အပိုင်း ၅၇ ငါ မင်းတို့ကို သ​ဘောမတူဘူး!

11.1K 1.5K 121
                                    

((Zawgyi))

အပိုင်း ၅၇
ငါ မင်းတို့ကို သ​ဘောမတူဘူး!

ဖူမာအိုခါအိစိရဲ့ ကုန်​စည်​ပြပွဲဟာ သုံးရက်​တာကြာမြင့်​ခဲ့တယ်​. ပြပွဲ ပထမဆုံးရက်​မှာ ၀မ်​ကွမ်းနင်​နဲ့ ကျန်းလင်​ရိတို့ရဲ့ အချစ်​​ရေးသတင်းကြီး​ ၀က်​၀က်​ကွဲ​ပေါ်ထွက်​လာပြီးတဲ့​နောက်​ ​နောက်​နှစ်​ရက်​အတွင်း ပြပွဲဆီလာ​ရောက်​တဲ့ လူအ​ရေအတွက်က တစ်​ဟုန်​ထိုး တိုးတက်​သွား​တော့တယ်

လူ​တွေအားလုံးက ၀မ်​ကွမ်းနင်​နဲ့ ကျန်းလင်​ရိလို ဂုဏ်​သ​ရေရှိလူ​နှစ်​​ယောက်​ရဲ့ အချစ်​​ရေးသတင်းအ​ပေါ် ထင်​မြင်​ချက်​​အမြင်​​တွေ မ​ရေမရာဖြစ်​​နေ​ပေမယ့်​ အများစုက​တော့ သူတို့အ​ပေါ် ​ထောက်​ခံ ​ကောင်းချီး​ပေးခဲ့ကြတယ်

နောက်ပြီး ​ပြပွဲလာတဲ့ ကားလမ်း​တွေ ပိတ်​ဆို့ရခြင်းနဲ့ တိုက်​ရိုက်​အချိုးကျပတ်​သတ်​​နေတာက​တော့ ဆက်​တိုက်​တိုးပွားလာ​နေတဲ့ အမှာစာစာရင်း​တွေပဲဖြစ်​တယ်​. ဒီသုံးရက်​တိုင်​တိုင်​ကြာမြင့်​တဲ့ ပြပွဲအပြီးမှာ​ ဖူမာအိုခါအိစိ လက်​ခံရရှိခဲ့တဲ့ ကုန်ပစ္စည်း ​​အမှာစာ​တွေဟာ မူလ​မျှော်​မှန်းထားတာထက်​​ နှစ်​ဆတက်​သွား​တော့တယ်​.

ထို့အပြင်​ ဖူမာအိုခါအိစိ ​ဈေးကွက်​စီးပွား​ရေးဋ္ဌာနတစ်​ခုလုံးရဲ့ အ​နေအထားဟာလည်း မြင့်တက်​လို့လာတယ်​. ဒီ​တော့ အ​ခြေခံအားဖြင့်​​ပြောရရင်​ အဲ့ကလူတိုင်းဟာ ​နောက်​တစ်​​ခေါက်​ လစာညှိနှိုင်းတဲ့ အစီအစဉ်​မှာ ​သေချာ​ပေါက်​ပါဝင်​မယ်​လို့​ပြောလို့ရတယ်​ (လစာတိုး​လောက်​တယ်​လို့ ​ပြောချင်​တာ)

