အပိုင်း ၃၉ မီးဖို​ဆောင်​ဆိုတာ အမြဲတမ်း ​ဂေးအချစ်​​တွေ ပြည့်​​နေတဲ့​နေရာပဲ

11.4K 1.5K 252
                                    

((Zawgyi))

အပိုင်း ၃၉
မီးဖို​ဆောင်​ဆိုတာ အမြဲထာဝရ ​ဂေးအချစ်​​တွေနဲ့
ရောင်​၀ါ​​တွေ ဖြာ​နေတဲ့ ​နေရာပဲ....


နောက်​တစ်​​နေ့မှာ​တော့ ကျန်းလင်​ရိက အလုပ်​ကိစ္စနဲ့ ခရီးထွက်​သွားခဲ့တယ်​. ၀မ်​ကွမ်းနင်​က​တော့ ပြည်​တွင်း​​ရောင်း​၀ယ်​သူ​တွေနဲ့ အစည်းအ​ဝေးတစ်​ခုလုပ်​ခဲ့တယ်

ဖူမာအိုခါအိစိဟာ ပြည်​မကြီးရဲ့ ​ဈေးကွက်​ထဲကို ၀င်​​ရောက်​လာတာမကြာ​သေးတာ​ကြောင့်​ ပြည်​တွင်း​ရောင်းဝယ်​သူ​တွေကို ကိုင်​တွယ်​တဲ့အဖွဲ့ဟာ ​အ​တွေ့အကြုံ​များများမရှိကြဘူး. အဲ့ဒီမှာ ၀မ်​ကွမ်းနင်​ရဲ့ အလွန်​အ​ရေးပါတဲ့ အခန်းကဏ္ဍက ဖြန့်​​ဝေ​ရေးဆိုင်​ရာ ဆက်​သွယ်​​ရေးလမ်း​ကြောင်း​တွေကို အမှားအယွင်းမရှိပြီးပြည့်​စုံ​အောင်​ ပြုလုပ်​​ပေးရတာပဲဖြစ်​တယ်​.

ဒါ​ပေမယ့်​ အ​တွေ့အကြုံရှိတဲ့ ၀ါရင့်​​ရောင်းဝယ်​​ဖောက်​ကားသူ​တွေဟာ သူတို့ကိုယ်​ပိုင်​ ပူး​ပေါင်း​ဆောင်ရွက်ေ​​နကျ ပုံ​သေ စီးပွား​ရေးပါတနာ​တွေ ရှိ​နေကြပြီးသားဖြစ်​တယ်​. ဒါ့အပြင်​ အဲ့ဒီ ပါတနာ​တွေအားလုံးက ဟွိုက်​ဒီနိုင်​ငံတကာလိုမျိုး နိုင်​ငံတကာနဲ့ဆက်​သွယ်​လုပ်​ကိုင်​​နေတဲ့ ကြကီးမားတဲ့ ​ကော်​ပို​ရေးရှင်းအဖွဲ့အစည်း​တွေ ဖြစ်​ကြ​တယ်​. သူတို့​တွေနဲ့ ဆက်​သွယ်​ဖို့ကျပြန်​​တော့ ကျသင့်​မယ့်​ ကုန်​ကျစရိတ်​က အရမ်းကိုမြင့်​မား​​နေတယ်​. ဒါဟာ ပြည်​မကြီး​ဈေးကွက်​ထဲကို ခုမှ စတင်​​ခြေကုတ်​ယူခါစ မတည်​ငြိမ်​​သေးတဲ့ ဖူမာအိုခါအိစိ မြို့​တော်​ G ဋ္ဌာနခွဲအတွက်​​တော့ အမြတ်​အစွန်းနည်းပြီး အကျိုးမရှိလှဘူး.

တကယ်​လို့ သူတို့ဟာ ​ရောင်းဝယ်​သူ​တွေနဲ့ အတူတူတွဲလုပ်​ဖို့ အဖွဲ့အစည်းအသစ်​တစ်​ခု စတင်​ပြိုး​ထောင်​မယ်​ဆိုရင်​လည်း အဲ့ဒါက အချိန်​​​တော်​​တော်​ယူရဦးမှာ ဖြစ်​တယ်​. အဲ့ဒီလိုသာ လုပ်​ခဲ့မယ်​ဆိုရင်​လည်း ​ဒေသခံဝါရင့်​​ရောင်းဝယ်​​ဖောက်​ကားသူ​တွေအ​နေနဲ့ သူတို့ကို ဖိနှိပ်​ပစ်​လိုက်​ဖို့ရာ အလွန့်​အင်​မတန်​ လွယ်​ကူသွားလိမ့်​မယ်​. ဒါ​ကြောင့်​ စွန့်​စားအားထုတ်​ရမှာ​တွေက အ​တော်​​လေးများပြားမြင့်​မား​နေတယ်

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now