အပိုင်း ၁၄ မင်း အရှက်​မရှိတဲ့​ကောင်​ ငါရှိုရှိုကို မြန်​မြန်​လွှတ်​လိုက်​စမ်း

12.2K 1.8K 102
                                    

((Zawgyi))

အပိုင်း ၁၄
မင်း အရှက်​မရှိတဲ့​ကောင်​ ငါရှိုရှိုကို  မြန်​မြန်​လွှတ်​လိုက်​စမ်း

၁၁ရက်​​မြောက်​​နေ့ | တစ်​​ယောက်​​နေမ​ကောင်းတဲ့ အချိန်​ (သို့မဟုတ်​) လမ်း​ပျောက်​​နေတဲ့ အချိန်​​တွေမှာ တစ်​​ယောက်​ကို တစ်​​ယောက်​အား​ပေးမယ်

၁၁ရက်​​မြောက်​​နေ့ | တစ်​​ယောက်​​နေမ​ကောင်းတဲ့ အချိန်​ (သို့မဟုတ်​) လမ်း​ပျောက်​​နေတဲ့ အချိန်​​တွေမှာ တစ်​​ယောက်​ကို တစ်​​ယောက်​အား​ပေးမယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကျန်းလင်​ရိ ၀မ်​ကွမ်းနင်​တစ်​ခုခုနဲ့ ပတ်​သတ်​ပြီး မူမမှန်​ဖြစ်​​နေတာသတိထားမိတယ်​. ၀မ်​ကွမ်းနင်​က ဥာဏ်​ရည်​မြင့်​မား​ပေမယ့်​ ပါရမီရှင်​ဥာဏ်​ကြီးရှင်​တစ်​​ယောက်​​တော့ မဟုတ်​ဘူးဆိုတာ ကျန်းလင်​ရိသိတယ်​. အဲ့အစား ၀မ်​ကွမ်းနင်​ဟာ စာကျက်​အားသန်​တဲ့ God of Study တစ်​​ယောက်​သာဖြစ်​တယ်​. သူ့အ​​နေနဲ့ ပုံမှန်​အားဖြင့်​ စာအ​တော်​ဆုံး​ကျောင်းသားဖြစ်​ဖို့ အားစိုက်​ထုတ်​ပြီး ကြိုးစားရမှာပဲ

အဲ့ဒါ​ကြောင့်​ ၀မ်​ကွမ်းနင်​ဟာ အမြဲလိုလို နှစ်​ကုန်​စာ​မေးပွဲအတွက်​ စာကျက်​ဖို့ စိတ်​အားထက်​သန်​သူဖြစ်​တယ်​. ဒါ​ပေမယ့်​ ဒီ​နေ့​တော့ သူ စာကြည့်​တိုက်​သွားဖို့ ​ခေါ်တာကို ၀မ်​ကွမ်းနင်​ဘက်​က တကယ့်​ကြီး ငြင်းဆန်​လိုက်​တယ်​. အဲ့ကတည်းက တခုခုမူမမှန်​ဖြစ်​​နေတာ ​သေချာပြီ

ဒါနဲ့ ကျန်းလင်​ရိဟာ ဘ၀မှာ ပထမဆုံးအ​နေနဲ့ မနက်​​စော​စောထကာ ၀မ်​ကွမ်းနင်​ အ​ဆောင်​ဆီ​ပြေးသွားတယ်​. ​နောက်​ဆုံး​တော့ သူ စန်းစစ်​ရန်​ ဆီက ထိတ်​လန့်​ဖွယ်​သတင်းတစ်​ခု ကြားခဲ့တယ်

ဝမ်​ကွမ်းနင်​ မ​နေ့ညက လုံးဝ အ​ဆောင်​ပြန်​မလာဘူး!

မ​နေ့က သူနဲ့ ၀မ်​ကွမ်းနင်​ ​ကျောင်းကိုပြန်​​ရောက်​​တော့ မှတ်​မှတ်​ရရ အ​ဆောင်​​လှေကား​အောက်​မှာ လမ်းခွဲသွားတာ. မဟုတ်​မှလွဲ​ရော မ​နေ့ကသူတို့ လူချင်းခွဲ​ပြီးမှ ၀မ်​ကွမ်းနင် အ​ဆောင်​က​နေ ထပ်​ပြီး ထွက်​သွားတာလား?

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now