာျမန္ျပီး ျပင္းထန္တဲ့ အဆိပ္ျဖစ္လို႕ သူ က်ိဳးယြင္ရွန္႕ကို ကယ္ဖို႕ ေဆးတိုက္ခ်ိန္မရလိုက္ေပ။ ဒါေႀကာင့္ အာခ်ီက အခ်ိန္အေတာ္ႀကာႀကာ စိိတ္မေကာင္းျဖစ္ေနခဲ့တယ္။ သူက ေနာက္ပိုင္းျပည္မကို ေရာက္ေတာ့ ဂိုဏ္းခ်ဳပ္သခင္ အသက္ရွင္လ်က္ေတြ႔ရေတာ့မွ စိတ္ပ်က္အားငယ္မႈ ကင္းစင္လာတာျဖစ္တယ္။

 
အာရံုေျခာက္ျခားေစတဲ့ ေဆးမႈန္႕က အဆိပ္မဟုတ္ေပမယ့္ သူ႕အာနိသင္က ထူးဆန္းတယ္။ ဒီေဆးကို ခတ္ခံရတဲ့သူက စိတ္ကေယာင္ေျခာက္ျခားျဖစ္ျပီး အဆိပ္ခတ္သူရဲ႕ အမိန္႕ကို နာခံရတယ္။ ဒီေဆးရဲ႕ အာနိသင္က နာရီ၀က္ႀကာျပီး ဘယ္သူမွ ဒီေဆးကို ေျဖနုိင္တဲ့ ေျဖေဆး ကို မေဖာ္စပ္နုိင္ဘူး။ ယြန္ခြန္ဖုန္းက ဒီေလာကထဲ မုေလြ႕လင္ ရဲ႕ပတ္သတ္မႈကို သိရျပီး သူနဲ႕ပတ္သတ္ကို စံုစမ္းျပီးေနာက္ အာခ်ီကို အာရံုေျခာက္ျခားေဆးရဲ႕ ေျဖေဆးကို ေဖာ္စပ္ဖို႕ အမိန္႕ေပးခဲ့တာျဖစ္တယ္။

မုေလြ႕လင္  ဘာပဲလုပ္လုပ္ပဲဒီတစ္ႀကိမ္ေအာင္ျမင္ဖို႔မစဥ္းစားပါနဲ႔ေတာ့။ က်ိဳးယြင္ရွန္႕က နူတ္ခမ္းဖ်ားမွာ ေက်နပ္စြာျပံဳးလိုက္ျပီး မုေလြ႕လင္ လုပ္တာကို ႀကည့္ဖို႕ အားခ်ီကို ဆြဲေခၚျပီး ေလထဲကေနပ်ံသန္းလို႕ ယြန္ခြန္ဖုန္းတို႕ ရွိတဲ့ အခန္းဆီကို ေလထဲကေန ပ်ံသန္းလာခဲ့တယ္။
 သူတုိ႕ေရာက္ေတာ့ ယြန္ခြန္ဖုန္းက အရက္မူးေနျပီး စားပြဲေပၚ ေခါင္းစိုက္က်မသြားခင္ ခါယမ္းေနေသးတယ္။ မုေလြ႕လင္က ယြန္ခြန္ဖုနး္ရဲ႕ နားရြက္နားကို တိုးတိုးေလးေခၚႀကည့္တယ္။


'ယြန္ခြန္ဖုန္း.... ရွင္..အဆင္ေျပရဲ႕လား" 

" ေသာက္စမ္း.... " 
ယြန္ခြန္ဖုန္းက စားပြဲကို လက္၀ါးနဲ႕ရိုက္ျပီး ထပ္ေျပာလိုက္တယ္။ မုေလြ႕လင္က မူးယစ္ေနတဲ့ ယြန္ခြန္ဖုနး္ကို ေမးလိုက္တယ္။
" ရွင္ဘာေႀကာင့္ က်န္းခ်န္ရန္ စိမ္းစိမ္းကားကား ဆက္ဆံရတာလဲ... သူ ဘာအမွားလုပ္ခဲ့လို႕လဲ "

မုေလြ႕လင္ အသံုးျပဳတဲ့ စိတ္အာရံုေျခာက္ျခားေဆးက ဘယ္သူမဆို အသိစိတ္ေပ်ာက္ျပီး သူေမးသမွ်ကို အမွန္တိုင္းေျဖႀကားမွာျဖစ္တယ္။ ျပီးရင္ သူတို႕မွတ္ဥာဏ္ထဲမွာ ဘာေတြေျဖလိုက္မိသလဲဆိုတာ ေမ့သြားလိမ့္မယ္။ မုေလြ႕လင္က ယြန္ခြန္ဖုန္းဆိီက သိရတဲ့ သတင္းကို သံုးျပီး ေရွ႕ဆက္လုပ္မယ့္ အစီစဥ္ကို ေရးဆြဲခ်င္လို႕ ဒီေဆးကို သံုးရတာျဖစ္တယ္။

ယြန္ခြန္ဖုန္းက စားပြဲေပၚ ေနာက္တခါ ေခါင္းစိုက္လိုက္ျပီး ေျပာလိုက္တယ္။
 " သူက ငါ့အမ်ိဳးသမီးကိုလုယက္ခဲ့တယ္။ ငါဘာလို႔ သူ႔ကို မခြဲပဲ အနီးကပ္ ဆက္ထားရမွာလဲ။ ငါသူ႔ကိုသတ္ခ်င္တယ္!"

မုေလြ႕လင္ရဲ႕မ်က္ႏွာအနည္းငယ္ေျပာင္းလဲသြားတယ္။ သူမက ႐ြံရွာမႈ နဲ႕ မႏွစ္ၿမိဳ႕မႈႏွစ္မ်ိဳးစလုံးခံစားခဲ့ရၿပီး သူ႕စိတ္ႏွလုံးထဲမွာ မထင္မွတ္ထားတဲ့ မာနတခ်ိဳ႕ ေပၚလာခဲ့တယ္။ သူမက ဒီလူရဲ႕ စရိုက္ေတြကို သေဘာမက်ဘူး။ မုန္းလည္း မုန္းတိီးတယ္။

မုေလြ႕လင္က သူမ ဖန္ခြက္ထဲက ၀ိုင္တခ်ိဳ႕ကို ယူလိုက္ရင္း သူ ျပန္သြားရင္ က်န္းခ်န္ရန္ကို ဘယ္လိုရွင္းျပရမလဲဆိုတာ စဥ္းစားေနတယ္။ ယြန္ခြန္ဖုန္း သူ႕ကို ခပ္ခြာခြာေနတာက သူမေႀကာင့္ဆိုတာ သိရင္ က်န္းခ်န္ရန္ မနာလိုိစိတ္ေတြျဖစ္လာမလား။ ဒီအေႀကာင္းကို စဥ္းစားျပီး မုေလြ႕လင္ ေပ်ာ္ရႊင္စြာရယ္ေမာလိုက္တယ္။

