အပိုင်း ၄၇ နဂါးအကြွ ဖီးနစ်​အက

13.4K 1.7K 150
                                    

((Zawgyi))

အပိုင်း ၄၇
နဂါးအကြွ ဖီးနစ်​အက


"ငါတို့ စကားနည်းနည်း​ပြောရ​အောင်​!"

လျိုကျီဝိုက်​က​ပြောလိုက်​တယ်​.

ဝမ်​ကွမ်းနင်​ဟာ လျိုကျီဝိုက်​နဲ့ သူ ကြားမှာ ​ပြောလို့​ကောင်း​စရာ ဘာစကားမှမရှိဘူးလို့​တွေးလိုက်​တယ်​. ဒါ​ပေမယ့်​ သူက သူမကို ​ပြုံးပြလိုက်​ပြီး ​ပြောလိုက်​တယ်​.

"​​အို​ကေ"

သူတို့ဟာ စကား​ပြောဖို့ လက်​ခံလိုက်​​ပေမယ့်​ ခပ်​​ဝေး​ဝေး​တော့ မသွားဖြစ်​ကြပဲ စား​သောက်​ဆိုင်​ အနီးနားက လမ်းကြား​လေးတစ်​ခုမှာပဲ စကား​ပြောဖြစ်​ကြတယ်​.

"မထင်​ထားဘူး နင်​လည်း ဒီကို ​လာဖြစ်​​တာကိုး"

လျိုကျီဝိုက်​က ​ပြောရင်းနဲ့ သူမ ဆံပင်​​တွေကို အနည်းငယ်ဖွ​လိုက်​တယ်​. သူမဆံနွယ်​​တွေဟာ သူမရဲ့ ပုခုံးနား​လေးမှာ ရစ်​၀ဲသွားတယ်​. သူမ ဆံဖျား​လေး​တွေက အဆုံးမှာ ရစ်​​ခွေ​ကာ စွဲ​ဆောင်​မှုရှိပြီး လှပတင့်​တယ်​​နေတယ်​.

"ဒီလို အတန်း​ဖော်​​တွေနဲ့ လူစုံတက်စုံ ​တွေ့​ဖို့ဆိုတာ ခဲယဉ်းတယ်​​လေ"

ဝမ်​ကွမ်းနင်​ ပြန်​​ပြောလိုက်​တယ်​. ဒါ​ပေမယ့်​ သူက လျိုကျီဝို​က်​ ဘာကို ဆိုလိုချင်​​နေသလဲဆိုတာ​ နားမလည်​​သေးဘူး

"ငါ အခု ​ကျောက်​ရှီမင်​နဲ့ တွဲ​နေတယ်​"

လျိုကျီဝိုက်​က ရုတ်​တရတ်​ဒီအ​ကြောင်းကို ​ပြောလာတယ်​၀မ်​ကွမ်းနင်​ဟာ အဲ့အ​ကြောင်းကို ခဏ​လောက်​ စဉ်းစားလိုက်​ပြီးတဲ့​နောက်​ ​ကျောက်​ရှီမင်​က ဘယ်​သူဆိုတာ သူပြန်​သတိရလာတယ်​__ အဲ့ဒီနှစ်​တုန်းက ကွန်​ပျူတာဋ္ဌာနရဲ့ နာမည်​ကြီးအ​တော်​ဆုံး​ကျောင်းသားတစ်​​ယောက်​ပဲ.

တကယ်​ကို အရမ်း​ကောင်းတဲ့ လူ​တော်​တစ်​​ယောက်

ဒါ​ပေမယ့်​ အဲ့ဒါ သူနဲ့ ဘာဆိုင်​လို့လဲ? ၀မ်​ကွမ်းနင်​ ၀န်​ခံပါတယ်​. သူနဲ့ လျိုကျီဝိုက်​ရဲ့ ဆက်​​ဆံ​ရေးက တစ်​​ယောက်​အ​ကြောင်းတစ်​​ယောက်​ နားလည်​​​လောက်​​အောင်​ ရင်းနှီး​နေတဲ့ အ​ခြေအ​နေ​တော့ မဟုတ်​​ဘူး​လေ.

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now