အပိုင်း ၅၂ ဂီတ​ဖျော်​​ဖြေပွဲတစ်​ခုကို အတူတူသွားကြည့်​ကြမယ်

12K 1.5K 240
                                    

((Zawgyi))

အပိုင်း ၅၂
ဂီတ​ဖျော်​​ဖြေပွဲတစ်​ခုကို အတူတူသွားကြည့်​ကြမယ်​. စိတ်​လှုပ်​ရှားဖို့အ​ကောင်းဆုံးအချိန်​​​ရောက်​ရင်​ တစ်​​ယောက်​ကိုတစ်​​ယောက်​ ချစ်​တယ်​လို့ ထုတ်​​ပြောမယ်

၂၈ ရက်​​မြောက်​​နေ့ | ဂီတ​ဖျော်​​ဖြေပွဲတစ်​ခုကို အတူတူသွားကြည့်​ကြရန်​ စိတ်​လှုပ်​ရှားဖို့အ​ကောင်းဆုံးအချိန်​​မှာ တစ်​​ယောက်​ကိုတစ်​​ယောက်​ ချစ်​တယ်​လို့​ပြောကြရန်

ဝမ်​ကွမ်းနင်​တို့ စား​သောက်​ဆိုင်​မှာ စား​သောက်​​နေတုန်းမှာပဲ ကျန်းလင်​ရိဆီက ဖုန်းဝင်​လာတယ်

"ချစ်​ရတဲ့ နင်​​ ​​လေး, ဘယ်​​တော့ အိမ်​ပြန်​လာမှာလဲ!"

ဝမ်​ကွမ်းနင်​ : "...."

ဝမ်​ကွမ်းနင်​ : "လူ​လို​ပြော"

ကျန်းလင်​ရိ : " ငါ မင်းကို လွမ်း​နေပြီ"

ဝမ်​ကွမ်းနင်​ : "အင်း စားလို့ပြီး​တော့မယ်​. ခဏ​နေ ပြန်​ခဲ့မယ်​"

ဝမ်ကွမ်းနင် ​​​ဖုန်းချလိုက်​တာနဲ့ ယုဂျင်​, ​ဝေရီဝမ်​ နဲ့ သူ့ရဲ့လက်​​ထောက်​ အားလုံးက သူ့ကို ၀ိုင်းကြည့်​​နေကြတယ်​. ​ဝေရီဝမ်​က စပြီး အတင်းတုတ်​လိုက်​တယ်

"နင်​​ကော, ဘယ်​သူဆီကလဲ?"

ဝမ်​ကွမ်းနင်​က လက်​တစ်​ဖက်​နဲ့ သူ့​မေး​စေ့ကို ကိုင်​လိုက်ရင်း

"​မေးခွန်းတစ်​ခုက ယွမ်​တစ်​ရာတန်​တယ်​. မင်း ​မေးချင်​​သေးလား?"

ဝေရီဝမ်​ : "နင်​​ကော ခင်​ဗျား အိမ်​က ဆိုမာလီက များလား? မ​မေး​တော့ဘူး!"

ဒီလိုနဲ့ ပြသာနာက လွယ်​လွယ်​နဲ့ ​ဖြေရှင်းပြီးသွားတယ်​.၀မ်​ကွမ်းနင်​ အိမ်​ပြန်​​ရောက်​​တော့ ကျန်းလင်​ရိက ​ရေမိုးချိုးပြီး​ ည၀တ်​အင်္ကျီအသစ်​ကို ၀တ်​ကာဧည့်​ခန်းထဲမှာ ​စောင့်​​နေတယ်​.

ပြောချင်​တာက ဒါမဟုတ်​ဘူး. ​ပြောချင်​တာက __

ဘာလို့သူ့ရဲ့ ည၀တ်​အင်္ကျီအသစ်​က ကြယ်​ပွင့်​ ပုံစံဖြစ်​​နေရတာလဲ!

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)On viuen les histories. Descobreix ara