ယြန္ခြန္ဖုန္းက မုေလြ႕လင္ ရယ္ေမာတဲ့အသံကိုႀကားလိုက္ေတာ့ မ်က္လံုးကို အသာဖြင့္ျပီးေခ်ာင္းႀကည့္လိုက္တယ္။ သူက မုေလြ႕လင္ ဘာကိုေတြးေနတယ္ဆိုတာ မသိေပမယ့္ သူမ မ်က္လံုးထဲက စိတ္အားထက္သန္တဲ့ အရိပ္ကိုေတြ႕ေတာ့ မေကာင္းတာ တခုခုကိုေတြးျပီး ေက်နပ္ေနတယ္ဆိုတာ အတပ္သလိုက္တယ္။ ဒီလို မိန္းမရဲ႕မ်က္လံုးထဲမွာ သူက အမိႈက္သာသာပဲျဖစ္ေနတယ္ဆိုရင္ေတာ့ အရင္က သူေတြးထားသလို သူမကို တသက္လံုးကာကြယ္ေစာင့္ေရွာက္မယ္ဆိုတဲ့ အေတြးက သူ ရူးေနလို႕သာ ေတြးမိတာပဲျဖစ္မယ္။
သူ ဒီမိန္းမ ျဖစ္ေစခ်င္တာ လံုး၀မျဖစ္ေစရဘူးလို႕ ဆံုးျဖတ္လိုက္တယ္။

--------------------------------
မုေလြ႕လင္က ရည္ရြယ္ခ်က္ရွိရွိနဲ႕ ယြန္ခြန္ဖုန္း သူမကို အိပ္ယာထက္ကို ဆြဲတင္ျပီး ခ်စ္တင္းေနွာေအာင္ လုပ္လိုက္တယ္။ ယြန္ခြန္ဖုန္းက ေဆးမိလို႕ အမိန္႕နာခံရတဲ့ အေနထားနဲ႕ သူမကို အိပ္ယာထက္ အႀကမ္းပတမ္းဆြဲတင္ျပီး ဘာမွ နိဒါန္းပ်ိဳးမေနပဲ တစ္ခါတည္း ထည့္လိုက္တယ္။ ဒါေပမယ့္ သူမကိုယ္ထဲကို ၀င္လိုက္မိတာနဲ႕ သူ ေဒါသ အႀကီးက်ယ္ထြက္သြားတယ္။

"မင္းဟာအပ်ိဳစင္မဟုတ္ဘူး!"
ယြန္ခြန္ဖုန္းက သူ႕ရဲ႕ ေသးသြယ္တဲ့ကိုယ္ပိုင္ရတနာကို သူမကိုယ္ထဲက ဆြဲထုတ္လိုက္ျပီး မုေလြ႕လင္ရဲ႕ ပါးကို ရိုက္လိုက္ျပီး ေလွာင္လိုက္တယ္။
 "အရင္က မင္းဟာကမာၻေပၚမွာ အသန္႕ရွင္းဆံုး အျဖဴစင္ဆံုး ျမင့္ျမတ္တဲ့ မိန္းကေလးလိုမ်ိဳးဟန္ေဆာင္ခဲ့တယ္။ တကယ္ေတာ့ မင္းက လက္မထပ္ရေသးခင္ မင္းရဲ႕ အပ်ိဳဘ၀ကို အျခားလူကို ေပးအပ္ခဲ့ျပီးျပီ။ မင္းလို႕ ယုတ္ညံ့တဲ့ မိန္းမေႀကာင့္ ငါ သခင္ရဲ႕ ကိုယ္ အညစ္ႏြမ္းမခံနုိင္ဘူး။ "

ယြန္ခြန္ဖုန္းက မုေလြ႕လင္ဆီက ေရာဂါကူးစက္မွာကို စိုးရိမ္တဲ့ပံုနဲ႕ အရက္ကို ယူူျပီး သူမကိုယ္ထဲ ၀င္လိုက္မိတဲ့ သူ႕ရဲ႕ မိသားစုရတနာကို ထပ္တလဲလဲေလာင္းခ်ျပီးေဆးေႀကာလိုက္တယ္။ ျပီးေတာ့ အ၀တ္တစ္ခုနဲ႕သုတ္ျပီး ေဘာင္းဘီကို ဆြဲတင္လိုက္တယ္။
တကယ္ဆိုရင္ ယြန္ခြန္ဖုန္းက သူ႕ကို အနိုင္ထက္ျပဳျပီး ဖ်က္ဆီးတဲ့သူ မဟုတ္ဘူးလား။ တကယ္တမ္း ယုတ္မာတဲ့သူက ဘယ္သူလဲ။ ယြန္ခြန္ဖုန္းက သူမကို ခ်စ္တယ္ဆိုျပီး သူမ အပ်ိဳစင္ မဟုတ္ေတာ့တာနဲ႕ ဘာေႀကာင့္ ညစ္ညမ္းတဲ့ မိန္းမဆိုျပီး ရိုက္နွက္ျပီး ေလွာင္ေျပာင္ သေရာ္ရတာလဲ။
မုေလြ႕လင္က ယြန္ခြန္ဖုန္း သူမကိုယ္က ခြာလိုက္ခ်ိန္ ဆဲဆို ေအာ္ဟစ္လိုက္ခ်င္ေပမယ့္ သူမရဲ႕ပါးျပင္ကို မညွာမတာ ရိုက္နွက္ခံလိုက္ရလို႕ ေခါင္းေတြမူးေ၀သြားတယ္။ အခု သူမရဲ႕ပါးျပင္က ခ်က္ခ်င္း နီရဲေယာင္ကိုင္းလာခဲ့တယ္။ ေတာ္၀င္ မ်ိဳးႏြယ္က မိန္းကေလးတစ္ေယာက္ရဲ႕ အပ်ိဳစင္ဘ၀ကို တန္ဖိုးထားတယ္ဆိုေပမယ့္ ဒီေလာက္ႀကီး မျပင္းထန္သင့္ဘူးမဟုတ္လား။ ယြန္ခြန္ဖုန္းက သူမကို ခ်စ္တယ္လို႕ေျပာျပီးေတာ့ သူမ အပ်ိဳစင္မဟုတ္ေတာ့တာနဲ႕ သူ႕ရဲ႕ အခ်စ္ေတြ အားလံုးကို ျပန္ျပီး ရုပ္သိမ္းသြားျပီတဲ့လား။

မုေလြ႕လင္က ျဖတ္ထိုးဥာဏ္ေကာင္းျပီး ႀကံရည္ဖန္ရည္ရွိသူျဖစ္လို႕ ယြန္ခြန္ဖုန္း သူမကို ခ်စ္ေနတာကိုသိလို႕ ေဆးခတ္ခံထားရတုန္း ဒီလိုလုပ္ဖို႕ စိတ္ကူးရလိုက္တာျဖစ္တယ္။ ယြန္ခြန္ဖုန္း အသိ၀င္လာခ်ိန္မွာ သူခ်စ္တဲ့ မိ္န္းကေလးရဲ႕ ျဖဴစင္မႈကို ဖ်က္ဆီးမိလုိက္ျပီ၊ သူ႕မိတ္ေဆြ ညီအစ္ကိုရဲ႕ ေစ့စပ္ထားသူကိုု ဖ်က္ဆီးမိလိုက္ျပီဆိုတဲ့ ေနာင္တတရားနဲ႕ သူတို႕လိုရာ ႀကိဳးဆြဲတဲ့ ဘ၀ကို ေရာက္ေစခ်င္တာျဖစ္တယ္။ ဒါ့အျပင္ ယြန္ခြန္ဖုနး္ကို ဒီအခ်က္ကိုိင္ျပီး သူ႕ကို ျခိမး္ေျခာက္နုိင္မယ္။ ေနာက္ဆံုး က်န္းခ်န္ရန္လက္ထဲ အာဏာ အားလံုးရသြားခ်ိန္မွာ ယြန္ခြန္ဖုန္းရဲ႕ ေျခလက္နဲ႕ သူ႕ေယာက်္ားတန္ဆာကိုျဖတ္ေတာက္ျပီး တစ္စစီ လုပ္ျပီး သတ္ဖို႕ပါ ရည္ရြယ္ထားတာျဖစ္တယ္။

