အပိုင်း၁၁ စာကြည့်​တိုက်​မှာ စာတူတူဖတ်​မယ် တ​ယောက်​ကိုတ​ယောက်​ စိုက်​ကြည့်​ကြမယ်

12.9K 1.8K 94
                                    

((Zawgyi))

အပိုင်း ၁၁
စာကြည့်​တိုက်​မှာ စာတူတူဖတ်​မယ် 
စာဖတ်​လို့ ​မောလာရင်​ ​မော့ပြီး 
တစ်​​ယောက်​မျက်​နှာတစ်​​ယောက်
နူးနူးညံ့ညံ့​လေး စိုက်​ကြည့်​​နေမယ်

၈ရက်​​မြောက်​​နေ့ | စာကြည့်​တိုက်​မှာ စာအတူတူဖတ်​ရန်​ စာဖတ်​ရင်း​မောလာလျှင်​ တစ်​​ယောက်ကိုတစ်​​ယောက်​ ​ခေါင်း​မော့ကာ နူးညံ့စွာ စိုက်​ကြည့်​ကြရန်

မနက်​​စော​စောစီးစီးပဲ ကျန်းလင်ရိရဲ့ ​​အ​ဆောင်​တံခါးဟာ မိုးချိမ်းသံလို တုန်​ဟီးသွားတယ်​. အ​ဆောင်​ထဲက တခြား​သူ​တွေက​တော့ စာကျက်​ဖို့ထွက်​သွားကြပြီဖြစ်လို့ ကျန်းလင်​ရိ တစ်​​ယောက်​သာလျှင်​ အိပ်​ရာထဲမှာ ကျန်​ခဲ့တယ်

"လာပြီဗျို့"

ငှက်​သိုက်​လိုဆံပင်​နဲ့ နာမည်​ကြီးကျန်းဟာ စိတ်​ပျက်တဲ့ မျက်​လုံး​တွေ​နဲ့ အ​ဆောင်​တံခါးကို စိတ်​ပျက်​စွာ ထဖွင့်​လိုက်​​တော့ ၀မ်​ကွမ်းနင်​ဟာ စာအုပ်​​တွေ ပိုက်​ကာ တံခါးအပြင်​မှာ ရပ်​​နေတယ်

အဲ့ဒါကိုလဲမြင်​​ရော ကျန်းလင်​ရိ စိတ်​​တွေတက်​ကြွသွားတယ်

"ငါ့ကို ခဏ​စောင့်​"

ကျန်းလင်​ရိဟာ အလျင်​အမြန်​ အ​ဆောင်​ထဲ ပြန်​​ပြေးဝင်​သွားတယ်​. သူဟာ သွားတိုက်​ပြီး အင်္ကျီ​တွေ ​ကောက်​စွပ်​လိုက်​တယ်​. သူ ပြန်​ထွက်​လာ​တော့ စုစု​ပေါင်း အချိန်​ ဆယ်​မိနစ်​​တောင်​ မကြာလိုက်​ဘူး သူ့ပုံစံက ခု​တော့ စာအုပ်​ တစ်​ထပ်​ကို ပိုက်​ကာ တလက်​လက်​ ​တောက်​​ပ​နေတယ်​ အထူးသဖြင့်​ သူ့မျက်​နှာက ​နေမင်းကြီးလို အားအင်​အပြည့်နဲ့........

"ရှိုရှို, သွားရ​အောင်​"

ဝမ်​ကွမ်းနင်​ မတတ်​သာပဲ သက်​ပျင်းချလိုက်​တယ်​. ကျန်းလင်​ရိဟာ ​ပြေးခုန်​ပစ်​ အသင်းရဲ့ အဓိက ကစားသမား ဖြစ်​တာလည်း မ​ပြောနဲ့ သူ့အမြန်​နှုန်းက တကယ့်​ကိုပဲ......

ကျန်းလင်​ရိ အိပ်​ရာထဲမှာ ပျင်ရိပျင်းတွဲလုပ်​​နေ​ပေမယ့်​ ၀မ်​ကွမ်းနင်​ရဲ့ အချိန်​မှန်​တတ်​တဲ့ ​ကျေးဇူးနဲ့ သူတို့ဟာ စာကြည့်​တိုက်​မှာ မျက်​နှာချင်ဆိုင်​ ​နေရာနှစ်​ခုကို ရှာ​တွေ့သွားတယ်

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now