အပိုင်း ၃၈ ၀မ်​တဖာ​လေး: ကျွန်​​တော့်​ရဲ့ ​နောက်​အ​ဖေတစ်​​ယောက်​ အိမ်​ပြန်​လာပြီ

11.4K 1.5K 201
                                    

((Zawgyi))

အပိုင်း ၃၈
ဝမ်​တဖာ​လေး : ကျွန်​​တော့်​ရဲ့ ​နောက်​အ​ဖေတစ်​​ယောက်​ အိမ်​ပြန်​လာပြီ!

ဝမ်​ကွမ်းနင်​ နဲ့ ကျန်းလင်​ရိတို့ဟာ ဖူမာအိုခါအိစိ ရုံးခန်းက​နေ အတူတူထွက်​လာကြတယ်​. ကျန်းလင်​ရိဟာ ​ဘောင်းဘီအိတ်​​တွေထဲ လက်​ထည့်​လိုက်​ရင်း ဂရုမစိုက်​သလိုအထာနဲ့ ​မေးလိုက်​တယ်

"ငါ ​ဒေးဗစ်​ဆီက ကြားလာတာ မင်း ငါတို့ကုမ္ပဏီက ကမ်းလှမ်းတာကို ငြင်းလိုက်​တယ်​ဆို?"

ဝမ်​ကွမ်းနင်​က တုန့်​ပြန်​လိုက်​တယ်​ "အင်း"

ကျန်းလင်​ရိဟာ မျက်​လုံး​ထောင့်​က​နေ မသိမသာနဲ့ သူ့ကိုလှမ်းကြည့်​လိုက်​ရင်းက "ဘာလို့လဲ?"

ဝမ်​ကွမ်းနင်​က ပုခုံးတွန့်​လိုက်​ကာ

"ငါက အခုမှ မြို့​တော်​ G ထဲ ပြန်​​ရောက်​ရုံပဲရှိ​သေးတာ. ပြီး​တော့ ဖူမာအိုခါအိစိ က လတ်​တ​လောမှာ ပြည်​မကြီး​ဈေးကွက်​ထဲကို ဖြန့်​ကျက်​ဖို့ စရုံရှိ​သေးတယ်​. ဒီအချိန်​မျိုးမှာ ငါထွက်​သွားလို့ မသင့်​​တော်​ဘူး​လေ"

ဒါဆိုလည်း မင်းဘာလို့ အဲ့ ​သောက်​ကျိုးနည်း အင်​တာဗျူးကြီးကို သွား​ဖြေ​သေးလဲ?! မင်းက ငါတို့ ကုမ္ပဏီကို ဟာသလုပ်​​နေတာလား?

ကျန်းလင်​ရိဟာ စိတ်​ထဲက​နေ မိုး​မြေ​တွေလင်း​လိုက်​လို့သာ ​ပြောနိုင်​တယ်​. သူဟာ တကယ့်​ကို ၀မ်​ကွမ်းနင်​ကို ဖမ်းချုပ်​ပစ်လိုက်​​ပြီး​တော့ ​သူတို့ကုမ္ပဏီက ၀န်​ထမ်းတစ်​​ယောက်​ကို သူကြိုက်​​နေတယ်​ဆိုတဲ့အ​ကြောင်း ​မေးလိုက်​ပစ်​ချင်​တယ်​. သူတကယ်​ကြီး ရှရင်းချူအ​ပေါ် စိတ်​၀င်​စား​နေတာလား?

ဒါ​ပေမယ့်​ ၀မ်​ကွမ်းနင်​ကို ကြည့်​ရတာ အဲ့အ​ကြောင်း​ ​ပြောချင်​ပုံမရဘူး. ဒါနဲ့ ကျန်းလင်​ရိဟာ စိတ်​ပျက်​လက်​ပျက်​နဲ့ အဲ့အ​ကြောင်းဆက်​မ​ပြောပဲ​နေလိုက်​ဖို့သာ တတ်​နိုင်​​တော့တယ်

သူတို့နှစ်​​ယောက်​ ကား​ပေါ်တက်​လိုက်​ကြပြီး​နောက်​ ၀မ်​ကွမ်းနင်​​နေတဲ့ ဟိုတယ်​ တန်​ဟွာ ဆီကို ​မောင်းသွားကြတယ်

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Donde viven las historias. Descúbrelo ahora