ယြန္ခြန္ဖုန္းက သူကို သနားအားနာျပီး သူမကို ေတာင္းပန္မယ္လို႕ ထင္ထားေပမယ့္  သူမကို္ယ္ထဲကို ၀င္လိုက္မိတာနဲ႕ အပ်ိဳမစစ္တာကိုသိျပီး ခ်က္ခ်င္း ဒီလို ျပင္းျပင္းထန္ထန္တုန္႕ျပန္လိုက္တာျဖစ္လို႕ မုေလြ႕လင္ ဘယ္လို ဆက္လုပ္ရမယ္ မသိျဖစ္သြားတယ္။ အခု ယြန္ခြန္ဖုန္းက သူမကို မေတာင္းပန္ မနွစ္သိမ့္ရံုသာ မက သူမ အပ်ိဳမစစ္တာကို မုန္းတီးျပီး ေလွာင္ေျပာင္ေနလို႕ မုေလြ႕လင္က ေဒါသထြက္လြန္းလို႕ ေမ့လဲမတတ္ခံစားလိုက္ရတယ္။

မုေလြ႕လင္က ေအးစက္တဲ့ ေက်ာက္သားႀကမ္းျပင္ေပၚ လဲက်ေနျပီး သူမေအာက္ပိုင္းက ဖရိုဖရဲျဖစ္ေနတယ္။ သူမရဲ႕ ေသြးေႀကာပိတ္ခံထားရလို႕ မလႈပ္ရွားနုိင္ပဲ အကူညီကင္းမဲ့စြာနဲ႕ ေစာင့္ဆုိင္းေနရတယ္။ သူမက ေအာ္ဟစ္ဆဲဆိုခ်င္ေပမယ့္ နူတ္ခမ္းေတာင္ဖြင့္မရလို႕ နာက်င္၀မ္းနည္းမႈေတြနဲ႕ျပည့္လို႕လာတယ္။

က်ိဳးယြင္ရွန္႕က မျမင္သင့္တဲ့ျမင္ကြင္းကို အားခ်ီမျမင္ေအာင္ လက္နဲ႕ မ်က္လံုးကို အုပ္ထားျပီး အခန္းအျပင္က ေစာင့္ေနတဲ့ အေစာင့္နွစ္ေယာက္ကို ေျပာလိုက္တယ္.

 " မင္းရဲ႕ဗိုလ္ခ်ဳပ္ကတကယ့္သားရဲပဲ"

လွ်ိဳ႕ဝွက္အေစာင့္ေတြကလ်စ္လ်ဴရႈထားၾကၿပီးသူတို႔ရဲ႕ေနရာမွာ နည္းနည္းမွ မလႈပ္ပဲ ရပ္ျပီး ေစာင့္ေနတယ္။

အားခ်ီက မ်က္လံုးမွိတ္ခံထားရတာကေန တိုးတုိုးေျပာလိုက္တယ္။
" အဲ့ဒါမ်ိဳးေပါ့...စုန္းမက သူ႕က်ိန္စာ ျပန္မိသြားတယ္ဆိုတာ။ ဗိုလ္ခ်ဳပ္ယြန္ရဲ႕ လုပ္ရပ္က ဆုိး၀ါးတယ္ဆိုေပမယ့္ မုေလြ႕လင္လို မိန္းမမ်ိဳးအတြက္ သူ႕အျပစ္နဲ႕ ထိုက္တန္တာ ျပန္ရတာပဲေလ။ ဒီလုပ္ရပ္က ဗို္လ္ခ်ဳပ္ယြန္အတြက္ ထိုက္တန္တဲ့ အေႀကာင္းျပခ်က္နဲ႕လုပ္တာပဲ "
ဂိုဏ္းခ်ဳပ္နဲ႕မတူတာက ဂိုဏ္းခ်ဳပ္က အဲ့မေကာင္းဆိုး၀ါးမ လွည့္ပတ္တာကို ခံလိုက္ရတာပဲ...လို႕အားခ်ီက စိတ္ထဲကေန ဆက္ေျပာေနမိတယ္။

က်ိဳးယြင္ရွန္႕က သူ႕လက္ေမာင္းႀကားဖက္ထားတဲ့ ေကာင္ေလးရဲ႕စိတ္ထဲမွာ ဘာေတြေတြးေနတယ္ဆုိတာ မသိပဲ ေကာင္ေလးရဲ႕နဖူးကို ေတာက္ျပီး က်ီစယ္ဟန္နဲ႕ေျပာလိုက္တယ္။

" ယြန္ခြန္ဖုန္းရဲ႕ အသည္းနွလံုးေတြေတာ့ ကြဲေႀကကုန္ပါျပီကြာ။ မင္းက ငါ ႀကင္နာတတ္တယ္လို႕ ထင္ေနတယ္ မဟုတ္လား။ မနက္ျဖန္ မုေလြ႕လင္ျဖစ္တာကို ျမင္ျပီးရင္ အမွန္တကယ္ ကလဲ့စားေျခတာ ဘယ္လိုဆိုတာ မင္း သိသြားလိမ့္္မယ္ "

" ဒါဆို မနက္ျဖန္မွာ ဘာေတြျဖစ္မွာလဲ... "
အားခ်ီက ေမွ်ာ္လင့္တႀကီးနဲ႕ေမးလိုက္တယ္။ က်ိဳးယြင္ရွန္႕က သူ႕နူတ္ခမ္းေပၚ လက္ညွိဳးတင္လိုက္ျပီး ထူးဆန္းစြာျပံဳးလိုက္တယ္။

