Chapter (18_ 1) ( zawgyi+unicode)

9.2K 1.2K 19
                                    

Chapter (18_ 1)  ( zawgyi+unicode)

ပိယွင်ရွာကနေထွက်လာပြီးနောက် ကျိုးယွင်ရှန့်က တောင်ပိုင်းစစ်သေနာပတိချုပ်ရဲ့နန်းတော်ကို ဦးတည်လာခဲ့တယ်။ ပြီးတော့ လျှို့ဝှက်ကုန်သည်ကြီးများအသင်းကို တိုက်ရိုက်သွားပြီး အနက်ရောင်သံကြိုးကို ပြသခဲ့တယ်။

ယွန်ခွန်ဖုန်းနဲ့ စိတ်ချရတဲ့လူယုံတော်တွေက ရွှေငွေရတနာသေတ္တာတွေကို ရေတွက်နေကြတယ်။ သူတို့တွေက အတွေ့အကြုံများပြားကြသူတွေ ဖြစ်ပေမယ့် ဒီလောက်ထိ အရောင်စုံထွက်လောက်အောင် များပြားလှတဲ့ ရတနာသေတ္တာတွေကိုတွေ့တော့ စကားမပြောနိုင်ဘဲ အံ့အားသင့် စိတ်လှုပ်ရှားလွန်းလို့ ကြက်သေသေသွားကြတယ်။ ခေါင်းဆောင်တစ်ဦးတည်းကပဲ ခံစားချက်ကိုထိန်းချုပ်ပြီး ရတနာသေတ္တာစာရင်းကို ရေးမှတ်နေခဲ့တယ်။

“အားချီ.. ဒီကိုလာဦး.. မင်းကြိုက်တဲ့ ရတနာတွေ့ရင် ယူထားလိုက်.. ဘာမှစိုးရိမ်စရာမလိုဘူးနော်.. ဒါက ကိုယ် မင်းကိုပေးတာ..”

ယွန်ခွန်ဖုန်းက ဆယ်ကျော်သက်ကောင်လေးကိုခေါ်ပြီး အသာအယာပြောလိုက်တယ်။ သူ့စကားနဲ့ အမူအယာကြောင့် လူငယ်လေးစိတ်ထဲ လှုပ်ခတ်သွားခဲ့တယ်။ ကျန်တဲ့စစ်သူကြီးအားလုံးလည်း ဆုလာဘ်ချီးမြှင့်ခံထားရပြီဖြစ်လို့ အားချီကို ဒီလို အထူးချီးမြှင့်တာနဲ့ပတ်သက်ပြီး မနာလိုမဖြစ်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ဒီတောင်လိုပုံနေတဲ့ရတနာသိုက်က လျှို့ဝှက်ဂိုဏ်းကပိုင်ဆိုင်ပြီး အားချီက ဒီဂိုဏ်းက မျိုးဆက်ဖြစ်တဲ့အတွက်ကြောင့် သူတို့ မနာလိုဖြစ်စရာအကြောင်း မရှိတာဖြစ်တယ်။

“ကျွန်တော်လိုချင်တာ ဘာမှမရှိဘူး..”

လူငယ်လေးက ခေါင်းမော့မကြည့်ဘဲ ပြောလိုက်တယ်။ သူအလိုချင်ဆုံးအရာက ပျောက်ဆုံးသွားတာကြာခဲ့ပြီ။ သူ့အမြင်အရပြောရရင် သူငယ်ငယ်လေးကတည်းကနေခဲ့တဲ့ သစ်သားအိမ်၊ ကလေးဘ၀က ဂိုဏ်းမှာ သူငယ်ချင်းတွေနဲ့ ကစားခဲ့တဲ့ ရွှံ့နဲ့လုပ်ထားတဲ့ လောက်စာလုံးတွေကတောင် ဒီရတနာတွေထက် အဖိုးတန်သေးတယ်။

ဒီကောင်လေးရဲ့စိတ်ထားက အရမ်းကိုရိုးသားဖြူစင်ပြီး ချစ်စရာကောင်းတယ်။ ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းရဲ့ မျိုးဆက်သွေးပီသပါပေတယ်လို့ ယွန်ခွန်ဖုန်း ခံစားလိုက်မိတယ်။ ဒီရှေးဟောင်းဂိုဏ်းက အမျိုးသား၊ အမျိုးသမီးတွေက ရတနာပုံပေါ်ထိုင်နေကြပေမယ့် ဒီဟာတွေကိုသုံးစွဲပြီး စည်းစိမ်ခံဖို့ စိတ်မ၀င်စားကြဘူး။ သူတို့တွေက သာမာန်လူတွေလို ရိုးသားတဲ့၊ နှိမ်ချတဲ့ဘ၀ကို ပိုသဘောကျကြတယ်။ ဒီဂိုဏ်းသားတွေက ကြိုးစားအားထုတ်ခြင်း၊ ကြင်နာသနားခြင်းနဲ့ပြည့်စုံပြီး မသေမျိုးဖြစ်အောင်ကျင့်ကြံဖို့ကိုပဲ စိတ်ဝင်စားကြတယ်။

နတ်ဆိုးသခင်နှင့် သူတော်စင်(QWFOD Extra 2 )( myanmar traslation)Where stories live. Discover now