အပိုင်း ၁၈ "ရှိုရှို, ငါကို မြန်​မြန်​​လေး ဖက်​​ထား​ပေး"

11.9K 1.7K 72
                                    

((Zawgyi))

အပိုင်း ၁၈
ရှိုရှို, ငါကို မြန်​မြန်​​လေး ဖက်​​ထား​ပေး

၁၄ ရက်​​မြောက်​​နေ့ | နှစ်​​ယောက်​အတူတူ ကြယ်​​တွေကြည့်​ရန်​ ချမ်းလာတဲ့ အခါ တစ်​ဖက်​လူကို သင့်​ရင်​ခွင့်​ထဲထည့်​ကာ ဖက်​ထားရန်

"မင်း ဘာလို့ ​ငေးပဲ ကြည့်​​နေတာလဲ?"

ကျန်းလင်​ရိ သတိပြန်​၀င်​လာ​တော့ ၀မ်​ကွမ်းနင်​က သူ့ဆီ​လျှောက်​လာလို့ သူ့​ရှေ့​တောင်​ ​ရောက်​​နေပြီ. ၀မ်​ကွမ်းနင်​က ကျန်းလင်​ရိရဲ့ ကတုံးကို 'ဖတ်​´ ခနဲ​နေ​အောင်​ ရိုက်​လိုက်​ကာ ​ပြောတယ်

"သွားကြမယ်​!"

ကျန်းလင်​ရိက တုံဆိုင်း​နေတယ်​ အဲ့​နောက်​​မှာ ၀မ်​ကွမ်းနင်​ကို မီ​အောင်​ သူ လိုက်​​သွား​လေ​တော့တယ်

F ယူနီဗာစီတီ မှာ ကြယ်​​တွေ ကြည့်​ဖို့ အသင့်​​တော်​ဆုံး​နေရာကို ​ပြောပါဆိုရင်​ ​သေချာ​ပေါက်​ လမင်းကန်​သာ လို့ပဲ ​ပြောရမှာဖြစ်​တယ်​. အဲ့မှာ ကမ္ဘာ​မြေကြီးနဲ့ မိုးကုတ်​စက်​၀ိုင်းကြီး အချင်းချ​င်း ထိဆက်​သွားတဲ့အထိ ရှုမညီးနိုင်​တဲ့ မြင်​ကွင်း​​တွေကို မျက်​စိတဆုံး မြင်​နိုင်​တယ်

ပြီး​တော့ ဒီ​နေရာက F ယူနီဗာစီတီ က အတွဲ​တွေအတွက်​ ​မြင်​မြတ်​တဲ့ ​အောင်​​မြေတစ်​ခုလဲ ဖြစ်​တယ်

ခုချိန်​မှာ​တော့ ​ဆောင်းတွင်းလည်းဖြစ်​တယ်​. စာသင်​နှစ်​ကုန်​ခါနီးအချိန်​လည်း ဖြစ်​​နေတာ​ကြောင့်​ ဒီကန်​ကို လာတဲ့သူ​တွေ ခါတိုင်းထက်​ ​တော်​​တော်​နည်း​နေတယ်​. အတွဲဆိုလို့ နှစ်​တွဲ သုံးတွဲ​လောက်​သာ ရှိတယ်​.ဒါဟာ ကျန်းလင်​ရိနဲ့ ၀မ်​ကွမ်းနင်​အတွက်​​တော့ ပို​လို့​တောင်​ အဆင်​​ပြေ​နေ​သေးတယ်

သူတို့နှစ်​​ယောက်​ဟာ ​ချောင်​ကျကျ​နေရာတစ်​ခုမှာ ထိုင်​လိုက်​ကြတယ်​. ကျန်းလင်​ရိဟာ သ​ရေစာ အထုပ်​လိုက်​ကြီးရယ်​ ဘီယာဗူး​တွေရယ်​ ပြင်​ဆင်​လာတယ်​. သူက ၀မ်​ကွမ်းနင်​ကို သူယူလာတာ​တွေကို စားဖို့ ​​​ပြောလိုက်​တယ်

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now