-------------------------------------------------
Chapter 10
မုလွေ့လင်က ဝိုင်နဲ့ အကောင်းဆုံးဟင်းပွဲတွေကို တည်ခင်းပြီး ယွန်ခွန်ဖုန်းကို ညစာစားဖို့ ဖိတ်ခေါ်လိုက်တယ်။ ညစာစားချိန်မှာ သူ့ကို ဝိုင်အကောင်းစားတွေကို မူးအောင်တိုက်ဖို့ ရည်ရွယ်ထားတယ်။ အရင်တခါ လုပ်ကြံမှု မအောင်မြင်ရတဲ့ အကြောင်းရင်းက ယွန်ခွန်ဖုန်းက သေချာကြိုတင်ကာကွယ်ထားလို့ဖြစ်တယ်။ အဲ့ဒီနောက် ယွန်ခွန်ဖုန်းက သူမ စေ့စပ်ထားတဲ့သူနဲ့ ဆက်ဆံရေးအေးစက်ပြီး ခပ်ခွာခွာဖြစ်လာတယ်။ ယွန်ခွန်ဖုန်းက သူတို့ နှစ်ယောက် ပူးပေါင်းလုပ်ဆောင်ထားတာကို သံသယ မဝင်ဘူးလို့ မပြောနိုင်ဘူး။
အခုချိန် မုလွေ့လင် သိချင်တဲ့ မေးခွန်းကတော့ ယွန်ခွန်ဖုန်း စိတ်ထဲမှာ ဘာတွေတွေးနေသလဲဆိုတာပဲ။ သူ ဘာတွေးနေတယ်ဆိုတာ သိရရင် သူနဲ့ ကျန်းချန်ရန်တို့နှစ်ယောက် အစီစဉ်သစ်ကို ထပ်ပြီးရေးဆွဲနိုင်မှာဖြစ်တယ်။
ပိယွင်ရွာနဲ့ မုအိမ်တော်က ဒီတိုင်းပြည်ထဲမှာ ဂုဏ်သိက္ခာ ရှိတယ်ဆိုပေမယ့် စစ်တပ်ပေါင်းများစွာကို အမိန့်ပေးနိုင်တဲ့ ယွန်ခွန်ဖုန်းနဲ့ စာရင် ဘာမှ မဟုတ်တော့ဘူး။ တကယ်လို့ သူတို့ကသာ ယွန်ခွန်ဖုန်းနဲ့ရန်သူဖြစ်သွားမယ်ဆိုရင် အနာဂါတ်မှာ သူတို့ သုတ်သင်ဖယ်ရှားခံရမှာ သေချာတယ်။ ဒီစိုးရိမ်စိတ်ကြောင့်မုလွေ့လင်က ညစာစားပွဲကို အားတက်သရော စီစဉ်လိုက်တာဖြစ်တယ်။

လတ်တလောကာလအတွင်း ကျိုးယွင်ရှန့်က တောင်ပိုင်းဗိုလ်ချုပ်ရဲ့စံအိမ်တော်ကြီးက အရမ်းကိုပျော့ပြောင်းပြီး ဇိမ်ရှိလှတဲ့ ကုတင်ပေါ်မှာ လဲလျောင်းနေပြီး ကျောက်စိမ်းဖြူအရက်အိုးထဲထည့်ထားတဲ့ ဝိုင်အကောင်းစားတွေကို ပါးစပ်ထဲလောင်းထည့်လိုက်ပြီး ရယ်ရွှင်မြူးတဲ့အကြည့်နဲ့ ကြည့်နေတယ်။

ရာသီဥတုက အပူအအေး မျှတပြီး သာသာယာယာရှိနေလို့ ကျိုးယွင်ရှန့်က ချည်သားဝတ်စုံကို လျော့တိလျော့ရဲ ဝတ်ဆင်ထားလို့ ဖြူဖွေးချောမွေ့တဲ့ ရင်ဘတ်ကို လစ်ဟပြနေသလိုဖြစ်နေပြီး မည်းနက်တဲ့ ဆံပင်တွေက ဖြေချထားလို့ ရေတံခွန်လို ဖြာကျနေပြီး ကြမ်းပြင်အထိ ပုံကျနေတယ်။
အပြာရောင် ချည်သားဝတ်စုံက ဆီးနှင်းလို ဖြူဖွေးတဲ့အသားရေကို ပိုမိုဖြူဖွေးတောက်ပစေပြီး ဝိုင်ရဲ့အရှိန်ကြောင့် သူ့ရဲ့ နူတ်ခမ်းပါးတွေက မီးတောက်လို နီမြန်းပြီး စိုလက်နေတယ်။ ဒါပေမယ့် သူ့မျက်ဝန်းတွေက ရေပြင်လို တည်ငြိမ်အေးဆေးနေတယ်။

သူက တဖြည်းဖြည်းမူးလာပြီး မျက်ဝန်းက အနည်းငယ်ပိတ်နေပြီး ဖြူဖွေးတဲ့ ပါးပြင်က နီပြေပြေရောင်သမ်းနေတယ်။ ဒီဟာက အပြစ်ဆိုဖွယ်မရှိ သူ့မျက်နှာပြင်ကို ပိုပြီးလှပစွဲမက်ဖွယ်ဖြစ်လာစေတယ်။ ကျိုးယွင်ရှန့်လဲလျောင်းနေတဲ့ ကုတင်နဲ့ မျက်နှာချင်းဆိုင်မှာ ပြတင်းပေါက်တစ်ခုရှိနေတယ်။

ဇီရွှမ်က သိပ်မဝေးလှတဲ့သစ်ပင်တစ်ပင်မှာပုန်းနေခဲ့တယ်။ သူက မျက်ဝန်းတွေ မှေးမှိတ်နေတဲ့ လူငယ်လေးကို ကြည့်ရင်း သူ့ရင်ထဲ့ ကျန်းချီတွေ တဖန်လှိုင်းထန်သလို ထကြွပြီး ကမောက်ကမ ဖြစ်လာပြန်တယ်။ ကျန်းချီတွေ မတည်မငြိမ် ဖြစ်လာလို့ ဒီအတွင်းအားတွေက သူ့ကိုယ်ထဲမှာ ဓါးထက်ထက်နဲ့ ပိုင်းဖြတ်နေသလို ခံစားလာရတယ်။ ဒါပေမယ့် သူ့ ခန္ဓာကိုယ်နာကျင်မှုနှင့်နှိုင်းယှဉ်ရင် ဒီလူငယ်လေးကို မတွေ့ရလို့ ပူပန်လာမယ့် သူ့ရင်ထဲက စိတ်ခံစားချက်ကို သူ ပိုကြောက်တယ်။ ဒါကြောင့် သူက ကျိုးယွင်ရှန့်ဆီကနေ မျက်လုံးအကြည့်ကို မလွဲနိုင်အောင်ဖြစ်နေတယ်။ တကယ်လို့ သူက ဒီလူငယ်လေးကို တစ်နာရီလောက်သာ မတွေ့ရဘူးဆိုရင် သူ့ရင်ထဲက စိုးရိမ်ကြောက်ရွံ့မှုတွေ ထိန်းမနိုင် သိမ်းမရအောင်ဖြစ်ပေါ်လာမှာ သေချာတယ်။
 
ဒါကြောင့် ဇီရွှမ်က နူးညံ့တဲ့ အိပ်ယာပေါ်မှာ လဲလျောင်းပြီး အမည်းရောင်ဆံပင်တွေကို ဖြည်ချလို့ မူးယစ်နေတဲ့ လူငယ်လေးကို မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေမိတယ်။ အရင်တုန်းက သူ့ပုံစံကို ပြန်တွေးမိမယ်ဆိုရင် အခုပုံစံက ကျိန်စာတိုက်ခံနေရသလိုပဲ၊ သူက ဒီကောင်လေးကို မျက်တောင်မခတ်တမ်း စောင့်ကြည့်ပြီး သူ ဘာတွေများတွေးနေမလဲဆိုတာ သူ့အတွေးကို ဖတ်နိုင်အောင် ကြိုးစားနေမိတယ်။ သူ့ရဲ့ဖြစ်အင်က အရင်က သူသင်ကြားခဲ့ရတဲ့ ဗုဒ္ဓရဲ့ကျမ်းစာနဲ့လည်း ကယ်တင်လို့ မရနိုင်တော့ဘူး။
ကျိုးယွင်ရှန်က ပြတင်းအပြင် သစ်ကိုင်းပေါ်က စောင့်ကြည့်နေတဲ့ ဇီရွှမ်ရဲ့ အသက်ရှုသံပြင်းပြင်းကို ခံစားလိုက်ရလို့ သူ့ဆံနွယ် တချို့ကို လက်မှာ ရစ်ပတ်ကစားရင်း သူ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲလို့ တွေးနေမိတယ်။
 
