Chapter (24-1) (zawgyi+unicode)

12.8K 1.3K 60
                                    

Chapter (24-1) (zawgyi+unicode)

သူတို့က ဒီခြံဝင်းမှာ တစ်ညအိပ်လိုက်ကြပြီး နောက်တစ်နေ့မိုးလင်းတော့ အကြောပိတ်ထားတဲ့လူတွေကို အကြောပြန်ဖွင့်ပေးပြီး မြင်းနှစ်ကောင်နဲ့ တောင်ပိုင်းကိုခရီးနှင်ခဲ့ကြတယ်။ သူတို့ဘယ်ကိုသွားတယ်ဆိုတာကို ဖုံးကွယ်မထားတဲ့အတွက် လ၀က်လည်းကြာရော သူတို့ကိုသတ်ပြီး သိုင်းကျမ်းလုချင်တဲ့ သိုင်းသမားအုပ်လိုက်ကြီးက နောက်ကလိုက်ပါလာခဲ့ကြတယ်။

ကျိုးယွင်ရှန့်က ဇီရွှမ့်ကို ဒီကိစ္စကိုကိုင်တွယ်ဖို့ပြောပြီး အေးဆေးပဲရှိနေတယ်။ တကယ်လို့ လူတွေက သူတို့ကိုလာတိုက်ခိုက်နေရင်တောင်မှ သူက ဘေးကပဲကြည့်နေလိုက်တယ်။ ဇီရွှမ်က တိုက်ပွဲရဲ့ဘက်ပေါင်းစုံကို သေချာအာရုံစိုက်ကြည့်နေရတယ်။ သူ့ကိုတိုက်လာတဲ့အခါ သူက လက်ဝါးနဲ့ရိုက်ပြီး အဝေးကိုလွင့်သွားစေတယ်။ ကျိုးယွင်ရှန့် သူ့ကိုပြုံးကြည့်နေတာကိုတွေ့တော့ ဇီရွှမ်က ကျိုးယွင်ရှန့် ရန်သူတွေကို ပြန်မခုခံဘူးဆိုတာသိလို့ သူ့ရင်ခွင်ထဲသိုင်းဖက်ထားပြီး ကာကွယ်ထားတယ်။

ဇီရွှမ်ရဲ့သိုင်းစွမ်းရည်က ရုတ်တရက်ကြီးတိုးသွားလို့ လူတစ်ယောက်ထက်ပိုပြီး အကာအကွယ်ပေးနေခဲ့ရရင်တောင်မှ တိုက်ခိုက်ရာမှာ သူ့ကို အနှောင့်အယှက်မဖြစ်စေဘူး။ ဒါကြောင့် မကြာခင်မှာပဲ တိုက်ပွဲက ပြီးသွားတော့တယ်။

ကျိုးယွင်ရှန့်က ပေါ့ပေါ့ပါးပါးပဲ အော်ပြောလိုက်တယ်။

"ငါတို့ကို သွားခွင့်ပြုပါ.. ရော့.. Wuji Xinjing ကို ယူသွားတော့.."

လူတိုင်းက ကျိုးယွင်ရှန့် ဒဏ်ရာအပြင်းအထန်ရထားတာကို သိတယ်။ သူက ကိုယ့်ကိုယ်ကို မကာကွယ်နိုင်ဘူး။ ပြီးတော့ သူက ဇီရွှမ့်ကို အရမ်းတွယ်တာပြီး ဘေးအန္တရာယ်မဖြစ်စေချင်လို့ ဒီသိုင်းကျမ်းကို ထုတ်ပေးလိုက်တာလို့ လူတိုင်းက ယုံကြည်ကြတယ်။ ဒါကြောင့် သံသယမ၀င်ဘဲ လွင့်ပျံလာတဲ့ ပိုးသားစပေါ်ရေးထားတဲ့ သိုင်းကျမ်းကို ဖမ်းယူလိုက်ကြတယ်။

"သွားကြစို့.."

ကျိုးယွင်ရှန့်က ဇီရွှမ့်ကို တိုးတိုးပြောပြီး ငါးစာကိုချလိုက်တယ်။ ဒါပေမယ့် ကျိုးယွင်ရှန့် စိတ်သက်သာရာရတာ စောလွန်းနေတယ်။ ဇီရွှမ်က သူ့ကို ခပ်လှမ်းလှမ်းကမြင်းပေါ်ကို တင်ပေးလိုက်ပြီး မြင်းတင်ပါးကို လက်နဲ့ခပ်ဆတ်ဆတ်ရိုက်လိုက်ကာ မျက်လုံးတစ်ဖက် မှိတ်ပြလိုက်တယ်။

နတ်ဆိုးသခင်နှင့် သူတော်စင်(QWFOD Extra 2 )( myanmar traslation)Where stories live. Discover now