Chapter (18-2) ( zawgyi+unicode)

8.6K 1K 6
                                    

Chapter (18-2)

အခု ပိယွင်ရွာကိုလာတဲ့သူတွေက အရူးတွေမှမဟုတ်ဘဲ။ ယွန်ခွန်ဖုန်းက စစ်တပ်တစ်တပ်ပို့ပြီး ပိယွင်ရွာကို ကာကွယ်ခိုင်းတယ်ဆိုကတည်းက ကျန်းချန်ရန်နဲ့ယွန်ခွန်ဖုန်းကြားက အကျိုးစီးပွားပတ်သက်မှုတစ်ခု ရှိမယ်ဆိုတာ သူတို့သိလိုက်တယ်။ ကိုယ့်အကျိုးစီးပွားကို မကာကွယ်ချင်တဲ့လူရယ်လို့ ဒီကမ္ဘာမှာရှိလို့လား။ ရတနာမြေပုံနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပေါင်းစပ်ကြည့်လိုက်တော့ လူတိုင်းရင်ထဲရှင်းသွားပြီ။ မကောင်းဆိုးဝါးဂိုဏ်းချုပ်တောင် Wuji Xinjing လျှို့ဝှက်သိုင်းကျမ်းကို စိတ်ဝင်စားတယ်ဆိုတော့ ကျန်းချန်ရန်က ဒီသိုင်းကျမ်းနောက်ကို သေချာပေါက် လိုက်ရှာနေလို့ဖြစ်မယ်ဆိုတာ သူတို့ သဘောပေါက်သွားကြတယ်။

သူတို့စိတ်တွေက တစ်စိတ်တည်းတစ်ဝမ်းတည်း ဆုံးဖြတ်ချက်ချလိုက်ကြပြီး ပိယွင်ရွာရဲ့ ဧည့်ခန်းမဆောင်ကြီးမှာထိုင်ပြီး အားပါးတရ ၀ိုင်းဝန်းဆွေးနွေးကြလေရဲ့။ ယွန်ခွန်ဖုန်းစေလွှတ်လိုက်တဲ့ လက်ထောက်စစ်သူကြီးက ရေနွေးကြမ်းကို တိတ်တိတ်ဆိတ်ဆိတ်သောက်နေပြီး ဒီသိုင်းသမားတွေရဲ့ ဆွေးနွေးပွဲထဲ တစ်ခွန်းတစ်ပါဒမှ ၀င်မပြောဘူး။ သူတို့ဆွေးနွေးလို့ပြီးတာကို စောင့်ပြီးမှ မုလွေ့လင်ကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်။

“တစ်လကျော်သွားပြီဆိုတော့ စစ်သေနာပတိချုပ်က သခင်မလေးမုကို အရမ်းသတိရနေတယ်.. တကယ်လို့ ရွာလူကြီးက အချိန်အားလပ်တဲ့အခါ သခင်မလေးမုကို စစ်သေနာပတိချုပ်ရဲ့ စံအိမ်တော်ကို ရက်အနည်းငယ်နေဖို့ လွှတ်ပေးလိုက်ပါဦး..”

ဒီအချက်က ယွီချန်းဟိုင် အရင်ကပြောသလိုပါပဲ။ မုလွေ့လင်က ကျန်းချန်ရန်အသုံးချနေတဲ့ လူတွေရဲ့ စိတ်နှလုံးကို တိုက်ရိုက်ထိခိုက်စေတဲ့ လက်နက်တစ်ခုဖြစ်တယ်။

နတ်သမီးပုံပြင်ထဲက ပင်းချင်ယွိကျယ်ဆိုတဲ့ အမျိုးသမီးက တကယ်တော့ အရမ်းကျော်ကြားပြီး အပြုအစုအရမ်းကောင်းတဲ့ ပြည့်တန်ဆာတစ်ယောက်ပါပဲ။ သူမရဲ့လက်မောင်းတစ်စုံက ကျောက်စိမ်းလိုသွယ်လျလှပတဲ့ လက်တစ်စုံဖြစ်လို့ လူထောင်ပေါင်းများစွာက ခေါင်းအုံးအိပ်စက်ရတယ်။ သူမရဲ့နှုတ်ခမ်းလေးက နီမြန်းလှပတဲ့အတွက် လူသောင်းချီက ဒီနှုတ်ခမ်းလေးရဲ့အရသာကို မြည်းစမ်းကြည့်ကြတယ်။ လူဘယ်လောက်တောင် သူမရင်ခွင်ထဲ ခိုဝင်ပြီး သူမအိပ်ယာမှာ အိပ်စက်သွားကြပြီလဲ။ လူအုပ်ကြီးက မတ်တပ်ရပ်ပြီး လက်ထောက်စစ်သူကြီးကို လိုက်ပို့ပြီးနောက် ခိုးကြောင်ခိုးဝှက်ရယ်မောပြီး မုလွေ့လင်ရဲ့ခန္ဓာကိုယ်ကို အထက်အောက် စုန်ဆန်ပြီး အကြိမ်ကြိမ်စူးစမ်းနေကြတယ်။

နတ်ဆိုးသခင်နှင့် သူတော်စင်(QWFOD Extra 2 )( myanmar traslation)Where stories live. Discover now