ကျိုးယွင်ရှန့်က သတ်မှတ်ထားတဲ့ အချိန်အထိ ဇီရွှမ်ကို စောင့်နေတာဖြစ်တယ်။ တကယ်လို့ သတ်မှတ်ချိန်အထိ သူ့ချစ်သူက ပြန်ပြီး သတိမရလာခဲ့ဘူးဆိုရင် သူ ဆက်လုပ်မယ့် အခြားအစီစဉ်တွေကိုလည်း ချထားတယ်။ ကျိုးယွင်ရှန့်က သူ့ချစ်သူရဲ့မှတ်ဉာဏ်ကို ပြန်ပြီး နိုးထစေချင်ပြီ။ သူ လက်ချောင်းကြားက ဆုပ်ကိုင်ထားတဲ့ ကျောက်စိမ်းပုလင်းလေးထဲက ဝိုင်တွေကို သူ့အာခံတွင်းထဲ လောင်းချလိုက်တယ်။ အပြီးသတ် ဝိုင်အားလုံးကို မော့သောက်လိုက်ပြီး  သူ့ပါးပြင်ကို ပွတ်သပ်ရင်း ပါးစပ်ထဲက ဝိုင်ရဲ့အရသာကို ခံစားနေလိုက်တယ်။

အဲ့ဒီအချိန်မှာ ကျောင်းတော်သားဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူငယ်လေးတစ်ဦးက တံခါးကို တွန်းဖွင့်ပြီး အထဲကို တိတ်ဆိတ်စွာ ဝင်လာခဲ့တယ်။ အခန်းထဲကိုရောက်တော့ အတူပါလာတဲ့ အစေခံနှစ်ယောက်ကို လက်ဝေ့ယမ်းပြီး အပြင်ကို မောင်းထုတ်လိုက်တယ်။ လူငယ်လေးက ကျိုးယွင်ရှန့်ရဲ့ရှေ့မှာ ရိုရိုသေသေရပ်ပြီး မေးလိုက်တယ်။
" သခင် ကျွန်တော်လို့ ဘယ်အချိန်သွားရမလဲ  "

ဒီလူငယ်ရဲ့ နာမည်က အချီဖြစ်တယ်။ သူက မုလွေ့လင် သူတို့ကို လိုက်ဖမ်းတဲ့အခါတုန်းက နောက်ယောင်ခံလိုက်တဲ့ အမွေးနံ့သာနဲ့ စီရင်ထားတဲ့ ကျိုးယွင်ရှန့်ရဲ့ င်္အကျီကို ဝတ်ပြီး ရန်သူတွေကို လမ်းလွှဲပြီး သူ့သခင် ဂိုဏ်းချုပ်ကို လွတ်အောင် ကြိုးစားခဲ့တဲ့ ကောင်လေးဖြစ်တယ်။ အခု ကျိုးယွင်ရှန့်က သူ့ကို ယွန်ခွန်ဖုန်းရဲ့ စစ်တပ်ထဲမှာ တပ်မှုးအဖြစ် ထည့်ထားလိုက်တယ်။

"မင်းက ဘယ်ကိုသွားချင်သေးတာလဲ။ မင်းကို ယွန်ခွန်ဖုန်းဆီ ငါရောင်းလိုက်ပြီ။ မင်း သူ့အတွက်ငါးနှစ်ကြာအလုပ်မလုပ်ဘဲဘယ်နေရာကိုမှ သွားလို့မရဘူး"

ကျိုးယွင်ရှန့်က ကောင်လေးရဲ့ပါးပြင်ကို ခပ်ဖွဖွပုတ်လိုက်ပြီး ပြောလိုက်တယ်။ ဒါပေမယ့် သူ့လေသံက ကောင်လေးကို ကျီစယ်ရိပ်တွေနဲ့ပြည့်နေတယ်။ ကျိုးယွင်ရှန့်က သူ့နောက်လိုက်ငယ်သားတွေကို ရန်သူတွေ လိုက်ပြီး ဖမ်းဆီးသတ်ဖြတ်တာ ခံရမယ့်အစား ရန်သူအားလုံးကို သုတ်သင်ရှင်းလင်းပြီးတဲ့အထိ ဘေးကင်းတဲ့နေရာမှာ ထားဖို့ နေရာတစ်ခု ရှာနေခဲ့တာဖြစ်တယ်။ လောလောဆယ် ယွန်ခွန်ဖုန်းရဲ့စစ်တပ်က သူ့လူတွေအတွက် အလုံခြုံဆုံးနေရာဖြစ်တယ်။ ဒါကြောင့် ဒီကောင်လေးကို ယွန်ခွန်ဖုန်းရဲ့စစ်တပ်ထဲကို လွှတ်လိုက်တာဖြစ်တယ်။

ကောင်လေးရဲ့မျက်လုံးတွေက မျက်ရည်တွေနဲ့ပြည့်လာပြီး စိုးရိမ်စွာမေးလိုက်တယ်။
" နောက်ငါးနှစ်ကြာရင် ဘာဆက်လုပ်ရမလဲ သခင် "
"နောက်ငါးနှစ်အကြာမှာမင်းကိုငါပြန်ခေါ်လာမယ်။ "

ကျိုးယွင်ရှန့်က ခေါင်းကို ခါပြီး ရယ်လိုက်ပေမယ့် ကောင်လေးရဲ့ အားငယ်တဲ့ပုံစံက သူ့ကို စိတ်မကောင်းဖြစ်လာစေလို့ ဒီဆယ်ကျော်သက်ကောင်လေးကို သူ ပွေ့ဖက်လိုက်တယ်။ ယွီချန်းဟိုင်ရဲ့ မျက်လုံးတွေက နူးညံ့သိမ်မွေ့နေပြီး သူ့အပြုံးက အရမ်းကို ကြည်နူးစရာကောင်းတယ်လို့ ဇီရွှမ် ခံစားလိုက်ရတယ်။ ယွီချန်းဟိုင်က ကြင်နာတတ်တယ်ဆိုတာ သူ ဘယ်တုန်းကမှ မတွေးထင်ထားမိဘူး။

ဇီရွှမ်က ဒီမြင်ကွင်းကို ကြည့်နေရင်းသူ့မျက်နှာက ဖြူယော်လာပြီး အမြန် ပျံသန်းထွက်လာပြီး သူ့အခန်းထဲကို ဝင်လာပြီး ထွေးခံထဲမှာ သွေးတစ်လုပ်ကို အန်လိုက်တယ်။
သူ့ကို ခိုးကြောင် ခိုးဝှက်စောင့်ကြည့်နေတဲ့ ဘုန်းကြီး ရုတ်တရက်ထွက်သွားပေမယ့် ကျိုးယွင်ရှန့်ဘက်က ဘာမှ အမူယာ မပြောင်း ခဲ့ဘူး။ သူက အားချီကို ဖက်ထားရာကနေ လွှတ်လိုက်ပြီး မေးလိုက်တယ်။

