အပိုင်း ၂၃ ငါတို့သွားတူတူတိုက်​ကြမယ်​. ဒါငါတို့ရဲ့ပထမဆုံးအနမ်း လုံးဝ မဟုတ်​ဘူး

9K 1.5K 94
                                    

((Zawgyi))

အပိုင်း ၂၃
ငါတို့ သွားတူတူတိုက်​ကြမယ်​......
ဒါ ငါတို့ရဲ့ ပထမဆုံးအနမ်း လုံးဝ မဟုတ်​ဘူး!

၁၈ ရက်​​မြောက်​​နေ့ | မှန်​​ရှေ့တွင်​ တူတူမတ်​တပ်​ရပ်​ပြီး သွားအတူတူတိုက်​ရန်

ဒီတစ်​​ခေါက်​​တော့ ၀မ်​ကွမ်းနင်​ ကျန်းလင်​ရိအိမ်​ကို လိုက်​လာတဲ့ အခါ ကျန်းလင်​ရိဟာ ​ရှေ့အ​ခေါက်​က အ​တွေ့အကြုံ​တွေရှိပြီးသားဖြစ်​နေပြီဆို​တော့ သူ အ​တော်​​လေး ကြိုတင်​ပြင်​ဆင်​ထားတယ်​. သူဟာ ၀မ်​ကွမ်းနင်​ အလဲအလှယ်​၀တ်​ဖို့ အင်္ကျီ​တွေ သာမက သူ့အတွက်​ သွားပွတ်​တံနဲ့ မျက်​နှာသုတ်​ပ၀ါ ပါမကျန်​ ၀ယ်​ပေးထားတယ်​.

ဝမ်​ကွမ်းနင်​ မျက်​နှာသစ်​ ပလုတ်​ကျင်းပြီး​ စာသွားကျက်​မယ်လုပ်​​တော့ ကျန်းလင်​ရိဟာ သရဲတစ်​​ကောင်​လိုပဲ သူ့ဆီ ရုတ်​တရတ်​​ရောက်​ချလာတယ်​.

"ရှိုရှို, ငါတို့ သရဲကား တူတူကြည့်​ရ​အောင်​!"

ကျန်းလင်​ရိဟာ ​ကြောက်​စရာ​ကောင်တဲ့ အပြုံးကြီးနဲ့ ​ပြောလိုက်​တယ်​. အဲ့ဒါကို မြင်​​တော့ ၀မ်​ကွမ်းနင်​ သွား​တွေ ကျိန်းလာတယ်

"မင်းတစ်​​ယောက်​တည်းနဲ့ပဲ ​တော်​​တော်​ ​ကြောက်​ဖို့​ကောင်း​နေပြီ သရဲကားကြည့်​ဖို့​တောင်​ မလို​တော့ဘူး"

ဝမ်​ကွမ်းနင်​ဟာ ကျန်းလင်​ရိကို စာကြည့်​ခန်းထဲ တွန်းကာ အိ​နြေ္ဒရှိရှိနဲ့​ပြောလိုက်တယ်

"ကျန်းလင်​ရိ, ငါမင်းကို ခုတည်းက ​လေး​လေးနက်​နက်​​ပြောထားမယ်​. မင်း ဒီည စာကြည့်​ခန်းထဲကို ၀င်​လာခွင့်​မရှိဘူး"

"ဘာလို့လဲ!"

ကျန်းလင်​ရိဟာ ၀မ်းနည်းပက်​လက်​ဖြစ်​​နေတယ်​. သူ့ရဲ့ အ​တွေး​တွေက မြင်​ကွင်းတစ်​ခုကို ရှင်းရှင်းလင်းလင်းကြီး ပုံ​ဖော်​ပြ​နေတယ်​. အဲ့မြင်​ကွင်းက မင်္ဂလာဦးညမှာ သတို့သမီးက သတို့သားကို မင်္ဂလာအိပ်​ခန်းထဲဝင်​ခွင့်​မပြုတဲ့ မြင်​ကွင်း...... ကျန်းလင်​ရိ ချက်​ချင်းကို အသက်​ရှု​တွေကြပ်​လာသလိုပဲ...

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now