Chapter ( 26_1) (zawgyi+unicode)

8.2K 952 5
                                    

Chapter ( 26_1) (zawgyi+unicode)

ကျိုးယွင်ရှန့်က ဖြည်းဖြည်းပဲ လျှောက်လှမ်းလာတယ်။ တစ်လအတွင်း သူတို့အကြောင်း သတင်းသုံးလေးခုကို ရရှိခဲ့တယ်။ ဒီလူသုံးယောက်က သူတို့အိမ်ကိုမရောက်သေးခင် သုံးကြိမ်လောက် ဓားပြတိုက်ခံရတယ်။ အခုတော့ တကယ့်အဓိကလူဆီမှာ ကုန်ပစ္စည်းတစ်ခုလို ရောက်ရှိသွားခဲ့ပြီ။ ကျိုးယွင်ရှန့်က ပျင်းရိတယ်လည်းမရှိ၊ ပျော်တာလည်းမရှိဘဲ လျစ်လျှူရှုထားလိုက်တယ်။ ဒီသုံးယောက်က တစ်ယောက်လက်ကနေ နောက်တစ်ယောက်လက်ကို ကူးပြောင်းခံနေရတယ်။ လက်ပြောင်းခံရလေ ဆင်းရဲဒုက္ခကို ပိုခံစားရလေဖြစ်တယ်။ အခုတော့ အကြိမ်ရာချီ နှိပ်စက်ခံနေရပြီ။

ပီကင်းဘုရင်က အဖွဲ့အစည်းတွေထဲမှာ အင်အားအကောင်းဆုံးဖြစ်လို့ သူ့လက်ထဲကနေ ဘယ်သူမှ လုလို့မရတော့ဘူး။ ဇီရွှမ်နဲ့ ကျိုးယွင်ရှန့်တို့ ရောက်တဲ့အထိ ဒီသုံးယောက်ကို ထိန်းသိမ်းထားနိုင်ခဲ့တယ်။

“ယွီဂိုဏ်းချုပ်.. ဘုန်းတော်ကြီးဇီရွှမ်.. ကျေးဇူးပြုပြီး ထိုင်ပါ.. အရှင်မင်းကြီးက အခု နန်းတော်ထဲမှာပါ.. ခဏနေရင် ရောက်လာပါတော့မယ်.. ခရီးပန်းရင်လည်း ခဏနားတော်မူကြပါ.. မင်းကြီးရောက်လာရင် ပစ္စည်းသုံးခုကို ချက်ချင်းပြပါ့မယ်..”

စစ်ဗိုလ်ချုပ်က ရိုသေစွာပြောလိုက်တယ်။

“ကောင်းပြီ.. ကျွန်တော်တို့ ခဏနားဦးမယ်.. စားစရာနဲ့ သောက်စရာ ပို့ပေးရင် ရပါပြီ.. ပြုစုဖို့ ဘာမှမစီစဉ်ပါနဲ့.. ကျွန်တော်တို့ ကိုယ့်ဘာသာလုပ်လိုက်ပါ့မယ်..”

စစ်ဗိုလ်ချုပ်ကြီးက တာဝန်ပေးခံထားရလို့ တောင်းဆိုတာကို ချက်ချင်းလုပ်ပေးလိုက်တယ်။ စစ်သားတွေက အရသာရှိတဲ့စားစရာတွေကို တစ်ခုပြီးတစ်ခု စားပွဲပေါ်ခင်းကျင်းပေးပြီး လာရောက်သုံးဆောင်ဖို့ ဧည့်သည်တော်တွေကို ဖိတ်ခေါ်လိုက်တယ်။

ကျိုးယွင်ရှန့်က တူနဲ့ညှပ်ထားတဲ့စားစရာကို ဇီရွှမ့်ပါးစပ်နား တေ့ပေးပြီး ပြောလိုက်တယ်။

“လာ.. ပါးစပ်ဟ.. အသားစားလိုက်ဦး..”

ကျိုးယွင်ရှန့်က ကျီစယ်လိုက်တယ်။

နတ်ဆိုးသခင်နှင့် သူတော်စင်(QWFOD Extra 2 )( myanmar traslation)Where stories live. Discover now