အပိုင်း၆ တစ်​​ယောက်​ကိုတစ်​​ယောက် ခွံ့​ကျွေးမယ်​?အ​ခြေခံလူ့ကျင့်​ဝတ်​​တွေ​ကော

16.5K 2.1K 139
                                    

((Zawgyi))

အပိုင်း ၆
"တစ်ေ​ယာက်​ကို တစ်​​ယောက် ခွံ့​ကျွေးမယ်​?
အ​ခြေခံလူ့ကျင့်​ဝတ်​​တွေ ဘာဖြစ်​ကုန်​ပြီလဲ?"

တတိယ​နေ့ | တခြား​သူ​များ​ရှေ့တွင်​ တစ်​​ယောက်​ကို တစ်​​ယောက်​ ချီးမွမ်းရန်

ဒီ​နေ့ရာသီဥတု အ​တော်​ဆိုးတယ်​ ​လေတရွှီးရွှီးမြည်​သံက ဆိုးရွားတဲ့ ရာသီဥတုကို ပိုပြီး ​အေးစက်​​စေတယ်
အဲ့ဒီ့ထက်​ပိုပြီး ​အေးစက်​​နေတာက​တော့ ကျန်းလင်​ရိရဲ့ နှလုံးသားပဲ.....

ဒီမနက်​​တော့ သူဟာ ဂွမ်းကပ်​ခြုံ​စောင်​ထဲမှာ ​နွေး​နွေး​ထွေး​ထွေး​နှပ်​ရင်း စိတ်ထဲက​​နေ အ​လေးအနက်​ ​တွေး​တော​နေတယ်
သူ ၀မ်​ကွမ်းနင်​ကို တခြားသူ​တွေ​ရှေ့မှာ ​​ပေါ်​ပေါ်တင်​တင်​လည်းဖြစ်​​အောင်​ အရမ်ကြီးလည်း မသိသာ​အောင်​ ဘယ်​လိုနည်းနဲ့ ချီးမွမ်းခန်းဖွင့်​ရမလဲ ဆိုတာပဲ

ရိုးရိုးသားသားဝန်​ခံရရင်​ ၀မ်​ကွမ်းနင်ကို ဒုက္ခ​ရောက်ေ​အာင်​ လုပ်​ခိုင်းတာကမှ လွယ်​ဦးမယ်​. အရင်​ကဆို သူတို့နှစ်​​ယောက်​ တစ်​​ယောက်​ကို တစ်​​ယောက်​ သွယ်​၀ှက်​ပြီး အ​ကြောင်းအမျိုးမျိုးနဲ့ မ​ရေမတွက်​နိုင်​​အောင်​ ​စော်​ကား​မော်​ကား​တွေ လုပ်​ခဲ့ကြတာပဲ​ ဒါ​ပေမယ့်​ ခု တစ်​​ယောက်​ကို တစ်​​ယောက်​ ချီးမွမ်းရမယ်​ဆို​​တော့...
ဒါ.. အမှန်​တကယ်​ကို ခက်​ခဲတာပဲ!

သူ့ကို ​ချောတယ်​လို့ ချီးမွမ်းရမလား? ​ပေါလိုက်​တာ... ပြီး​တော့သူက အဲ့​လောက်​လဲ မ​ချောပဲနဲ့..

သူ့ကို ပါရမီရှင်​ဆိုပြီး ချီးမွမ်းရမလား? သူ​ပြောလို့ မထွက်​ဘူး လူအများကြီး​ရှေ့မှာ ၀မ်​ကွမ်းနင်​ဟာ သူ့ထက်​ပိုပြီး ပါရမီရှိပါတယ်​လို့ သူဘယ်​လိုဝန်​ခံရမလဲ?

သူ့ကို လူယဉ်​​ကျေး​လေး ပါလို့ ချီးမွမ်းရင်​​ကော? ၀မ်​ကွမ်းနင်​ အမြဲ​ပြော​ပြော​နေတဲ့ "မင်းအ​ဖေငါ"တို့ "fuck ပဲ"တို့ "နင့်​အမ"တို့ကို စဉ်းစားမိလိုက်​​တော့... အဲ့လိုသွားချီးမွမ်းရင်​ သူကန်း​နေလို့ပဲ​ဖြစ်​မယ်

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now