အပိုင်း၁၀ အ​အေးတစ်​ခွက်​ထဲကို တူတူ​သောက်​မယ်​,မင်းတံ​တွေး​တော့မ​ထွေးထားဘူးမလား

13.6K 1.9K 88
                                    

((Zawgyi))

အပိုင်း ၁၀
အ​အေးတစ်​ခွက်​တည်း​​ကို အတူတူ​သောက်​မယ်​, မင်းတံ​တွေး​တော့ မ​ထွေးထည့်​ထားပါဘူး​နော်​?

ခုနစ်​ရက်​​မြောက်​​နေ့ | အ​အေးတစ်​ခွက်​တည်းကို နှစ်​​ယောက်​အတူတူ​သောက်​ကြရန်​ ပြီး​တော့ သူဘာစားရတာကို ကြိုက်​တယ် မကြိုက်​ဘူး ဆိုတာ တစ်​​ယောက်​အကြိုက်​ကို တစ်​​ယောက်​ မှတ်​သားကြရန်

ရှိုရှို ဒီကသခင်​​လေး မနက်​ဖြန်​ကျရင်​ စာကြည့်​တိုက်​က ​ကော်​ဖီဆိုင်​မှာ မင်းနဲ့ စာအတူတူကျက်​ဖို့ ဖိတ်​​ခေါ်ပါရ​စေ

ဖိတ်​​ခေါ်မှုကို ငြင်းဆိုပါတယ်

မင်းရဲ့ ငြင်းဆိုမှုက တရားမ၀င်​ပါဘူး မနက်​ဖြန်​​နေ့လည်​ ၃နာရီ ဒီကသခင်​​လေးက အချစ်​ဦးလို ခံစားချက်​​​တွေနဲ့ ပြည့်​​နေတဲ့ အရသာရှိတဲ့ အ​အေးတစ်​ခွက်​ မှာ​ပေးထားမယ်​ ငါနဲ့ အတူတူ လာ​သောက်​လှည့်​ပါ

Blue sky တစ်​ခွက်​ပဲ မှာ​ပေးပါ ​ကျေးဇူးပဲ

အာ, ငါတို့ အိမ်​က ရှိုရှို​လေးက ဒီလို ဘလူးဘယ်​ရီအရသာ အ​အေးမျိုးကို ကြိုက်​တာကိုး အဲဒါများ ​စော​စောက​ပြော​ရော​ပေါ့. ကဲ ဒါဆိုလဲ!

သွားစမ်းပါ

နောက်​ဆုံး မက်​​ဆေ့တစ်​​စောင်​ပို့လိုက်​ပြီး​နောက်​ ၀မ်​ကွမ်းနင်​ ဖုန်ပိတ်​ကာ အိပ်​ရာဝင်​သွား​တော့တယ်

ဝမ်​ကွမ်းနင်​ရဲ့ ပြန်​စာကို ဖတ်​ပြီး ကျန်းလင်​ရိ အူမြူး​နေတယ်​ သူဘာဖြစ်​လိုများ အရင်​က ၀မ်​ကွမ်းနင်​ကို စိတ်​ကြီးဝင်​ ဘ၀င်​မြင့်​​နေတဲ့သူလို့ ထင်​ခဲ့ရတာလဲ? သူက ဒီ​လောက်​ စိတ်​​ပျော်​ရွှင်​​အောင်​ လုပ်​နိုင်​တဲ့ဟာ!

ကျန်းလင်​ရိ ရွှင်​မြူးစွာ ပြုံးလိုက်​တယ်
အဲ့ချိန်​မှာ လျိုကျီဝိုက်​ဆီက​နေ့ မက်​​ဆေ့တစ်​​စောင်​ ၀င်​လာတယ်

လင်းရိ မနက်​ဖြန်​မနက်​ စာကြည့်​တိုက်​ကို တူတူသွားကြမလား?

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now