Chapter (12) ( zawgyi +unicode) ⚠⚠⚠

11K 1.3K 18
                                    

Chapter (12) ( zawgyi +unicode)

ဒီရက်ပိုင်းအတွင်းမှာ ဇီရွှမ်က ကျိုးယွင်ရှန့်နောက်ကို တောက်လျှောက်လိုက်ပြီး လူသတ်သမားတွေကို ရှင်းလင်းပေးခဲ့တယ်။ သူက သူရှင်းပေးတာနဲ့ လူသတ်သမားတွေ တော်တော်လျော့သွားမယ်လို့ ထင်ထားခဲ့တယ်။ ဒါပေမယ့် သူထင်ထားသလိုမဟုတ်ဘူး။ လူသတ်သမားတစ်ယောက်ကို ရှင်းလိုက်ရင် နောက်ထပ်လူသတ်သမားတစ်ယောက် ထပ်ရောက်လာတယ်။ သူ ဘယ်လောက်ပဲရှင်းရှင်း အဆက်မပြတ်ရိုက်ခတ်နေတဲ့ ရေလှိုင်းတွေလိုပဲ လူသတ်သမားတွေ အဆက်မပြတ်ပေါ်လာလို့ နောက်ဆုံး သူ အားကုန်ပြီး မောပန်းစပြုလာတယ်။

အဲ့ဒီအချိန်မှာ သူ့ကိုယ်ခန္ဓာ အခြေအနေမဟန်တော့တာကို ဇီရွှမ် သတိပြုမိလိုက်တယ်။ သူ့ကိုယ်မှာ ဓားဒဏ်ရာနှစ်ခုရနေပြီး သူ့မရီဒန်ထဲက အတွင်းအားချီတွေက ကမောက်ကမဖြစ်လာပြီး ထိန်းချုပ်လို့မရတဲ့ အခြေအနေကိုရောက်လာတယ်။ သူ ဒီနေရာမှာပဲသေတော့မယ်လို့ ဇီရွှမ်ထင်လိုက်တယ်။ ဒါပေမယ့် သူမသေခင် သူချစ်တဲ့ကောင်လေးရဲ့ မျက်နှာကို တစ်ခါလောက်တော့ တွေ့သွားချင်သေးတယ်။

အဲ့ဒီအချိန်မှာ အေးစက်စက်ရယ်သံတစ်သံကို ကြားလိုက်ရပြီး လူသတ်သမားခေါင်းဆောင်က ထိတ်လန့်သွားတယ်။ သူ့ကိုယ်ထဲကချီတွေ ဗြောင်းဆန်သွားပြီး သွေးအန်လိုက်မိတယ်။

အတွင်းအားအရမ်းကိုမြင့်မားတဲ့သူက လေထဲမှာလွင့်ပျံနေတဲ့ ပန်းပွင့်၊ သစ်ရွက်တွေနဲ့ လူသတ်နိုင်ရုံတင်မကဘူး၊ လေလှိုင်းသံတချို့ ပြုလုပ်တာနဲ့ လူသတ်နိုင်စွမ်းရှိတယ်။ မမြင်နိုင်တဲ့အရာတွေကို လက်နက်အဖြစ် ပြောင်းလဲအသုံးချပြီး လူ့အသက်ကို သစ်ရွက်လေးလို ခြွေယူနိုင်စွမ်းရှိတယ်။

လူတိုင်းက သူတို့ခေါင်းကို လက်နဲ့ဆုပ်ကိုင်ပြီး မြေပြင်ပေါ်လဲကျလို့ နာနာကျင်ကျင် ညည်းတွားနေကြတယ်။ ဒီလူသတ်သမားတွေက ကျိုးယွင်ရှန့်နဲ့ တစ်ခါမှ မျက်နှာချင်းဆိုင် မတွေ့ဖူးကြဘူး။ ကျိုးယွင်ရှန့်နဲ့ တွေ့ဖူးတဲ့လူတိုင်းက အသက်နဲ့ကိုယ်မမြဲတော့တဲ့ အလောင်းကောင်တွေဖြစ်ကုန်ကြတော့ ကျိုးယွင်ရှန့်ရဲ့ သိုင်းပညာနဲ့အတွင်းအားက ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ ဘယ်သူမှမသိကြဘူး။ အနည်းဆုံး ကျိုးယွင်ရှန့်က ဇီရွှမ်နဲ့ အဆင့်တူလောက်ရှိမယ်လို့ပဲ အကြမ်းဖျင်း ခန့်မှန်းထားကြတယ်။

နတ်ဆိုးသခင်နှင့် သူတော်စင်(QWFOD Extra 2 )( myanmar traslation)Where stories live. Discover now