"  မုလွေ့လင်က မင်းကို နန်းတော်ထဲကို ခေါ်သေးလား "

"ကျွန်တော်တို့ရောက်တာနဲ့ချက်ချင်းပဲ ခေါ်တွေ့ပါတယ်၊ ဒါပေမယ့် ကျွန်တော် ဘယ်သူဆိုတာ သူ မမှတ်မိဘူး"

အချီက သူ့လည်ပင်းကို လက်နဲ့ဖြတ်တဲ့ပုံ လုပ်လိုက်ပြီး မေးလိုက်တယ်။
"ဘာလို့ ဂိုဏ်းချုပ်သခင်က သူမကို မသတ်တာလဲ။ "

" ဘာကြောင့်လဲဆိုတော့ အသက်ရှင်နေတာက သေတာထက် ပိုဆိုးတယ်ဆိုတာ သူမကို သိစေချင်လို့ပဲ "
ကျိုးယွင်ရှန့်က ပြုံးပြီးပြောလိုက်တယ်။

ဆယ်ကျော်သက်ကောင်လေးက သဘောပေါက်သွားတဲ့ပုံနဲ့ ကျိုးယွင်ရှန့်ကို လေးစားစွာကြည့်ရင်း တိုးတိုးပြောလိုက်တယ်။

 " ဂိုဏ်းချုပ်သခင်... ယွန်ခွန်ဖုန်းက ကျွန်တော့်ကို အာရုံခြောက်ခြားမှု ဖြေဆေးတစ်လုံး တောင်းခဲ့တယ်။ သူ့ကို မုလွေ့လင် ဆေးခတ်ဖို့ ကြံတယ်ဆိုတာ သခင် ပြောပြလိုက်သေးသလား "

ဒီဆယ်ကျော်သက်ကောင်လေးက ငယ်ငယ်တုန်းက ဆေးပညာရှင်တစ်ယောက်ဆီမှာ ဆေးဝါးပညာကို သ သင်ယူပြီး ဆေးဆိုင်မှာ နေထိုင်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် ကျိုးယွင်ရှန့်ကို ခတ်လိုက်တဲ့ တွမ့်ချန်စန်း (Duan chang san ) အဆိပ်က အဆိပ်တက်တာမြန်ပြီး ပြင်းထန်တဲ့ အဆိပ်ဖြစ်လို့ သူ ကျိုးယွင်ရှန့်ကို ကယ်ဖို့ ဆေးတိုက်ချိန်မရလိုက်ပေ။ ဒါကြောင့် အာချီက အချိန်အတော်ကြာကြာ စိတ်မကောင်းဖြစ်နေခဲ့တယ်။ သူက နောက်ပိုင်းပြည်မကို ရောက်တော့ ဂိုဏ်းချုပ်သခင် အသက်ရှင်လျက်တွေ့ရတော့မှ စိတ်ပျက်အားငယ်မှု ကင်းစင်လာတာဖြစ်တယ်။

 
အာရုံခြောက်ခြားစေတဲ့ ဆေးမှုန့်က အဆိပ်မဟုတ်ပေမယ့် သူ့အာနိသင်က ထူးဆန်းတယ်။ ဒီဆေးကို ခတ်ခံရတဲ့သူက စိတ်ကယောင်ခြောက်ခြားဖြစ်ပြီး အဆိပ်ခတ်သူရဲ့ အမိန့်ကို နာခံရတယ်။ ဒီဆေးရဲ့ အာနိသင်က နာရီဝက်ကြာပြီး ဘယ်သူမှ ဒီဆေးကို ဖြေနိုင်တဲ့ ဖြေဆေး ကို မဖော်စပ်နိုင်ဘူး။ ယွန်ခွန်ဖုန်းက ဒီလောကထဲ မုလွေ့လင် ရဲ့ပတ်သတ်မှုကို သိရပြီး သူနဲ့ပတ်သတ်ကို စုံစမ်းပြီးနောက် အာချီကို အာရုံခြောက်ခြားဆေးရဲ့ ဖြေဆေးကို ဖော်စပ်ဖို့ အမိန့်ပေးခဲ့တာဖြစ်တယ်။

မုလွေ့လင်  ဘာပဲလုပ်လုပ်ပဲဒီတစ်ကြိမ်အောင်မြင်ဖို့မစဉ်းစားပါနဲ့တော့။ ကျိုးယွင်ရှန့်က နူတ်ခမ်းဖျားမှာ ကျေနပ်စွာပြုံးလိုက်ပြီး မုလွေ့လင် လုပ်တာကို ကြည့်ဖို့ အားချီကို ဆွဲခေါ်ပြီး လေထဲကနေပျံသန်းလို့ ယွန်ခွန်ဖုန်းတို့ ရှိတဲ့ အခန်းဆီကို လေထဲကနေ ပျံသန်းလာခဲ့တယ်။
 သူတို့ရောက်တော့ ယွန်ခွန်ဖုန်းက အရက်မူးနေပြီး စားပွဲပေါ် ခေါင်းစိုက်ကျမသွားခင် ခါယမ်းနေသေးတယ်။ မုလွေ့လင်က ယွန်ခွန်ဖုန်းရဲ့ နားရွက်နားကို တိုးတိုးလေးခေါ်ကြည့်တယ်။


'ယွန်ခွန်ဖုန်း.... ရှင်..အဆင်ပြေရဲ့လား" 

" သောက်စမ်း.... " 
ယွန်ခွန်ဖုန်းက စားပွဲကို လက်ဝါးနဲ့ရိုက်ပြီး ထပ်ပြောလိုက်တယ်။ မုလွေ့လင်က မူးယစ်နေတဲ့ ယွန်ခွန်ဖုန်းကို မေးလိုက်တယ်။
" ရှင်ဘာကြောင့် ကျန်းချန်ရန် စိမ်းစိမ်းကားကား ဆက်ဆံရတာလဲ... သူ ဘာအမှားလုပ်ခဲ့လို့လဲ "

မုလွေ့လင် အသုံးပြုတဲ့ စိတ်အာရုံခြောက်ခြားဆေးက ဘယ်သူမဆို အသိစိတ်ပျောက်ပြီး သူမေးသမျှကို အမှန်တိုင်းဖြေကြားမှာဖြစ်တယ်။ ပြီးရင် သူတို့မှတ်ဉာဏ်ထဲမှာ ဘာတွေဖြေလိုက်မိသလဲဆိုတာ မေ့သွားလိမ့်မယ်။ မုလွေ့လင်က ယွန်ခွန်ဖုန်းဆီက သိရတဲ့ သတင်းကို သုံးပြီး ရှေ့ဆက်လုပ်မယ့် အစီစဉ်ကို ရေးဆွဲချင်လို့ ဒီဆေးကို သုံးရတာဖြစ်တယ်။

ယွန်ခွန်ဖုန်းက စားပွဲပေါ် နောက်တခါ ခေါင်းစိုက်လိုက်ပြီး ပြောလိုက်တယ်။
 " သူက ငါ့အမျိုးသမီးကိုလုယက်ခဲ့တယ်။ ငါဘာလို့ သူ့ကို မခွဲပဲ အနီးကပ် ဆက်ထားရမှာလဲ။ ငါသူ့ကိုသတ်ချင်တယ်!"

