အပိုင်း၁.၂ သိပ်​ဟုတ်​တာ​ပေါ့သူတို့ကFယူနီဗာစီတီရဲ့အသည်း​ကျော်​နှစ်​​ယောက်​​​လေ

20.4K 2.4K 86
                                    

((Zawgyi))

အပိုင်း ၁.
"သိပ်​ဟုတ်​တာ​ပေါ့!! သူတို့က F ယူနီဗာတီစီရဲ့
အသည်း​ကျော်​ နှစ်​​ယောက်​​လေ"

နောက်​တစ်​​နေ့ ​နေ့လည်​ သုံးနာရီမှာ ၀မ်​ကွမ်းနင်​ နဲ့ ကျန်းလင်​ရိတို့ နှစ်​​ယောက်​ဟာ မြက်​ခင်းတုကွင်းပြင်​ဆီကို အချိန်​မီပဲ ​ရောက်​​နေကြပီ
ဒီကွင်းကြီးဟာ တကယ်​​တော့ F ယူနီဗာစီတီရဲ့ ​ဘောလုံးကွင်းကြီးပဲ
F ယူနီဗာစီတီမှာ ကွင်းကြီး ၂ခုရှိတယ်​ တစ်​ခုက​တော့ မြက်​ခင်းအစစ်​​တေနဲ့ လုပ်​ထားတဲ့ ကွင်း ​နောက်​တစ်​ခုက​တော့ ​ဟောဒီ မြက်​ခင်းအတု​တေနဲ့ လုပ်​ထားတဲ့ မြက်​ခင်းတုကွင်း...
ဒီမြက်​ခင်းတုကွင်းက နဂိုတည်းက လူ​တေနဲ့​ဝေးတဲ့ ​နေရာမှာ ရှိ​နေတာမလို့ ​လူ​တော်​​တော်​များများက ဒီဘက်​ကို ​လေ့ကျင့်​ခန်းလုပ်​ဖို့အတွက်​​တောင်​ မလာကြဘူး လူအ​ရောက်​အ​ပေါက်​လည်းနည်း​တော့ တဖြည်းဖြည်းနဲ့ ဒီကွင်းကြီးဟာ F ယူနီဗာစီတီက ​ကျောင်းသား​တေရဲ့ အချိန်းအချက်​လုပ်​ပီး ​ဆော်​ပ​လော်​တီးကြတဲ့ ​နေရာ တခု ​အော်​တို ဖြစ်​သွား​တယ်
ဘယ်​ကိစ္စနဲ့ ပတ်​သတ်​လို့ဖြစ်​ဖြစ်​ သ​ဘောထားချင်းမတိုက်​ဆိုင်​တာ မ​ကျေနပ်​တာရှိတိုင်း ​ကျောင်းသား​တေဟာ သူတို့ ရန်​ငြိုး​တေကို ဒီကွင်းဆီကို လာပြီး စာရင်းရှင်း​လေ့ရှိတယ်
တစ်​ခါတစ်​​လေ သင်ကံ​​ကောင်းရင်​​တော့ အ​ချောအလှ​လေး​တေ တစ်​​ယောက်​ဆံပင်​ တစ်​​ယောက်​ဆွဲကာ စာရင်ရှင်း​တာကို သင်​မြင်​နိုင်​လိမ့်​မယ်
ဒီ​နေ့ရာသီဥတုကလည်း ​ဆော်​ပ​လော်​တီးဖို့အတွက်​ အ​တော်​​လေး​ကောင်း​နေတယ်​ .. ​အေးမြနဲ့ ရာသီဥတုနဲ့ ​လေထုဟာ ​မြေပြင်​​ပေါ်က သစ်​ရွက်​​ခြောက်​​တေကို ​လေအ​ဝှေ့မှာ ​ခေါ်​ဆောင်​သွားတယ်

နှစ်​​ယောက်​သား မျက်​နှာချင်းဆိုင်​ရပ်​လိုက်​ကြ​တော့ ၀မ်​ကွမ်းနင်​က ကျန်းလင်​ရိထက်​ အရပ် ပိုရှည်​တယ်​ ကျန်းလင်​ရိရဲ့ ပိုမို​တောင့်​တင်းတဲ့ ခန္ဓာကို​ယ်​နဲ့ ယှဉ်​လိုက်​ရင်​​တော့ ၀မ်​ကွမ်းနင်​က ​နဲနဲ​တော့ ပိန်တယ်
ကျန်းလင်​ရိရဲ့ အထင်​ကြီး​လေးစား​လောက်​စရာ အမူအရာက​တော့ ၀မ်​ကွမ်းနင်​ထက်​ မ​လျော့ဘူး
သူတို့အကျီ​တွေဟာ ​လေထဲမှာ တဖျတ်​ဖျတ်​လွင့်​​နေတယ်​ နှစ်​​ယောက်​စလုံးနဲ့ ပုံစံ​တေဟာလည်း အထင်​ကြီး​လေးစား​လောက်​စရာပဲ
ဝမ်​ကွမ်းနင်​က သူ့မျက်​လုံး​တေကို ​မှေးစဉ်းလိုက်​ရင်းက ​ပြောတယ်

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now