Chapter (23-2) 🚫🚫🚫(zawgyi+unicode)

16.4K 1.1K 23
                                    

Chapter (23-2) 🚫🚫🚫(zawgyi+unicode)

သူ့ချစ်သူရဲ့နှလုံးသားက ဓားဒဏ်ရာကြောင့် ဝေဒနာခံစားနေရတာဖြစ်လို့ ဇီရွှမ်က ဒီထက်မလှုပ်ရှားသေးဘူး။ ဒါကြောင့် သူ့ရင်ထဲတောက်လောင်နေတဲ့ ရမ္မက်မီးကိုထိန်းချုပ်ပြီး ကျိုးယွင်ရှန့်ကို ရေနွေးနဲ့ ကိုယ်လက်သုတ်သင်ရာမှာ ကူညီပေးလိုက်တယ်။ ဇီရွှမ်က ကျိုးယွင်ရှန့်ကိုယ်ပေါ်က ရေစက်တွေကို ပုဝါနဲ့သုတ်ပေးပြီး အိပ်ယာထက်ကို ပွေ့ချီလာခဲ့တယ်။

ကျိုးယွင်ရှန့်က သန့်ရှင်းတဲ့ဝတ်စုံကို ၀တ်ဆင်ထားပြီး ခါးမှာ ကျောက်စိမ်းခါးပတ်ကို ခပ်လျော့လျော့ချည်ထားလိုက်တယ်။ သူက အိပ်ယာထက်မှာ သက်တောင့်သက်သာထိုင်ရင်း စာကို ဆက်ဖတ်နေလိုက်တယ်။

ဇီရွှမ်က ရေအမြန်ချိုးပြီး အ၀တ်မပါဗလာထီးထီးနဲ့ လျှောက်ဝင်လာခဲ့တယ်။ သူ့ခြေထောက်ကြားကအရာက နဂါးတစ်ကောင်လို မာန်တဖီဖီဖြစ်နေလို့ ကျိုးယွင်ရှန့် ဒေါသထွက်လာတယ်။ ဒါပေမယ့် သူက လှောင်ရယ်,ရယ်လိုက်ပြီး ပြောလိုက်တယ်။

“တခြားအခန်းမှာ သွားအိပ်ချည်..”

ဇီရွှမ်ရဲ့မျက်ဝန်းနီနီတွေက ခပ်လျော့လျော့အ၀တ်အစားမှာ ပေါ်နေတဲ့ ရင်ဘတ်နဲ့ ကျောက်စိမ်းလိုခြေထောက်တစ်စုံကို စိုက်ကြည့်နေတယ်။ ဇီရွှမ်က ကျိုးယွင်ရှန့်ရဲ့ စိုနေတဲ့ဆံပင်တွေကို မှုတ်ပေးမလို့ အနားကပ်လာပေမယ့် ကျိုးယွင်ရှန့်က ဖတ်လက်စစာအုပ်နဲ့ ဇီရွှမ်ရဲ့လက်ကိုရိုက်လိုက်ပြီး ပြောလိုက်တယ်။

“ကျွန်တော့်ကို လာမထိနဲ့.. ဘုရားက ခင်ဗျားကို အပြစ်တင်လိမ့်မယ်.. ခင်ဗျားက ဘုန်းကြီးဖြစ်နေသရွေ့ ကျွန်တော့်ကို ထိတွေ့ကိုင်တွယ်နေရင် ဒါက ဘုန်းကြီးတစ်ပါး လိုက်နာရမယ့်ဝိနည်းကို ချိုးဖောက်တာပဲ..”

ဇီရွှမ်ရဲ့နှုတ်ခမ်းထောင့်စွန်းတွေက ကော့တက်လာခဲ့တယ်။ သူက ဘယ်လောက်အရိုက်ခံရပါစေ၊ ဘယ်လောက်အငြင်းခံရပါစေ နောက်တွန့်မသွားဘဲ သူ့ရဲ့ကျန်းချီတွေကို ထုတ်လွှတ်ပြီး ရေတံခွန်တွေလို ဖားလျားကျနေတဲ့ ဆံနွယ်ရှည်ရှည်တွေကို ခြောက်သွေ့သွားစေတယ်။ ဇီရွှမ်က အိပ်ယာစွန်းမှာဒူးထောက်ပြီး ဆံပင်ခြောက်အောင်လုပ်ပေးနေလို့ ဇီရွှမ်ရဲ့နဂါးကြီးက သူ့ခြေထောက်ကြားမှာ လဲလျောင်းနေတယ်။

နတ်ဆိုးသခင်နှင့် သူတော်စင်(QWFOD Extra 2 )( myanmar traslation)Where stories live. Discover now