အပိုင်း ၃၄ တကယ်​​တော့ငါက Hakuna Matata ဂြိုဟ်​ကမ္ဘာ​မှာ ထီး​နန်းဆက်​ခံလာတာပဲ

10.7K 1.5K 138
                                    

((Zawgyi))

အပိုင်း ၃၄
တကယ်​​တော့ ငါက Hakuna Matata ဂြိုဟ်​ကမ္ဘာ​ဆီ သွားပြီး ထီး​မွေနန်း​မွေဆက်​ခံလာခဲ့တာပဲ!

ခစ်​ခစ်​, အချိန်​ဆိုတာ ​ရေ​တသွင်​သွင်​စီးဆင်း​နေတဲ့အတိုင်းပဲလို့ ​ပြောကြတယ်​. မျက်စိတမှိတ်​အတွင်းမှာ ၄ နှစ်​တာကာလဟာ ကုန်​ဆုံးသွားခဲ့ပြီ!

နေသာတဲ့ ​နေ့လည်းခင်းတစ်​ခုရဲ့ မြို့​တော်​ G က ​လေဆိပ်​ထွက်​​ပေါက်​တစ်ခု​မှာဖြစ်​တယ်​.....

က​လေးလိုလို မျက်​နှာ​လေးနဲ့ ခပ်​၀၀ ​ကောင်​​လေးတစ်​​ယောက်​ဟာ ရွှင်​မြူးစွားပြုံးရင်​ တစ်​ပတ်​ရစ်​ ​ဘောက့်​စ်​၀က်​ဂွန်​ကားတစ်​စီးကို မှီပြီးရပ်​​နေတယ်

အချိန်​အ​တော်​ကြာပြီးတဲ့​နောက်​ ​ပေါ့​ပေါ့ပါးပါး ၀တ်​ဆင်​ထားတဲ့ အရပ်​ရှည်​ရှည်​ ပုံရိပ်​တစ်​ခုဟာ ​ခရီး​ဆောင်​အိတ်​ကို သူ့​နောက်​မှာ ဆွဲလာကာ ​အေး​ဆေးစွာ ​လမ်း​လျှောက်​ပြီးထွက်​လာတယ်

ထိုသူဟာ အသက်​ရှုမှား​လောက်​​အောင်​ ​ရုပ်​ရည်​​ချော​မောတယ်. သူ့ရဲ့ ​ခန့်​ညားထည်​၀ါမှုဟာ အနုလက်​ရာ​​မြောက်​စွာ ထုဆစ်​ထားသည့်​အလား..သူက ​လေဆိပ်​ထွက်​​ပေါက်​က​နေ ​အေး​အေးလူလူ လမ်း​လျှောက်​လာတယ်​. သူ့ရဲ့ လှုပ်​ရှားမှုတိုင်းဟာ ရင်​သက်​ရှု​မောဖွယ်​ ခမ်းနားမှု​ရောင်​၀ါ​တွေ ထွက်​​နေတာ​ကြောင့်​ လူတိုင်းရဲ့ မျက်​စိ​တွေက သူ့ဆီက မခွာနိုင်​​အောင်​ ဖြစ်​လို့​နေတယ်

က​လေးမျက်​နှာ​လေးနဲ့ ​ကောင်​​လေးဟာ ထိုသူကိုလည်း မြင်​​ရော ချက်​ချင်းပဲ လှမ်း​အော်​ကာ သူ့ဆီကို ​ပြေးသွားတယ်

"၀မ်​ကွမ်းနင်​"

ဝမ်​ကွမ်းနင်​ဟာ ​ပြေးဝင်​လာတဲ့ စန်းစစ်​ရန်​နဲ့ ကိုယ်​လုံးချင်းတိုက်​မိသွားပြီ​နောက်​ သွား​တွေ​ပေါ်​အောင်​ ပြုံးလိုက်​ရင်း သူ​က ​ဆိုတယ်

"မ​တွေ့ရတာကြာပြီ​"

သူ့အသံဟာ အ​တွေ့အကြုံနုနယ်​​သေးတဲ့ လူငယ်​​လေးတစ်​​ယောက်​အသံမျိုး မဟုတ်​​တော့ဘူး. အဲ့အစား သူ့အသံက ​သံလိုက်​ဓာတ်​လို ဆွဲ​ဆောင်​မှုအပြည့်​နဲ့ ​ပိုသြပြီး​လေးနက်​လာတယ်​.

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now