Chapter (19-3) ((zawgyi+unicode)

8.6K 1.2K 20
                                    

Chapter (19-3) ((zawgyi+unicode)

ကိုရင်လေးက အပူလောင်လို့နာသွားတဲ့ လက်ချောင်းလေးတွေကို ရုတ်လိုက်တော့ ပူနေတဲ့ဆန်ပြုတ်ပန်းကန်က ပြုတ်ကျသွားပြီး ဇီရွှမ့်ကို ဆန်ပြုတ်ပူပူတွေ စင်သွားတယ်။ ဇီရွှမ်က မတုန်မလှုပ်နဲ့ ဆန်ပြုတ်တွေကိုသုတ်လိုက်ပြီး လုပ်တဲ့ကိုရင်လေးကို ဒေါသမထွက်ဘဲ ကြည့်လိုက်တယ်။ ကိုရင်လေးက သူ့ကို တစ်ခုခုမေးဖို့ စိတ်မ၀င်စားဘဲ တရားစာကိုရွတ်လိုက်လို့ ဇီရွှမ်ရဲ့ရင်ထဲ ဒေါသတွေထွက်လာတော့တယ်။

ဒီလောကထဲကလူတွေက ရှောင်လင်ကျောင်းတော်ဆိုတာ အသန့်ရှင်းအစင်ကြယ်ဆုံးနေရာလို့ ယုံကြည်နေကြတယ်။ တကယ်တော့ ဒါက အတုအယောင်ဖြစ်ပုံရတယ်။ ထင်ရှားကျော်ကြားပြီး သမာသမတ်ကျတဲ့ ဘုန်းတော်ကြီးဆိုတဲ့ဂုဏ်ပုဒ်က ဂိုဏ်းချုပ်ဆရာသခင်ထက် ပိုသင့်တော်တဲ့သူ ရှိပါဦးမလား။ သူက ဥစ္စာဓနနဲ့ဖြားယောင်းမှုကို ကြံ့ကြံ့ခံနိုင်တယ်။ ချစ်ခင်တွယ်တာခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်းဆိုတဲ့ အရာက သူ့ကိုယ်မှာ လွှမ်းခြုံနေတယ်။ သူက မကောင်းတဲ့လူဆိုးတွေကို ဖယ်ရှားသုတ်သင်တယ်။

"ဂိုဏ်းချုပ်ဆရာသခင်က ကျွန်တော်တို့ဂိုဏ်းပေါ် ထင်ကျန်နေတဲ့ နာမည်ပျက်ကို ဆေးကြောပစ်လိုက်နိုင်ပြီ.. ပြီးတော့ သူက ဒီလောကထဲကနေ အနားယူတော့မယ်.."

ကိုရင်လေးက ရှောင်လင်ကျောင်းကနေထွက်ခွာဖို့ ရည်ရွယ်ထားပြီဖြစ်လို့ စကားလုံးတွေနဲ့ သူ့မူလဇာတ်ကြောင်းကို ဖုံးကွယ်ဖို့ မကြိုးစားတော့ဘူး။

"ဒါပေမယ့် ဂိုဏ်းချုပ်သခင်ဆီမှာ ရတနာမြေပုံနဲ့ ရှေးဟောင်းသိုင်းကျမ်းတွေရှိလို့ တစ်လောကလုံးကလူတွေက သူ့ဆီကပိုင်ဆိုင်တဲ့အရာတွေကို လုယူဖို့ လက်တွဲကုန်ကြပြီ.. သူတို့ပြောကြတာတော့ ကျွန်တော်တို့ဂိုဏ်းချုပ်ကြီးက ပိယွင်ရွာဆီကို ခိုးယူထားတဲ့ရတနာတွေကို သယ်လာပြီး ၀ှက်ထားတယ်တဲ့.. သူတို့က ဆရာ့ကို သတ်ချင်နေကြတယ်.. ခင်ဗျားရဲ့ဆရာက အသက်ရာကျော်နေတဲ့ ဘုန်းကြီးဖြစ်ပြီး ဟိုလူတွေလိမ်တာကိုတောင် မသိနိုင်ဘူးလား.. သူတို့ရဲ့အလိမ်အညာမျက်နှာဖုံးကို ဆွဲမချွတ်ဘဲ ပိယွင်ရွာကလူတွေနဲ့တောင် လက်တွဲပြီး ကျွန်တော်တို့ဂိုဏ်းချုပ်ကို သတ်ဖို့စီစဉ်နေကြတယ်.. ကြည့်ရတာ ဒီအလယ်ပိုင်းဒေသက ယောက်ျားတွေနဲ့ ဘုန်းကြီးတွေတောင် လူကောင်းမကျန်တော့ဘူးလား.. အပြစ်မဲ့တဲ့လူတွေကိုတောင် ခင်ဗျား မရည်ရွယ်ဘဲ သတ်ဖြတ်ခဲ့သေးတာတောင် ဘယ်လိုကြောင့်များ ကျွန်တော့်ဆရာသခင်ကို ဘုန်းကြီးဝတ်ခိုင်းပြီး လူတကာရဲ့ဓားအောက် လည်စင်းခံရအောင် လုပ်နိုင်ရတာလဲ.."

နတ်ဆိုးသခင်နှင့် သူတော်စင်(QWFOD Extra 2 )( myanmar traslation)Where stories live. Discover now