သိပ်​မကြာလိုက်​ဘူး စီးပွား​ရေး​လောကမှာ သတင်းတစ်​ခုထွက်​လာတယ်​. ရွှီ​ကော​ကွေ့ဟာ DM China က​နေ အလုပ်​ထွက်​ပြီး ကိုယ်​ပိုင်​စီးပွား​ရေးလုပ်​ငန်းလုပ်​တဲ့ ကုမ္ပဏီ​သေး​သေး​လေးတစ်​ခုမှာ ​ဈေးကွက်​စီးပွား​ရေး ဒါရိုက်​တာဖြစ်​လာတယ်​__ ရာထူးအရ​ တစ်​ဆင့်​မြင့်​သွား​ပေမယ့်​ လစာက​တော့ အရင်​ကထက်​ပိုပြီးနည်းတယ်​. တကယ်​တမ်းဘာ​တွေဖြစ်​ပျက်​ခဲ့သလဲဆိုတာ​ကို ဘယ်သူ​တစ်​​ယောက်​ကမှ ​ရေ​ရေရာရာမသိ​ပေမယ့်​ ဒီစီးပွား​ရေး​လောကမှာ ကျင်​လည်​​ရင်းနှီး​နေတဲ့ မည်​သူမဆိုက​တော့ ခန့်​မှန်းကြည့်​လို့ရတယ်​. ရွှီ​ကော​ကွေ့က သူ့ဘက်​ကစပြီး DM China ထံနှုတ်​ထွက်​စာတင်​ခဲ့တယ်​ ဒါ​ပေမယ့်​ တကယ်​တမ်းကျ DM China က သူ့ကို အလုပ်​ဖြုတ်​ပစ်​ခဲ့တာပဲဖြစ်​တယ်​. ရွှီ​ကော​ကွေ့ဟာ ဖူမာအိုခါအိစိရဲ့ ကုန်​စည်​ပြပွဲမှာ ကြီးကြီးမားမား ပွဲဆူ​အောင်​လုပ်​ခဲ့တာ​ကြောင့်​ သူ့ရဲ့အကျင့်​စာရိတ္တဟာ အလွန်​သံသယ၀င်​စရာဖြစ်​ခဲ့တယ်​. DM China ဟာ နဂိုတည်းက ဖူမာအိုခါအိစိကို ​ဈေးကွက်​ခွဲ​ဝေ​ပေးလိုက်​ရလို့ စိတ်​အ​နှောင့်​အယှက်​ ဖြစ်​​နေခဲ့တယ်​. (မှတ်​မိကြလား​တော့မသိဘူး. ၀မ်​ကွမ်းနင်​ ​ဟောင်​​ကောင်​မသွားခင်​တုန်းက ကျန်းလင်​ရိ ၀မ်​ကွမ်းနင်​ဆီ လွှတ်​လိုက်​တဲ့ ဟိုနှစ်​​ယောက်​က DM China ရဲ့ ​ဖောက်​သည်​​တွေကို ​ခေါ်​ပေးလိုက်​လို့ market ကွဲသွားတာ) အခု​တော့ နာမည်​ဆိုးထွက်​​နေတဲ့ ​ဈေးကွက်​စီးပွား​ရေးမန်​​နေဂျာတစ်​​ယောက်​ပါ တိုးလာခဲ့ပြီး သူ့ရဲ့ ဂုဏ်​သတင်းဟာ စီးပွား​ရေး​လောကမှာ ​မေးခွန်းထုတ်​စရာဖြစ်​လာခဲ့ပြီ.
ရွှီ​ကော​ကွေ့ရဲ့ တရားမ၀င်​စွာ လက်​​အောက်​ငယ်​သား​တွေကို လစာတိုး​ပေးခြင်းဟာ ကုမ္ပဏီရဲ့ အတွင်းပိုင်း သက်​သာ​ချောင်​ချိ​ရေး စည်းကမ်းချက်​​တွေကို များစွာ​ကျော်​လွန်​​နေတယ်​. ဒါ​ကြောင့်​ ဋ္ဌာနချုပ်​အ​နေနဲ့ သူ့ကို ဒီကုမ္ပဏီမှာ ဆက်​ပြီး​နေခွင့်​​ပေးဖို့ဆိုတာ လုံးဝမဖြစ်​​နိုင်​​တော့ဘူး. စီးပွား​ရေး​လောကဆိုတာ ဒီလိုပဲ. ကုမ္ပဏီက လူတစ်​​ယောက်​ကို အထူးသဖြင့်​ ရွှီ​ကော​ကွေ့လို ရာထူးမနိမ့်​တဲ့ သူမျိုးကို အလုပ်​ကထုတ်​ပစ်​ချင်​တယ်​ဆိုရင်​ အရင်​ဆုံး သူတို့ဟာ ညှိနှိုင်းကြည့်​ဖို့ ကြိုးစားမယ်​. ပြီး​တော့ နစ်​နာ​ကြေးအ​မြောက်​အမြား​မ​ပေးရဖို့အ​ရေး တစ်​ဖက်​သူကို သူ့ဘက်​ကစပြီး အလုပ်​ထွက်​​စေတယ်​. ရွှီ​ကော​ကွေ့ လစာနှစ်​ဆ​ပေးခဲ့လို့ ဖူမာအိုခါအိစိက​နေ အဲ့ဘက်​ကို ခုန်​ကူးသွားတဲ့ ​ကော်​မရှင်​နာဟာလည်း သိပ်​မကြာခင်​မှာပဲ အလုပ်​ထွက်​ခဲ့တယ်​. အဲ့ဒီ​နောက်​မှာ​တော့ DM China ဟာ သူ့ရဲ့ တရုတ်​ပြည်​​တောင်​ပိုင်း ​ဈေးကွက်​စီးပွား​ရေးဋ္ဌာနကို ပြန်​လည်​ဖွဲ့စည်းခဲ့တယ်​.

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Donde viven las historias. Descúbrelo ahora