မုလွေ့လင်ရဲ့မျက်နှာအနည်းငယ်ပြောင်းလဲသွားတယ်။ သူမက ရွံရှာမှု နဲ့ မနှစ်မြို့မှုနှစ်မျိုးစလုံးခံစားခဲ့ရပြီး သူ့စိတ်နှလုံးထဲမှာ မထင်မှတ်ထားတဲ့ မာနတချို့ ပေါ်လာခဲ့တယ်။ သူမက ဒီလူရဲ့ စရိုက်တွေကို သဘောမကျဘူး။ မုန်းလည်း မုန်းတီးတယ်။

မုလွေ့လင်က သူမ ဖန်ခွက်ထဲက ဝိုင်တချို့ကို ယူလိုက်ရင်း သူ ပြန်သွားရင် ကျန်းချန်ရန်ကို ဘယ်လိုရှင်းပြရမလဲဆိုတာ စဉ်းစားနေတယ်။ ယွန်ခွန်ဖုန်း သူ့ကို ခပ်ခွာခွာနေတာက သူမကြောင့်ဆိုတာ သိရင် ကျန်းချန်ရန် မနာလိုစိတ်တွေဖြစ်လာမလား။ ဒီအကြောင်းကို စဉ်းစားပြီး မုလွေ့လင် ပျော်ရွှင်စွာရယ်မောလိုက်တယ်။

ယွန်ခွန်ဖုန်းက မုလွေ့လင် ရယ်မောတဲ့အသံကိုကြားလိုက်တော့ မျက်လုံးကို အသာဖွင့်ပြီးချောင်းကြည့်လိုက်တယ်။ သူက မုလွေ့လင် ဘာကိုတွေးနေတယ်ဆိုတာ မသိပေမယ့် သူမ မျက်လုံးထဲက စိတ်အားထက်သန်တဲ့ အရိပ်ကိုတွေ့တော့ မကောင်းတာ တခုခုကိုတွေးပြီး ကျေနပ်နေတယ်ဆိုတာ အတပ်သလိုက်တယ်။ ဒီလို မိန်းမရဲ့မျက်လုံးထဲမှာ သူက အမှိုက်သာသာပဲဖြစ်နေတယ်ဆိုရင်တော့ အရင်က သူတွေးထားသလို သူမကို တသက်လုံးကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ အတွေးက သူ ရူးနေလို့သာ တွေးမိတာပဲဖြစ်မယ်။
သူ ဒီမိန်းမ ဖြစ်စေချင်တာ လုံးဝမဖြစ်စေရဘူးလို့ ဆုံးဖြတ်လိုက်တယ်။

--------------------------------
မုလွေ့လင်က ရည်ရွယ်ချက်ရှိရှိနဲ့ ယွန်ခွန်ဖုန်း သူမကို အိပ်ယာထက်ကို ဆွဲတင်ပြီး ချစ်တင်းနှောအောင် လုပ်လိုက်တယ်။ ယွန်ခွန်ဖုန်းက ဆေးမိလို့ အမိန့်နာခံရတဲ့ အနေထားနဲ့ သူမကို အိပ်ယာထက် အကြမ်းပတမ်းဆွဲတင်ပြီး ဘာမှ နိဒါန်းပျိုးမနေပဲ တစ်ခါတည်း ထည့်လိုက်တယ်။ ဒါပေမယ့် သူမကိုယ်ထဲကို ဝင်လိုက်မိတာနဲ့ သူ ဒေါသ အကြီးကျယ်ထွက်သွားတယ်။

"မင်းဟာအပျိုစင်မဟုတ်ဘူး!"
ယွန်ခွန်ဖုန်းက သူ့ရဲ့ သေးသွယ်တဲ့ကိုယ်ပိုင်ရတနာကို သူမကိုယ်ထဲက ဆွဲထုတ်လိုက်ပြီး မုလွေ့လင်ရဲ့ ပါးကို ရိုက်လိုက်ပြီး လှောင်လိုက်တယ်။
 "အရင်က မင်းဟာကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံး အဖြူစင်ဆုံး မြင့်မြတ်တဲ့ မိန်းကလေးလိုမျိုးဟန်ဆောင်ခဲ့တယ်။ တကယ်တော့ မင်းက လက်မထပ်ရသေးခင် မင်းရဲ့ အပျိုဘဝကို အခြားလူကို ပေးအပ်ခဲ့ပြီးပြီ။ မင်းလို့ ယုတ်ညံ့တဲ့ မိန်းမကြောင့် ငါ သခင်ရဲ့ ကိုယ် အညစ်နွမ်းမခံနိုင်ဘူး။ "

ယွန်ခွန်ဖုန်းက မုလွေ့လင်ဆီက ရောဂါကူးစက်မှာကို စိုးရိမ်တဲ့ပုံနဲ့ အရက်ကို ယူူပြီး သူမကိုယ်ထဲ ဝင်လိုက်မိတဲ့ သူ့ရဲ့ မိသားစုရတနာကို ထပ်တလဲလဲလောင်းချပြီးဆေးကြောလိုက်တယ်။ ပြီးတော့ အဝတ်တစ်ခုနဲ့သုတ်ပြီး ဘောင်းဘီကို ဆွဲတင်လိုက်တယ်။
တကယ်ဆိုရင် ယွန်ခွန်ဖုန်းက သူ့ကို အနိုင်ထက်ပြုပြီး ဖျက်ဆီးတဲ့သူ မဟုတ်ဘူးလား။ တကယ်တမ်း ယုတ်မာတဲ့သူက ဘယ်သူလဲ။ ယွန်ခွန်ဖုန်းက သူမကို ချစ်တယ်ဆိုပြီး သူမ အပျိုစင် မဟုတ်တော့တာနဲ့ ဘာကြောင့် ညစ်ညမ်းတဲ့ မိန်းမဆိုပြီး ရိုက်နှက်ပြီး လှောင်ပြောင် သရော်ရတာလဲ။
မုလွေ့လင်က ယွန်ခွန်ဖုန်း သူမကိုယ်က ခွာလိုက်ချိန် ဆဲဆို အော်ဟစ်လိုက်ချင်ပေမယ့် သူမရဲ့ပါးပြင်ကို မညှာမတာ ရိုက်နှက်ခံလိုက်ရလို့ ခေါင်းတွေမူးဝေသွားတယ်။ အခု သူမရဲ့ပါးပြင်က ချက်ချင်း နီရဲယောင်ကိုင်းလာခဲ့တယ်။ တော်ဝင် မျိုးနွယ်က မိန်းကလေးတစ်ယောက်ရဲ့ အပျိုစင်ဘဝကို တန်ဖိုးထားတယ်ဆိုပေမယ့် ဒီလောက်ကြီး မပြင်းထန်သင့်ဘူးမဟုတ်လား။ ယွန်ခွန်ဖုန်းက သူမကို ချစ်တယ်လို့ပြောပြီးတော့ သူမ အပျိုစင်မဟုတ်တော့တာနဲ့ သူ့ရဲ့ အချစ်တွေ အားလုံးကို ပြန်ပြီး ရုပ်သိမ်းသွားပြီတဲ့လား။

