အပိုင်း၁၂ အင်္ကျီအိပ်​ကပ်​တစ်​ခုထဲကိုလက်​ထည့်​ပြီး​နွေး​အောင်​လုပ်​ကြမယ်ပြီးမှ..

12.6K 1.8K 96
                                    

((Zawgyi))

အပိုင်း ၁၂
အင်္ကျီအိပ်​ကပ်​ တစ်​ခုထဲကို လက်​ တူတူထည့်​ပြီး ​နွေး​အောင်​လုပ်​မယ်​ ပြီးမှ... တစ်​​ယောက်​လက်​ကိုတစ်​​ယောက်​ ​သေ​အောင်​ ဖြစ်​ညှစ်​ပစ်​မယ်

ကိုးရက်​​မြောက်​​နေ့ | ​ဆောင်းတွင်းတွင်​ အင်္ကျီအိပ်​ကပ်​တစ်​ခုထဲကို လက်​ တူတူထည့်​ပြီး​နွေး​အောင်​လုပ်​ရန်​ ပြီး​နောက်​ တစ်​​ယောက်​လက်​ကိုတစ်​​ယောက်​ တင်းတင်းဆုပ်​ကိုင်​ထားကြရန်

မဖြစ်​မ​နေ ​ပြောရမယ့်​ကိစ္စက​တော့ ကျန်းလင်​ရိရဲ့ ​ဂေး​ယောင်​​ဆောင်​ဖို့ စိတ်​အားထက်​သန်​မှု​တွေဟာ ၀မ်​ကွမ်းနင် ​မျှော်​လင့်​ထားတာထက်​ကို လိုက်​မမှီနိုင်​​အောင်​ ​ကျော်​လွန်​​နေတာပဲ

ဂေး​ယောင်​​ဆောင်​ဖို့အတွက်​ဆိုရင်​ ကျန်းလင်​ရိဟာ သူသိပ်​ကြိုက်တဲ့ ​နေဖင်​ထိုး​အောင်​ အိပ်​စက်​ခြင်းကိုပင်​ စွန့်​လွှတ်​ပစ်​နိုင်​တယ်

နောက်​တစ်​​နေ့ မနက်​​စော​စောမှာ ၀မ်​ကွမ်းနင်​ အ​ဆောင်​တံခါးကို ဖွင့်​လိုက်​​တော့ သူ​တွေ့လိုက်​ရတာက အပြင်​မှာ မလှုပ်​မယှက်​ ​တည်​တည်​ငြိမ်​ငြိမ်​ရပ်​​နေတဲ့ ကျန်းလင်​ရိကိုပဲ. ကျန်းလင်​ရိဟာ သူရဲ့ ပြိုင်​ဘက်​ကင်းတဲ့ သွားဖြူဖြူ​လေး​တွေ ​ပေါ်​အောင်​ ​တောက်​ပစွာပြုံးကာ သူ့ကို ​စောင့်​ကြို​နေတယ်

"အာ, ရှိုရှို ​ဂွတ်​ ​မောနင်း!"

"အာ, ရှိုရှို ​ဂွတ်​ ​မောနင်း!"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဝမ်​ကွမ်းနင်​ : "! ! !"

"Fuck ပဲ, မင်း ဘယ်​လို အင်္ကျီကြီး ၀တ်​လာတာလဲ?"

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now