အပိုင်း၁၅ သစ္စာရှိရှိနဲ့ချစ်​တတ်​တဲ့'ကုန်​'ကသူရဲ့ မာနခဲ'ရှို'​လေး​ကိုခွင့်​လွတ်

12.4K 1.8K 134
                                    

((Zawgyi))

အပိုင်း ၁၅
သစ္စာရှိရှိနဲ့ချစ်​တတ်​တဲ့ 'ကုန်​´ တိုင်း
သူတို့ရဲ့ မာနခဲ 'ရှို´​လေး​တွေကို အတိုင်းမသိ
ခွင့်​လွှတ်​​ပေးနိုင်​ကြတယ်

၁၂ရက်​​မြောက်​​နေ့ | တစ်​​ယောက်​၀ယ်​ချင်​​ပေမယ့်​ မ၀ယ်​ရဲ့ ပစ္စည်း​လေးကို တစ်​​ယောက်​က တိတ်​တိတ်​​လေးဝယ်​​ပေးမယ်

ဒီတိုက်​ပွဲကြီးပြီးဆုံးသွား​တော့ ၀မ်​ကွမ်းနင်​ရဲ့ အားမာန်​​တွေလည်း ကုန်​ခန်းသွားတယ်​.သူ အစက​တော့ အ​ဆောင်မှာ ​ကောင်း​ကောင်းပြန်​အိပ်​ချင်​​​ပေမယ့်​ အ​ဆောင်​ထဲ ၀င်​လိုက်​တာနဲ့ မ​နေ့ညက သူမြင်​ခဲ့တဲ့ ကကြိုးက​ကြောင်​ မြင်​ကွင်ကြီးကို ပြန်​သတိရလာတာနဲ့ အထဲဝင်​ဖို့ တွန့်​ဆုတ်​သွားတယ်​.

ကျန်းလင်​ရိဟာ သူအဲ့လို တွန့်​ဆုတ်​​နေရတဲ့ အ​ကြောင်းကို ကြည့်​လိုက်​တာနဲ့ တန်းသိတယ်​. ကျန်းလင်​ရိဟာ စာနာသနားစွာနဲ့ ၀မ်​ကွမ်းနင်​ ပုခုံးကို ပုတ်​ကာ​ပြောလိုက်​တယ်

"ရှိုရှို, ငါတို့က ​ဂေး အတွဲ​တွေ ဖြစ်​​နေပြီဆိုမှ​တော့ မင်းရဲ့ 'ကုန်​´ တစ်​​ယောက်​ အ​နေနဲ့ ငါမင်းကို ငါ့အ​ဆောင်​ကအိပ်​ရာမှာ လာအိပ်​ဖို့ စိတ်​ရင်းနဲ့ ဖိတ်​​ခေါ်ပါတယ်​"

ဝမ်​ကွမ်နင်​ နှုတ်​ခမ်း​ထောင့်​တွေ တွန့်​တက်​သွားတယ်​. ကျန်းလင်​ရိရဲ့ စိတ်​​ကောင်း​စေတနာကို သူသိ​ပေမယ့်​ ဒီစကားလုံး​တွေကြားရတာ နဲနဲ​တော့ ကို့ယို့ကားယားနိုင်​​နေတယ်​!

ဒါ​ပေမယ့်​ အခုအ​ခြေအ​နေမှာ သူအ​နေနဲ့ သူ​နေတဲ့ အ​ဆောင်​ကလွဲ ဘယ်​​နေရာဖြစ်​ဖြစ်​ ပိုအဆင်​​ပြေတယ်​လို့​တွေး​နေတယ်​. ဒါနဲ့ သူ ကျန်းလင်​ရိကို တံ​တောင်​နဲ့ တွတ်​လို​က်​ကာ သူ့အ​ဆောင်​ကိုပဲ လိုက်​သွား​တော့တယ်

ကျန်းလင်​ရိအိပ်​ရာက​ ၀မ်​ကွမ်းနင်​ အရင်​တစ်​ခါ ရုပ်​ရှင်​တူတူကြည့်​တုန်းထဲက တစ်​ခါအိပ်​ဖူးပြီးသားဖြစ်​တာ​ကြောင့်​ သူနဲ့အ​တော်​ရင်းနှီး​နေပြီိ​. ဒီ​တော့ ၀မ်​ကွမ်းနင် ကုတ်​အင်္ကျီကို ချွတ်​လိုက်​ပြီး အိပ်​ရာ​ပေါ်တန်းတက်​သွားတယ်

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now