မုလွေ့လင်က ဖြတ်ထိုးဉာဏ်ကောင်းပြီး ကြံရည်ဖန်ရည်ရှိသူဖြစ်လို့ ယွန်ခွန်ဖုန်း သူမကို ချစ်နေတာကိုသိလို့ ဆေးခတ်ခံထားရတုန်း ဒီလိုလုပ်ဖို့ စိတ်ကူးရလိုက်တာဖြစ်တယ်။ ယွန်ခွန်ဖုန်း အသိဝင်လာချိန်မှာ သူချစ်တဲ့ မိန်းကလေးရဲ့ ဖြူစင်မှုကို ဖျက်ဆီးမိလိုက်ပြီ၊ သူ့မိတ်ဆွေ ညီအစ်ကိုရဲ့ စေ့စပ်ထားသူကို ဖျက်ဆီးမိလိုက်ပြီဆိုတဲ့ နောင်တတရားနဲ့ သူတို့လိုရာ ကြိုးဆွဲတဲ့ ဘဝကို ရောက်စေချင်တာဖြစ်တယ်။ ဒါ့အပြင် ယွန်ခွန်ဖုန်းကို ဒီအချက်ကိုင်ပြီး သူ့ကို ခြိမ်းခြောက်နိုင်မယ်။ နောက်ဆုံး ကျန်းချန်ရန်လက်ထဲ အာဏာ အားလုံးရသွားချိန်မှာ ယွန်ခွန်ဖုန်းရဲ့ ခြေလက်နဲ့ သူ့ယောကျ်ားတန်ဆာကိုဖြတ်တောက်ပြီး တစ်စစီ လုပ်ပြီး သတ်ဖို့ပါ ရည်ရွယ်ထားတာဖြစ်တယ်။

ယွန်ခွန်ဖုန်းက သူကို သနားအားနာပြီး သူမကို တောင်းပန်မယ်လို့ ထင်ထားပေမယ့်  သူမကိုယ်ထဲကို ဝင်လိုက်မိတာနဲ့ အပျိုမစစ်တာကိုသိပြီး ချက်ချင်း ဒီလို ပြင်းပြင်းထန်ထန်တုန့်ပြန်လိုက်တာဖြစ်လို့ မုလွေ့လင် ဘယ်လို ဆက်လုပ်ရမယ် မသိဖြစ်သွားတယ်။ အခု ယွန်ခွန်ဖုန်းက သူမကို မတောင်းပန် မနှစ်သိမ့်ရုံသာ မက သူမ အပျိုမစစ်တာကို မုန်းတီးပြီး လှောင်ပြောင်နေလို့ မုလွေ့လင်က ဒေါသထွက်လွန်းလို့ မေ့လဲမတတ်ခံစားလိုက်ရတယ်။

မုလွေ့လင်က အေးစက်တဲ့ ကျောက်သားကြမ်းပြင်ပေါ် လဲကျနေပြီး သူမအောက်ပိုင်းက ဖရိုဖရဲဖြစ်နေတယ်။ သူမရဲ့ သွေးကြောပိတ်ခံထားရလို့ မလှုပ်ရှားနိုင်ပဲ အကူညီကင်းမဲ့စွာနဲ့ စောင့်ဆိုင်းနေရတယ်။ သူမက အော်ဟစ်ဆဲဆိုချင်ပေမယ့် နူတ်ခမ်းတောင်ဖွင့်မရလို့ နာကျင်ဝမ်းနည်းမှုတွေနဲ့ပြည့်လို့လာတယ်။

ကျိုးယွင်ရှန့်က မမြင်သင့်တဲ့မြင်ကွင်းကို အားချီမမြင်အောင် လက်နဲ့ မျက်လုံးကို အုပ်ထားပြီး အခန်းအပြင်က စောင့်နေတဲ့ အစောင့်နှစ်ယောက်ကို ပြောလိုက်တယ်.

 " မင်းရဲ့ဗိုလ်ချုပ်ကတကယ့်သားရဲပဲ"

လျှို့ဝှက်အစောင့်တွေကလျစ်လျူရှုထားကြပြီးသူတို့ရဲ့နေရာမှာ နည်းနည်းမှ မလှုပ်ပဲ ရပ်ပြီး စောင့်နေတယ်။

အားချီက မျက်လုံးမှိတ်ခံထားရတာကနေ တိုးတိုးပြောလိုက်တယ်။
" အဲ့ဒါမျိုးပေါ့...စုန်းမက သူ့ကျိန်စာ ပြန်မိသွားတယ်ဆိုတာ။ ဗိုလ်ချုပ်ယွန်ရဲ့ လုပ်ရပ်က ဆိုးဝါးတယ်ဆိုပေမယ့် မုလွေ့လင်လို မိန်းမမျိုးအတွက် သူ့အပြစ်နဲ့ ထိုက်တန်တာ ပြန်ရတာပဲလေ။ ဒီလုပ်ရပ်က ဗိုလ်ချုပ်ယွန်အတွက် ထိုက်တန်တဲ့ အကြောင်းပြချက်နဲ့လုပ်တာပဲ "
ဂိုဏ်းချုပ်နဲ့မတူတာက ဂိုဏ်းချုပ်က အဲ့မကောင်းဆိုးဝါးမ လှည့်ပတ်တာကို ခံလိုက်ရတာပဲ...လို့အားချီက စိတ်ထဲကနေ ဆက်ပြောနေမိတယ်။

ကျိုးယွင်ရှန့်က သူ့လက်မောင်းကြားဖက်ထားတဲ့ ကောင်လေးရဲ့စိတ်ထဲမှာ ဘာတွေတွေးနေတယ်ဆိုတာ မသိပဲ ကောင်လေးရဲ့နဖူးကို တောက်ပြီး ကျီစယ်ဟန်နဲ့ပြောလိုက်တယ်။

" ယွန်ခွန်ဖုန်းရဲ့ အသည်းနှလုံးတွေတော့ ကွဲကြေကုန်ပါပြီကွာ။ မင်းက ငါ ကြင်နာတတ်တယ်လို့ ထင်နေတယ် မဟုတ်လား။ မနက်ဖြန် မုလွေ့လင်ဖြစ်တာကို မြင်ပြီးရင် အမှန်တကယ် ကလဲ့စားခြေတာ ဘယ်လိုဆိုတာ မင်း သိသွားလိမ့််မယ် "

" ဒါဆို မနက်ဖြန်မှာ ဘာတွေဖြစ်မှာလဲ... "
အားချီက မျှော်လင့်တကြီးနဲ့မေးလိုက်တယ်။ ကျိုးယွင်ရှန့်က သူ့နူတ်ခမ်းပေါ် လက်ညှိုးတင်လိုက်ပြီး ထူးဆန်းစွာပြုံးလိုက်တယ်။

-------------------------------------------------

နတ်ဆိုးသခင်နှင့် သူတော်စင်(QWFOD Extra 2 )( myanmar traslation)Where stories live. Discover now