အပိုင်း ၅၄ မင်း...သ​ဘောတူ​ပေးနိုင်​မလား?

13.9K 1.5K 157
                                    

((Zawgyi))

အပိုင်း ၅၄
မင်း...သ​ဘောတူ​ပေးနိုင်​မလား?

နောက်​တစ်​​နေ့မနက်​​စော​စောမှာ​ ၀မ်​ကွမ်းနင်​ဟာ ကျန်းလင်​ရိမိဘ​တွေ အိပ်​ရာမနိုး​သေးခင်​မှာတင်​ ကျန်းလင်​ရိကို သူ့အခန်းထဲက​နေ အပြင်​ မြန်​မြန်​ကန်​ထုတ်​လိုက်​တယ်​.

ကျန်းလင်​ရိက အိပ်​ချင်​မူးတူးနဲ့ ၀မ်​ကွမ်းနင်​အ​ပေါ် ခိုအားလား တစ်​​ကောင်​လို တွယ်​ကပ်​​ပြီး​နေ​နေလို့ ​နောက်​ဆုံးမှာ  အခန်းပြင်​ကို ရက်​ရက်​စက်​စက်​ နှင်​ထုတ်​ခံလိုက်​ရတာဖြစ်​တယ်

ကျန်းလင်​ရိမိဘ​တွေ အိပ်​ရာကနိုးလာ​တော့ မားမားကျန်းက ကျန်းလင်​ရိကို သူ့အခန်းထဲက​နေ မနက်​စာချက်​ဖို့ဆိုပြီး မီးဖို​ဆောင်​ထဲကို နားရွက်​က​နေဆွဲပြီး​ခေါ်သွားတယ်

အဲ့​တော့မှ ၀မ်​ကွမ်းနင်​က သူ့အခန်းထဲက​နေ ဘာမှမဖြစ်​သလိုဟန်​​ဆောင်ပန်​​ဆောင်​ ထွက်​လာကာ သူ ​ဟောင်​​ကောင်​က​နေ၀ယ်​ခဲ့တဲ့ health care product ​ဆေး​တွေကို လူကြီးနှစ်​​ယောက်​ကို ​လက်​​ဆောင်​​ပေးလိုက်​တယ်

အစက​တော့ သူက အဲ့ဒီ​ဆေး​တွေကို သူ့မိဘ​တွေကို​ပေးဖို့ ရည်​ရွယ်​ပြီးဝယ်​လာခဲ့တာဖြစ်​တယ်​. ဒါ​ပေမယ့်​ မ​မျှော်​လင့်​ပဲ ဒါ​တွေက အ​တော်​ပဲဖြစ်​သွားတယ်​.

မားမားကျန်းက​ အဲ့ဒီ​ဆေးပစ္စည်းဗူး​တွေကို ကြည့်​ကာ ​ပြောလိုက်​တယ်

"အိုး ဒါ​က ခုတ​လော TV မှာ ​ကြော်​ငြာ​နေတဲ့ ပစ္စည်း​တွေမဟုတ်​လား? မားမား​တောင်​ အဲ့ဒါ​ ၀ယ်​သုံးကြည့်​ချင်​​နေတာ. ​ရှောင်​၀မ်​ မင်းက အရမ်းကြင်​နာတတ်​တာပဲ"

ဝမ်​ကွမ်းနင်​ဟာ မားမားကျန်းသ​ဘော​တွေကျ​နေတာမြင်​​တော့ ၀မ်းသာပီတိဖြစ်​မိတယ်​. သူက စိတ်​ထဲက​နေ ကြိတ်​​ကျေနပ်​​နေရင်းက ကျန်းလင်​ရိကို သူ့အတွက်​ ၀ယ်​လာတဲ့အင်္ကျီ​တွေ ​ပေးလိုက်​ကာ အ၀တ်​အစားသွားလဲခိုင်းလိုက်​တယ်

ဝမ်​ကွမ်းနင်​ဟာ သူအတွက်​အင်္ကျီနှစ်​စုံဝယ်​လာခဲ့တယ်​. တစ်​စုံက​တော့ ပ​ရော်​ဖက်​ရှင်​နယ်​ဆန်​ဆန်​ အ​နောက်​တိုင်း formal ၀တ်​စုံဖြစ်​ပြီး ​နောက်​တစ်​စုံက​တော့ ထသွားထလာ ​ပေါ့​ပေါ့ပါးပါး ၀တ်​စုံ တစ်​စုံ..

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now