Chapter ( 19_2) (zawgyi+unicode)

8.3K 1.1K 14
                                    

Chapter ( 19_2) (zawgyi+unicode)

သူက ထမင်းနဲ့ဟင်းထည့်ထားတဲ့ဗူးကို မီးဖိုထဲ ဆေးကြောသိမ်းဆည်းပြီး ပတ်ဝန်းကျင်မှာ လူရှိမရှိ တစ်ချက်လှည့်ပတ်ကြည့်လိုက်တယ်။ ပြီးတော့ မီးဖိုပေါ်က ငရုပ်ဆီနဲ့ဆားကို လှမ်းယူပြီး တောင်အနောက်ခြမ်းကို တိတ်တဆိတ် ပြေးထွက်လာခဲ့တယ်။ သူက ငှက်တချို့ဖမ်းပြီး ကင်စားချင်ပေမယ့် သူ အရှေ့ဘက်ခြံဝင်းကနေ ထွက်လာတာနဲ့တစ်ပြိုင်နက် သိုင်းဝတ်စုံဝတ်ထားတဲ့လူတချို့က မျက်နှာချင်းဆိုင်ရပ်ပြီး တစ်ဖွဲ့ကိုတစ်ဖွဲ့ စိတ်ပျက်စရာစကားတွေနဲ့ ပြောဆိုနေတာကို တွေ့လိုက်ရတယ်။

ကိုရင်လေးက အမြန်ပုန်းအောင်းလိုက်ပြီး အကွယ်နောက်ကနေ ခေါင်းတစ်လုံးဖော်ပြီး ချောင်းကြည့်လိုက်တယ်။ သူက ကလေးဖြစ်တဲ့အပြင် သိုင်းပညာလည်း မတတ်တဲ့အတွက် ဒီလူတွေရဲ့အမြင်က ကိုရင်လေးက သံသယ၀င်စရာလို့မမြင်ဘဲ ဒီလိုပဲ ကလေးတစ်ယောက်လို့သာ မြင်ကြတယ်။

ကိုရင်လေး ဒီရှောင်လင်ကျောင်းတော်ကိုမရောက်ခင် ဂိုဏ်းချုပ်ဆရာသခင်က ကြိုတင်ပြောပြထားခဲ့တာရှိတယ်။ ရတနာသိုက်မြေပုံနဲ့ သိုင်းကျမ်းသတင်းက ပျံ့နှံ့သွားတဲ့အခါ သိုင်းဂိုဏ်းတွေနဲ့ အင်ပါယာကအာဏာမရှိသူတွေကြားမှာ အချင်းချင်း ရတနာမြေပုံနဲ့သိုင်းကျမ်းကို လုယက်ဖို့ ပြိုင်ဆိုင်တိုက်ခိုက်မှုတွေ ပြင်းထန်လာကြလိမ့်မယ်ဆိုတာ ကိုရင်လေးက သိရှိပြီးဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သိုင်းဂိုဏ်းကဆရာသခင်တွေက အရမ်းတော်ကြပြီး အချင်းချင်းချိုးနှိမ်မှုကို လုပ်ဖို့ခဲယဉ်းကြတယ်။ သူတို့က လူစုပြီး သူတို့ကသာ ဒီရတနာကိုရဖို့ ကြိုးစားကြလိမ့်မယ်။ သူတို့ကိုကူညီဖို့ လူတွေလိုက်စုကြလိမ့်မယ်။

သိုင်းပညာအရာမှာ ဘုန်းကြီးဇီရွှမ်နဲ့ ဂိုဏ်းချုပ် Zhishen က နံပါတ်တစ်နေရာမှာရှိလို့ လူတိုင်းက သူတို့ကိုကူညီပေးဖို့ ကမ်းလှမ်းဖို့ လာရောက်ကြတယ်။ ဒါကြောင့် ဒီအခြေအနေကိုကြည့်ရတာ ဒီသိုင်းဂိုဏ်းတွေ ရှောင်လင်ဂိုဏ်းကို လာရောက်တဲ့ရည်ရွယ်ချက်က တူနေပုံရတယ်။ ရှောင်လင်ကျောင်းတော်က ဘယ်သူ့ကိုကူညီပေးဖို့ ရွေးမယ်ဆိုတာ ကိုရင်လေး မသိတော့ဘူး။ တကယ်လို့ တစ်ဖွဲ့ဖွဲ့ကိုကူညီဖို့ ရှောင်လင်ဂိုဏ်းကို သွေးဆောင်နိုင်တဲ့သူကို သူတို့အနေနဲ့ ရွေးချယ်ချင်ရွေးချယ်ကြလိမ့်မယ်လို့ ဆရာသခင်က ပြောခဲ့တယ်။ ဒါပေမယ့် ဘုန်းကြီးတွေဆိုတာ လိုချင်တပ်မက်မှု မရှိသင့်ဘူးမဟုတ်လား။

နတ်ဆိုးသခင်နှင့် သူတော်စင်(QWFOD Extra 2 )( myanmar traslation)Where stories live. Discover now