Chapter (26-2) _ End (zawgyi+unicode)

13.2K 1.1K 34
                                    

Chapter (26-2) _ End (zawgyi+unicode)

ပီကင်းဘုရင်ရောက်လာချိန်မှာ ကျိုးယွင်ရှန့်တို့ အချစ်တိုက်ပွဲပြီးကာစဖြစ်တယ်။ ဇီရွှမ်က တည်ငြိမ်တဲ့ဘုန်းကြီးသွင်ပြင်ကို ပြန်ရနေပေမယ့် ကျိုးယွင်ရှန့်ရဲ့လည်ပင်းက နမ်းထားတဲ့ အနီမှတ်တွေပြည့်နေပြီး မျက်ဝန်းတစ်စုံက ချစ်ဆိပ်ရည်တွေနဲ့ လဲ့နေတယ်။ သူက ညောင်စောင်းမှာ ပျင်းရိစွာလဲလျောင်းနေပြီး ခြေထောက်တစ်ဖက်ကို ဇီရွှမ်ရဲ့လက်မောင်းပေါ်တင်ထားပြီး ခြေတစ်ဖက်ကို ကွေးထားတယ်။ ဒီပျင်းရိတဲ့ပုံလေးက လူ့ရဲ့စိတ်ကို ကြွအောင် လှုံ့ဆော်နိုင်လို့ ဘုရင့်မျက်လုံးထဲ ရမ္မက်စိတ်တွေ ထင်ဟပ်လာတယ်။ ဒါပေမယ့် သူက ရတနာမြေပုံကိုလိုချင်လို့ သူ့စိတ်ကို အချိန်မှီ ချိုးနှိမ်ထားလိုက်နိုင်တယ်။

ဘုရင်က သူတို့နှစ်ယောက်ကို ခြေလက်ဖြတ်ထားတဲ့ ကျန်းချန်ရန်နဲ့မုကျင့်ကောရှိရာကို ခေါ်လာခဲ့တယ်။ ဒီလူနှစ်ယောက်ကို လေးဘက်ထောက်စေပြီး ထမ်းပိုးတပ်လို့ နွားတင်းကုတ်ထဲမှာ လှောင်ထားတယ်။

"မင်းတို့ သူတို့တွေကို အနီးကပ်သွားကြည့်လို့ရတယ်.. ဒီနှစ်ယောက်ကို နေ့တိုင်းနှိပ်စက်ပြီး ခြေဖ၀ါး၊ လက်ဖ၀ါးတွေဖြတ်ပြီး အမျိုးသမီးတွေစီးဖို့ ထမ်းပိုးတပ်ထားပြီး တစ်နေ့နှစ်ကြိမ် ဆွဲခိုင်းတယ်.. တကယ်လို့ အခုနှိပ်စက်တာ မလုံလောက်သေးရင် သူတို့ကို ထပ်နှိပ်စက်လို့ရသေးတယ်.. နှိပ်စက်တဲ့နေရာမှာ ငါကိုယ်တော်ရဲ့လူတွေက အရမ်းတော်တယ်.. သူတို့နှိပ်စက်ခံရတာကို လက်တွေ့ကြည့်ချင်သေးလား.."

ကျိုးယွင်ရှန့်က သူတို့တွေကို အနီးကပ်ကြည့်ပြီး သူတို့ဆီက အနံ့ဆိုးတွေကို မရှူချင်ဘူး။ အခု ဒီနှစ်ယောက်က သူတို့တစ်သက် လမ်းမလျှောက်နိုင်တော့ဘဲ တိရိစ္ဆာန်တွေလို ၀မ်းလျားထိုးပဲ သွားနိုင်တော့မယ်။ သူတို့တစ်ကိုယ်လုံး အမာရွတ်တွေပြည့်နေတဲ့အပြင် သွေးတွေ၊ အညစ်အကြေးတွေက ယိုစီးကျနေသေးတယ်။

ပီကင်းဘုရင်က ကွပ်မျက်သူတွေကို ခေါ်သွားခိုင်းတဲ့အခါ သူတို့က တုန်လှုပ်ပြီး ပါးစပ်ဟလို့ လျှာတစ်ဝက်ထွက်အောင် အော်ဟစ်ပြီး အသနားခံကြတယ်။ သူတို့ပုံစံကိုတွေ့ပြီး ကျိုးယွင်ရှန့်က သနားသဖြင့်နဲ့ သတ်ပေးတာကို လိုချင်ကြတယ်။ သွေးမျက်ရည်တွေက မျက်လုံးထဲက စီးကျလာခဲ့တယ်။ အခုတော့ သူတို့ဘ၀က ရှင်လို့မရ၊ သေလို့မရတဲ့ဘ၀နဲ့ ငရဲခံနေရတယ်။ ဒီအဖြစ်ဆိုးကိုတွေ့ပြီး ကျိုးယွင်ရှန့်ဆီက ကြင်နာသနားစိတ်လေးများပေါ်ပြီး သူတို့ဒုက္ခကို ငြိမ်းအောင်လုပ်ပေးဖို့ မျှော်လင့်နေကြတယ်။

နတ်ဆိုးသခင်နှင့် သူတော်စင်(QWFOD Extra 2 )( myanmar traslation)Waar verhalen tot leven komen. Ontdek het nu